Sunday, July 27, 2025

ဟုမ္မလင်းမြို့တွင် သဲဖြူဆရာတော်ကြီး၏ စက္ခုဒါနအလှူတော် ပြုလုပ်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့ရှိ ကုတင် ၁၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးတွင် သဲဖြူတောရဓမ္မရိပ်သာဆရာတော်ကြီးဦးဆောင်၍ ပေါက္ကံဖောင်ဒေးရှင်းမှ ဟုမ္မလင်းမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအတွက် စက္ခုဒါနအလှူတော်ကို ယနေ့ ဇူလိုင် ၂၆...

နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) များအားUID ထုတ်ပေးရေးအတွက်...

ပင်စင်ထုတ်ယူမှုဆိုင်ရာ လူပုဂ္ဂိုလ်စိစစ်မှုများကို တိကျမှန်ကန်စေရန်အတွက် မြန်မာ့စီးပွားရေးဘဏ်၏ Centralize e-pension စနစ်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ e-ID စနစ်တို့ကို ချိတ်ဆက်ကာ UID နံပါတ်များ...

တရုတ်နိုင်ငံသား(၁)ဦးအပါအဝင် ပြည်ပနိုင်ငံသား (၂၂)ဦးကို ထပ်မံစစ်ဆေးထိန်းသိမ်း

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာပြီး အွန်လိုင်းလောင်းကစားမှုနှင့် အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား(၁)ဦးအပါအဝင် ပြည်ပနိုင်ငံသား(၂၂)ဦးကို ယနေ့ ဇူလိုင် ၂၆ ရက်က ထပ်မံဖော်ထုတ်ထိန်း သိမ်းနိုင်ခဲ့ကြောင်း...

အမှတ်(၄)ခရိုင်ပတ်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ၅၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်

အမှတ်(၄)ခရိုင်ပတ်လမ်းဖြစ်သည့် မြင်းခြံကုန်း - ခံတက္ကုန်း - နှမ်းခင်း - ရွှေစေတီလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ၅၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်းကျောက်ဆည်ခရိုင်၊မြစ်သားမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့...
HomeNewsLocal Newsချင်းတိုင်းရင်းသားဖိုက်တာ ဂျော့ရှုဝါဗန် UFC...

ချင်းတိုင်းရင်းသားဖိုက်တာ ဂျော့ရှုဝါဗန် UFC ဖလိုင်းဝိတ်အဆင့် (၁)ရှိ ဘရန်ဒန်ရိုဗာဖြင့် ထိုးသ-တ်မည်

အမေရိကန်နိုင်ငံ၊ နီးဗားဒါးပြည်နယ် လက်ဗီးဂက်စ်မြို့ T-Mobile Arena ၌ ဇွန်၂၈ ရက် ဒေသစံတော်ချိန် ည ၇ နာရီ (မြန်မာစံတော်ချိန် ဇွန် ၂၉ ရက် မနက်ပိုင်း)တွင် ကျင်းပပြုလုပ်မည့် UFC 317 ပွဲစဉ်၌ ချင်းတိုင်းရင်းသားဖိုက်တာ ဂျော့ရှုဝါဗန်နှင့် UFC ဖလိုင်းဝိတ်အဆင့် (၁) ရှိ ဘရန်ဒန်ရိုဗာတို့ ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်သည်။

ယခုပွဲစဥ်တွင် UFC Number Events ရှေ့ထွက်တွဲဆိုင်း (Prelims Card)နေရာ၌ ထိုးသတ်ခဲ့ရသည့် ဂျော့ရှုဝါဗန်အနေဖြင့် ခေါင်တွဲဆိုင်း(Main Card)တွင် ပါဝင်ထိုးသတ်ခွင့် ရထားခြင်းဖြစ်သည်။

ပြိုင်ဘက် အမေရိကန်နိုင်ငံသား အသက် ၃၂ နှစ်အရွယ် ဘရန်ဒန်ရိုဗာသည် ဖလိုင်းဝိတ်ချန်ပီယံ အလက်ဇန်ဒရီ ပန်တိုဟာဖြင့် UFC 296 ပွဲစဉ်၌ ခါးပတ်လုခဲ့ဖူးပြီး အမှတ်ဖြင့်ရှုံးနိမ့်ထားကာ UFC မှာ ၁၀ ပွဲကစား ၇ ပွဲနိုင် ၃ ပွဲ ရှုံးနိမ့်ထားသူဖြစ်သည်။

UFC 317 ပွဲစဉ်၌ ဖလိုင်းဝိတ် အဆင့် (၁) နေရာက ဘရန်ဒန်ရိုဗာနှင့် အဆင့် ၆ နေရာက မာနယ်ကပ်တို့ ထိုးသ-တ်ရမည်ဖြစ်သော်လည်း မာနယ်ကပ်မှာ ဒဏ်ရာကြောင့်နုတ်ထွက်သွားခြင်းကြောင့် ဂျော့ရှုဝါဗန်က အစားထိုးဝင်ရောက် ထိုးသ-တ်ရခြင်းဖြစ်သည်။

