
သဘင်မင်းသမီးဝင်းသပြေထွန်းက ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ဗယ်လ် လင်တိုင်းနေ့မှာတော့ အကတိုက်ရင်းဖြတ်သန်းဖြစ်မှာပါလို့ ဆိုပါတယ်။ သူက တော့ အချစ်ရေးနဲ့ပတ်သက်ပြီး တည်ငြိမ်လွန်းသူလို့ဆိုရမှာဖြစ်ပြီး လက်ရှိမှာလည်း ချစ်သူမရှိဘဲ တစ်ယောက်တည်းပဲနေဖြစ်နေတဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်။ ငယ်စဉ်ကတော့ အသည်းကွဲခဲ့ဖူးပါတယ်ဆိုတဲ့ ဝင်းသပြေထွန်းက …
”အချစ်နဲ့ပတ်သက်ပြီးတော့ အများကြီးတော့မပြောပြတတ်ဘူး။ ဒါပေမဲ့ ညီမကရစ်တတ်တယ်။ သဝန်တိုတယ်။ ဘာမှမဟုတ်တာလေးနဲ့လည်းလိုက်ပြီး တော့ ရစ်တော့ခံနိုင်မယ်မထင်ဘူးလေ။ ညီမရဲ့ အဲဒီဒဏ်ကိုတော့ ခံနိုင်မယ်မထင် ဘူး။ ကိုယ့်ဒဏ်ခံနိုင်မယ့်သူရှိမှ မရှိတာပဲလေ။ ဒါကြောင့်လည်းတစ်ယောက်တည်း နေဖြစ်တာ။ ပြီးတော့ တစ်ယောက်တည်းနေရတာပိုကောင်းပါတယ်”လို့ ပြောပါ တယ်။ တစ်ယောက်တည်းနေဖြစ်ပေမယ့် ဗယ်လ်လင်းတိုင်းဒေးနေ့ရောက်ရင် တော့ စုံတွဲတွေအင်္ကျီဆင်တူလေးတွေဝတ်ပြီး ဓါတ်ပုံရိုက်ကြတာမျိုးတွေမြင်ရင် တော့ သူ့အနေနဲ့အား ကျစိတ်တော့ဖြစ်မိတယ်လို့ သူက ပြောပါတယ်။
”အဲဒီနေ့ရောက်ရင် ပန်းစည်းတွေဘာတွေပေးပြီး တစ်အားရိုမန်းတစ်ဖြစ် ကြတာလေ။ အဲဒါမျိုးကြရင် ကိုယ်လည်းအဲဒီလိုမျိုးရိုမန်းတစ်ဖြစ်ချင်တယ်။ ကိုယ် လည်းခံစားဖူးချင်တယ်ပေါ့။ ကိုယ့်ကိုဘယ်သူကများ အဲဒီလိုပေးမလဲပေါ့။ ဒါပေမဲ့ ဘယ်သူမှ အဲဒီလိုမျိုးပေးမယ့်လူမရှိတာ ခက်တယ်။ (ရယ်လျက်)တစ်ခါတစ် လေကျရင်စဉ်းစားတယ်။ သူငယ်ချင်းတွေနဲ့အတူ ဆင်တူအင်္ကျီလေးတွေ ဝတ်ပြီး ဓါတ်ပုံလေးတွေ ရိုက်ကြမလားပေါ့။ အဲဒီလိုမျိုးတော့ ဓါတ်ပုံရိုက်ချင်တယ်”လို့ ဝင်းသပြေထွန်းက ပြောပါတယ်။ ဗယ်လ်လင်းတိုင်းဒေးရောက်ရင်တော့ ပရိသတ် တွေ ကသူ့ကို နှင်းဆီပန်းတွေနဲ့ ချောကလက်တွေပို့ပေးကြတာမျိုးတွေရှိပြီး ချစ်သူ အနေနဲ့ ပန်းစည်းပေးတာချောကလက်ပေးတာမျိုးတော့မရှိပါဘူးလို့ သူကဆိုပါ တယ်။
”ဗယ်လင်တိုင်းဒေးနေ့ရယ်လို့ မဟုတ်ပါဘူး။ ချစ်သူခင်သူတွေအ တွက်က တော့ နေ့တိုင်းကတော့ ဗယ်လင်တိုင်းဒေးပါပဲ။ အဲဒီ့နေ့ ရောက်မှတစ်အားချစ်ပြပြီး တစ်ခြားနေ့တွေမှာမချစ်ရင်လည်းအပိုပဲလေ” လို့ သူ့ရဲ့အမြင်ကိုပြောပြပါတယ်။ ဝင်းသပြေထွန်းက လက်ရှိမှာတော့ ဒီဇိုင်နာသင်တန်းတက်နေပြီး ကိုယ့်ထွင်တဲ့ ဒီဇိုင်းလေးတွေကို ကိုယ်ပြန်ဝတ်ချင်တာရယ် ကိုယ့်ဒီဇိုင်းလေးတွေကို ထုတ်ချင် တာရယ်ကြောင့် သင်တန်းတက်ဖြစ်ခြင်းဖြစ်တယ်လို့ သူက ပြောပါတယ်။
လင်းအက္ခရာ
