Sunday, May 18, 2025

ပထမအကြိမ် အာဆီယံ ဒူးရင်းပွဲတော်တွက် မြန်မာပါဝင်ရန်...

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပေကျင်းမြို့ရှိ အာဆီယံ - တရုတ်စင်တာ (ASEAN-China Centre – ACC) မှ ကြီးမှူး၍ ၂၀၂၅...

8647 ဂဏန်းကို လူမှုကွန်ရက်တွင် တင်သဖြင့်...

သမ္မတဒေါ်နယ်ထရမ့်အား ခြိမ်းခြောက်မှုတစ်ခုဟု စွပ်စွဲခဲ့သော လူမှုကွန်ရက်ပို့စ်တစ်ခုနှင့်ပတ်သက်၍ အမေရိကန် ထောက်လှမ်းရေးဗျူရို (FBI) ညွှန်ချုပ်ဟောင်း ဂျိမ်းစ်ကိုမီးအား အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေးဌာန (Secret Service)က စနေနေ့တွင်...

ပထမအကြိမ်ရုရှား-အာရပ်ထိပ်သီးအစည်းအဝေး ပူတင်လက်ခံကျင်းပမည်

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အောက်တိုဘာလ ၁၅ ရက် နေ့တွင် ပထမဆုံးအကြိမ် ရုရှား-အာရပ် ထိပ်သီးအစည်းအဝေးပွဲကို ကျင်းပရန်အတွက် အာရပ်အဖွဲ့ချုပ် အတွင်းရေးမှူးချုပ်နှင့် အဖွဲ့ဝင်နိုင်ငံများမှ...

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ကိစ္စများနှင့်ပတ်သက်သည့်ဖြေရှင်းချက်ကို ထိုင်းတပ်မ​တော်က ထုတ်ပြန်

မေလ ၁၇ ရက်နေ့က ထိုင်းတပ်မ​တော် ​ဒေသ ၂ ကွပ်ကဲ​ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး Boonsin Phadklang က ထိုင်းပိုင်နက် အမှတ်...
HomeNewsLocal Newsခေတ်မီလုံခြုံစိတ်ချရ၍ စွမ်းဆောင်ရည်ပြည့်ဝသည့် ဒီဂျစ်တယ်ငွေပေးချေမှုစနစ်အား...

ခေတ်မီလုံခြုံစိတ်ချရ၍ စွမ်းဆောင်ရည်ပြည့်ဝသည့် ဒီဂျစ်တယ်ငွေပေးချေမှုစနစ်အား ပိုမိုအသုံးပြုလာရန်လုပ်​ဆောင်​လျက်ရှိ

(၇၅)နှစ်မြောက် စိန်ရတုလွပ်လပ်ရေးနေ့ အခမ်းအနားကျင်းပရာနေရာများတွင် ဒီဂျစ်တယ်စနစ်ဖြင့်ပေးချေနိုင်ရန် ဘဏ်များ၊ရောင်းချသူကိုယ်စားငွေကောက်ခံရှင်းလင်းသည့် ဝန်ဆောင်မှုလုပ်ငန်းများကို ဇန်နဝါရီ ၄ ရက်မှစတင်၍ ဇန်နဝါရီ ၈ ရက်(ယနေ့)အထိ ဆောင်ရွက်လျက်ရှိ​နေသည်။

ဗဟိုဘဏ်၏ဦးဆောင်မှုဖြင့် ရောင်းချသူကိုယ်စားငွေကောက်ခံရှင်းလင်းသော ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့် Nature Link Pay Company Limited (Trusty E-Commerce)နှင့် Zego Pay Company Limited (ZegoMoney)တို့မှ (၇၅)နှစ်မြောက် စိန်ရတုလွပ်လပ်ရေးနေ့အထိမ်းအမှတ်ပြပွဲများကျင်းပရာနေရာတွင် ဆောင်ရွက်လျက်ရှိခြင်းဖြစ်သည်။

ဧရာဝတီဘဏ်(AYA Pay)နှင့်မြန်မာနိုင်ငံသားများဘဏ်(Citizen Pay)တို့မှလည်း စိန်ဒေါင်းစတိုး၊ မိုဘိုင်းငွေပေးချေမှုလုပ်ငန်းဆောင်ရွက်နေသည့် ကမ္ဘောဇဘဏ်(KBZPay)၊ ဧရာဝတီဘဏ်(AYA Pay) ၊အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ်(One Pay)၊ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ် (A+Wallet)၊မြန်မာနိုင်ငံသားများဘဏ်(Citizen Pay)၊ CB Bank PCL (CB Pay)၊ uab Bank Limited (uab pay)၊ ရွှေ(ကျေးလက်နှင့်မြို့ပြ)ဖွံ့ ဖြိုးတိုးတက်ရေးဘဏ်(MoMoney)နှင့် Internet Wallet Myanmar Limited (OK$)တို့မှ Junction Center တွင် လက်ဆောင်များပေးခြင်း၊အရောင်းမြှင့်တင်ခြင်း၊ အသုံးပြုမှုဆိုင်ရာအသိပညာပေးခြင်းတို့အား ဆောင်ရွက်လျက်ရှိသည်ဟု ဗဟိုဘဏ်ကအသိပေးခဲ့သည်။

