အောင်ရဲလင်းက လက်ရှိမှာတော့ နာမည်ကြီး Beauty Blogger တစ်ဦးနဲ့ ချစ်သူတွေ ဖြစ်နေကြတယ်လို့ သိရပါတယ်။ သူတို့နှစ်ဦး တစ် ယောက် နဲ့တစ်ယောက် အမြဲတမ်းကောင်း တိုင်ပင်၊ ဆိုးတိုင်ပင်ရှိကြပုံကို အောင်ရဲလင်းက
“တစ်ယောက် နဲ့တစ်ယောက် ကတော့ ကောင်းတိုင်ပင်၊ ဆိုးတိုင်ပင်ပါပဲ။ ကျွန်တော်က သူ့ရဲ့အလုပ်တွေလည်း အများကြီး မကျွမ်းကျင်ပါဘူး။ ကျွန်တော် သိသလောက်လေး တော့ Share တယ်။ သူလည်း ကျွန်တော့် အလုပ် တွေ အများကြီး မကျွမ်းကျင်ပါဘူး။ သူသိသလောက် ကျွန်တော့်ကို Share တယ်။ ဒါပေမဲ့ ဆုံးဖြတ်တာက သူ့ဆုံးဖြတ်ချက်နဲ့သူ၊ ကျွန်တော့် ဆုံးဖြတ်ချက် နဲ့ကျွန်တော်။ ဒါပေမဲ့ အကြံပြုတာလေးတော့ ရှိတယ်”လို့ ပြောပါတယ်။
ချစ်သူရှိပေမယ့် အိမ်ထောင်ပြုဖို့ ကတော့ အများကြီး လိုသေးကြောင်း လည်း အောင်ရဲလင်းက ပြောပါတယ်။
“အများကြီး လိုပါသေးတယ်။ ကျွန်တော့် အနေနဲ့ ခံယူထားတာ တစ်ခုက တော့ အိမ်ထောင်ပြုမယ့် ကံပါရင် ပြုမှာပေါ့။ အဲဒီလိုပဲ ခံယူ ထားပါတယ်။ အများကြီး မတွေးထားဘူး။ အဓိကကတော့ ကျွန်တော်သည် လူသားတစ် ယောက်ဖြစ်တယ်။ ဒါကြောင့် အချစ်ရေးနဲ့ ပတ်သက်မှုလည်း ရှိတယ်။ အားလုံး လည်း သိပြီးသားဖြစ်မှာပါ။ ကျွန်တော် ထွေထွေ ထူးထူးပြောစရာ မလိုပါဘူး။ ကျွန်တော် ခံယူထား တာ တစ်ခုက အိမ်ထောင်ပြုရမယ့် ကံပါရင်ပြုမယ်။ ဘယ်လောက်ပဲ ချစ်ချစ် ဖူးစာမပါရင် ဘာမှပြောလို့မရဘူး။ ဘယ်လောက်ပဲ မချစ်ပေမယ့် ဖူးစာပါရင် ညားတာပဲဆိုတော့ ယုံကြည်ရာ တစ်ခုက ဖူးစာပဲ။ ဖူးစာပါရင် တစ်ယောက်ယောက် နဲ့တော့ အိမ်ထောင်ပြု ရမယ်” လို့ ပြောပါ တယ်။
တွယ်တာ၊
ဓာတ်ပုံ-အောင်ရဲလင်း facebook