မြန်မာပြည်ဖွား ချင်းလူငယ်ဖိုက်တာ ဂျော့ရှုဝါဗန်သည် ပြီးခဲ့သည့် ဇွန် ၇ ရက် UFC 316 ပွဲစဉ်အတွင်း ဖလိုင်းဝိတ် အဆင့် ၁၂ ရှိ ဘရူနိုဆေးလ်ဗားကို အလဲထိုးဖြင့် အနိုင်ရရှိခဲ့ပြီး ၄ ပွဲဆက် အနိုင်ရယူထားသူဖြစ်ကာ UFC ၌ ၈ ပွဲကစား ၇ ပွဲနိုင် ၁ ပွဲရှုံး မှတ်တမ်းဝင်ထားသူဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဟုမ္မလင်းမြို့တွင် သဲဖြူဆရာတော်ကြီး၏ စက္ခုဒါနအလှူတော် ပြုလုပ်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့ရှိ ကုတင် ၁၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးတွင် သဲဖြူတောရဓမ္မရိပ်သာဆရာတော်ကြီးဦးဆောင်၍ ပေါက္ကံဖောင်ဒေးရှင်းမှ ဟုမ္မလင်းမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအတွက် စက္ခုဒါနအလှူတော်ကို ယနေ့ ဇူလိုင် ၂၆ ရက်နံနက်ပိုင်းကပြုလုပ်ခဲ့ကြသည်။ ထိုသို့ စမ်းသပ်စစ်ဆေးကုသပေးနေမှုကို သဲဖြူတောရဆရာတော်ကြီး၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တာဝန်ရှိသူများကကြည့်ရှု၍ မျက်စိဝေဒနာရှင်များအား နံနက်စာအအေးနှင့် မုန့်များပေးအပ်ပြီး အားပေးစကားပြောကြားခဲ့ကြသည်။ ထို့ပြင် သဲဖြူဆရာတော်ကြီးနှင့် တိုင်းဝန်ကြီးချုပ်တို့သည် စမ်းသပ်စစ်ဆေးကုသပေးနေသည့် မျက်စိပါရဂူဆရာဝန်ကြီးများ၊ ဆရာဝန်များနှင့် သူနာပြုများအားဂုဏ်ပြုငွေများပေးအပ်ပြီး မျက်စိခွဲစိတ်ပြီးလူနာများအား နေကာမျက်မှန်များနှင့် ဆေးများပေးအပ်ပြီး မျက်စိအကြီးစားခွဲစိတ်နေမှုကိုကြည်ရှုခဲ့ကြသည်။ အဆိုပါ စက္ခုဒါနအလှူတော်အား ယနေ့ ဇူလိုင် ၂၆ ရက်မှ ဇူလိုင်...

နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) များအားUID ထုတ်ပေးရေးအတွက် မြန်မာ့စီးပွားရေးဘဏ်နှင့် လဝကတို့ ပူးပေါင်းလုပ်ဆောင်နေ

ပင်စင်ထုတ်ယူမှုဆိုင်ရာ လူပုဂ္ဂိုလ်စိစစ်မှုများကို တိကျမှန်ကန်စေရန်အတွက် မြန်မာ့စီးပွားရေးဘဏ်၏ Centralize e-pension စနစ်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ e-ID စနစ်တို့ကို ချိတ်ဆက်ကာ UID နံပါတ်များ ထုတ်ပေးနေခြင်းလည်း ဖြစ်သည်။ ထိုသိူ့ထုတ်ပေးရာတွင် အထူးသဖြင့် အသက်အရွယ်ကြီးပြီဖြစ်သည့်အဖိုးအဖွားများ၊ သွားလာခက်ခဲသူများအတွက် အိမ်တိုင်ရာရောက် (Home Service) ဖြင့် UID လုပ်ငန်းကိုအဆင်ပြေဆုံးအောင် ဆောင်ရွက်ပေးနေကြောင်းလည်း သိရသည်။ ထို့အပြင် မြို့နယ်အလိုက် မြန်မာ့စီးပွားရေးဘဏ်များတွင် One-Stop Service ဖြင့် UID လျှောက်ထားမှုကို ဆောင်ရွက်ပေးနေကာ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက သက်ဆိုင်ရာဘဏ်များတွင် တိုက်ရိုက်ဝင်ရောက်ကာ Biographic...

တရုတ်နိုင်ငံသား(၁)ဦးအပါအဝင် ပြည်ပနိုင်ငံသား (၂၂)ဦးကို ထပ်မံစစ်ဆေးထိန်းသိမ်း

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာပြီး အွန်လိုင်းလောင်းကစားမှုနှင့် အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် တရုတ်နိုင်ငံသား(၁)ဦးအပါအဝင် ပြည်ပနိုင်ငံသား(၂၂)ဦးကို ယနေ့ ဇူလိုင် ၂၆ ရက်က ထပ်မံဖော်ထုတ်ထိန်း သိမ်းနိုင်ခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံသား(၁)ဦး၊ ဖိလစ်ပိုင်နိုင်ငံသား(၁၉)ဦး ၊ အီသီယိုးပီးယားနိုင်ငံသား(၁)ဦးနှင့် အိန္ဒိယနိုင်ငံသား(၁)ဦး (စုစုပေါင်း ၂၂ ဦး)ကိုဖော်ထုတ်ထိန်း သိမ်းနိုင်ခဲ့ခြင်းဖြစ်ကာ သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံးပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရန်လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများကိုစာရင်းကောက်ယူခဲ့ကြကြောင်း သိရသည်။ ၂ဝ၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ဇူလိုင် ၂၆ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား(၉,၃၂၁)ဦးကိုစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက် (၉,၀၆၀)ဦးကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071