ငွေပေးချေမှုနည်းလမ်းအမျိုးမျိုးဖြင့် အပြန်အလှန်ချိတ်ဆက်ပေးချေနိုင်သည့် ဒီဂျစ်တယ်ငွေပေးချေမှုစနစ်ဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူများ၏ လူမှုရေး၊စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိ​ကြောင်းဗဟိုဘဏ်ကလည်းထုတ်ပြန်ထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပထမအကြိမ် အာဆီယံ ဒူးရင်းပွဲတော်တွက် မြန်မာပါဝင်ရန် ဖိတ်ခေါ်

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ပေကျင်းမြို့ရှိ အာဆီယံ - တရုတ်စင်တာ (ASEAN-China Centre – ACC) မှ ကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ သြဂုတ်လအတွင်း "Bridging Tastes" ခေါင်းစဉ်ဖြင့် ပထမအကြိမ် အာဆီယံ ဒူးရင်းပွဲတော်ကို ကျင်းပမည်ဖြစ်ပြီး မြန်မာမှ ပါဝင်ပြသရန် ဖိတ်ခေါ်ထားသည်။ အာဆီယံအဖွဲ့ဝင် နိုင်ငံများအား ဒူးရင်းသီးနှင့် ဒူးရင်းသီးအခြေခံထုတ်ကုန်များ (သို့မဟုတ်) အခြားစားသောက်ကုန်များကို ပြသရန် ဖိတ်ခေါ်ထားခြင်းသည်။ ACC မှ သက်ဆိုင်ရာ သံရုံးများအတွက် ပြသစင် (Booth) တစ်ခု အခမဲ့...

8647 ဂဏန်းကို လူမှုကွန်ရက်တွင် တင်သဖြင့် FBI ညွှန်ချုပ်ဟောင်းအား ထောက်လှမ်းရေးက ခေါ်စစ်

သမ္မတဒေါ်နယ်ထရမ့်အား ခြိမ်းခြောက်မှုတစ်ခုဟု စွပ်စွဲခဲ့သော လူမှုကွန်ရက်ပို့စ်တစ်ခုနှင့်ပတ်သက်၍ အမေရိကန် ထောက်လှမ်းရေးဗျူရို (FBI) ညွှန်ချုပ်ဟောင်း ဂျိမ်းစ်ကိုမီးအား အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေးဌာန (Secret Service)က စနေနေ့တွင် တွေ့ဆုံခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး ခရစ္စတီ နိုအမ်က ပြောကြားခဲ့သည်။ X (ယခင်က Twitter)၌ ပို့စ်တင်ရာတွင် နိုအမ်က "ဆက်လက်စုံစမ်းစစ်ဆေးနေဆဲ" ဖြစ်ကြောင်း ဖော်ပြခဲ့သော်လည်း ကိုမီးအား နောက်ထပ်အရေးယူမှုများ ခံရနိုင်ခြေရှိမရှိနှင့် ပတ်သက်၍မူ မည်သည့်အချက်အလက်မျှ မဖော်ပြခဲ့ပေ။ အမည်ဖော်ပြလိုခြင်းမရှိသော တရားဥပဒေစိုးမိုးရေးအရာရှိတစ်ဦး၏ အဆိုအရ သမ္မတလုံခြုံရေးတာဝန်ယူထားသည့် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ Secret Service မှ ကိုမီးအား...

ပထမအကြိမ်ရုရှား-အာရပ်ထိပ်သီးအစည်းအဝေး ပူတင်လက်ခံကျင်းပမည်

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် အောက်တိုဘာလ ၁၅ ရက် နေ့တွင် ပထမဆုံးအကြိမ် ရုရှား-အာရပ် ထိပ်သီးအစည်းအဝေးပွဲကို ကျင်းပရန်အတွက် အာရပ်အဖွဲ့ချုပ် အတွင်းရေးမှူးချုပ်နှင့် အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်အားလုံးကို ဖိတ်ကြားခဲ့သည်ဟု ခရမ္မလင်၏ သတင်းထုတ်ပြန်ချက်ကို ကိုးကား၍ ရုရှားသတင်းဌာနများက စနေနေ့တွင် သတင်းရေးသားဖော်ပြခဲ့ကြသည်။ “ဒီအစည်းအဝေးဟာ ကျွန်တော်တို့နိုင်ငံတွေအကြား အပြန်အလှန် အကျိုးရှိသောဘက်စုံပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းစေမယ်ဆိုတာနဲ့ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကမှာ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် နည်းလမ်းရှာဖွေရာမှာ အထောက်အကူဖြစ်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု သတင်းထုတ်ပြန်ချက်တွင် ပူတင်ကပြောကြားထားကြောင်း အင်တာဖက်စ်သတင်းဌာနက ဖော်ပြခဲ့သည်။ အရှေ့အလယ်ပိုင်းနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071