Friday, May 16, 2025

ရုရှားနှင့်စစ်ရေးဆက်ဆံမှုခိုင်မြဲရန်တရုတ်အသင့်ရှိ

ပေကျင်း၊မေ ၁၅ တရုတ်နိုင်ငံအနေဖြင့် ရုရှားနှင့်စစ်ရေးအရဆက်ဆံမှုကို အရှိန်မြှင့်နိုင်ပြီး နှစ်ဘက်အပြန်အလှန်ယုံကြည်မှုခိုင်မာရေးနှင့် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကို ထပ်တိုးနိုင်ရေးအတွက် လက်တွဲလုပ်ဆောင်သွားရန်အသင့်ရှိသည်ဟုပြောကြားခဲ့သည်။ နှစ်နိုင်ငံစစ်ရေးအရ ဆက်ဆံမှုနှင့်ပတ်သက်၍ မီဒီယာများနှင့်တွေ့ဆုံစဉ် ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူသစ် မစ္စတာ...

အစ္စတန်ဘူလ်ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဇယ်လန်းစကီးတက်မည် မဟုတ်

အန်ကာရာ၊မေ ၁၅ အစ္စတန်ဘူလ်၌မကြာခင်ကျင်းပမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ယူကရိန်းသမ္မတဇယ်လန်းစကီးတက် ရောက်မည်မဟုတ်ကြောင်း ၎င်းကပြောကြားခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဦးဆောင်မည့် ကိုယ်စားလှယ်အဖွဲ့ကိုသာစေလွှတ်မည်ဟုလည်း ဆိုခဲ့သည်။ ၎င်းအနေဖြင့် ဆွေးနွေးညှိနှိုင်းရန်ဆန္ဒရှိသော်လည်း ရုရှား၏ရည်ရွယ်ချက်နှင့်ပတ်သက်၍မူ အနည်းငယ်သံသယဖြစ်နေသေးသည်ဟု တုကီယေးသမ္မတနှင့်တွေ့ဆုံပြီးနောက်...

နယ်စပ်နှင့်လေတပ်

မြန်မာလေတပ်သည် ထိုင်းလေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ရန် ရည်ရွယ်ချက်မရှိကြောင်း သောကြာနေ့မွန်းလွဲပိုင်းတွင် လေတပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်အတွင်း မြန်မာ K-8 ဂျက်လေယာဉ်ကို တွေ့ရှိပြီးနောက် မွန်းလွဲ...

​ရေငုပ်သင်္ဘောများနှင့်ပတ်သက်၍ထိုင်းကာကွယ်​ရေးဝန်ကြီး ​ပြောကြားချက်

ထိုင်းအစိုးရသည် တရုတ်နိုင်ငံလုပ် ရေငုပ်သင်္ဘောများကို ဝယ်ယူထားသည့်အတွက် ကျန်ရှိသည့် ငွေများကို ပေးချေရန် တရုတ်သံအမတ်က ထိုင်းအစိုးရထံ အကြိမ်များစွာ တောင်းဆိုထားကြောင်း ကာကွယ်ရေးဝန်ကြီး Phumtham...
HomeNewsLocal Newsခရီးသွားလုပ်ငန်းတွင် ဖြေလျှော့ပေးရန်လိုအပ်သည်များကို ဖြေလျှော့ပေးသွားမည်

ခရီးသွားလုပ်ငန်းတွင် ဖြေလျှော့ပေးရန်လိုအပ်သည်များကို ဖြေလျှော့ပေးသွားမည်

လက်ရှိခရီးသွား​စျေးကွက်တွင် ​ပြည်တွင်းခရီးသွားများဖြင့်ဟော်တယ်အ​သေးများအဆင်​ပြေ​နေ​သော်လည်း ​ဟော်တယ်ကြီးအချို့မှာပိတ်ထားဆဲဖြစ်သည်။အချို့​သော ​ဟော်တယ်ကြီးများက ပွဲများဖြင့်ရပ်​တည်နေရပြီးနိုင်ငံခြားဧည့်သည်ဝင်​ရောက်မှုမှာ အနည်းငယ်သာတိုးတက်လာ​သေးသည်။

ရုရှားနှင့်တရုတ်ခရီးသွားများအတွက်​ဆွဲဆောင်နိုင်မည့်​နေရာများကို အဓိကထားစဥ်းစား​နေ​ကြောင်း ခရီးသွားလုပ်ငန်းရှင်တဦး​ကပြောသည်။ ကိုဗစ်အလွန်တွင် အံ့သြစရာ​ကောင်း​လောက်​အောင်ခရီးသွားလုပ်ငန်း​အောင်မြင်​နေသည့်နိုင်ငံမှာထိုင်းဖြစ်သည်။ထိုသည်ကိုကြည့်ပါက ပြည်ဝင်ခွင့်နှင့်ကိုဗစ်ကန့်သတ်ချက်​ဖြေ​လျော့ထားသည့်မူဝါဒက မည်မျှအ​ရေးပါ​ကြောင်း​တွေ့ရမည်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ခရီးသွားမြှင့်တင်ရေးလုပ်ငန်းအဖွဲ့များနှင့်ညီနောင်အသင်းများမှ ဥက္ကဋ္ဌများ၊အလုပ်အမှုဆောင်များ၊ဟိုတယ်လုပ်ငန်းရှင်များ၊ရန်ကုန်တိုင်းအတွင်းရှိ ဟိုတယ်များနှင့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟိုတယ်များမှ တာဝန်ရှိသူများအား ဖေဖော်ဝါရီ ၂၀ ရက်မွန်းလွဲပိုင်းကတွေ့ဆုံ​ညှိနိူင်းခဲ့ကြ​သေးသည်။

ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းတစ်ရပ်အောင်မြင်အောင်ထိန်းကျောင်းတည့်မတ်ပေးခြင်းသာဖြစ်ပြီး ဖြေလျှော့ပေးရန်လိုအပ်သည်များကို ဖြေလျှော့ပေးသွားမည်ဟုလည်း ပြည်ထောင်စုဝန်ကြီးကပြောသည်။

ပြည်ပခရီးသွားများ တိုးတက်ဝင်ရောက်လာရေးအတွက် လုပ်ငန်းပိုင်းဆိုင်ရာနှင့်မူဝါဒပိုင်းဆိုင်ရာများ ဟန်ချက်ညီအောင်ဆောင်ရွက်နိုင်ရန်လိုအပ်၍ အားလုံးဝိုင်းဝန်းကြိုးစားဆောင်ရွက်သွားကြမည်ဟု​ပြောကြား​ဆွေး​နွေးခဲ့သည်။

ထို့ပြင် ပြည်ပခရီးသွားဧည့်သည်များ တိုးတက်ဝင်ရောက်ရေးအပြင် ပြည်တွင်းခရီးသွားလုပ်ငန်းကိုလည်း တိုးမြှင့်ဆောင်ရွက်ရန်လို​ကြောင်းကို “ရည်မှန်းဈေးကွက်ကို နားလည်သဘောပေါက်ပြီး ပြည်ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ဖိတ်ခေါကြရပါမယ်။ အဲဒီလို ဖိတ်ခေါ်ရာမှာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုရအောင် ကြိုးစားကြရပါမယ်”ဟု ပြည်ထောင်စုဝန်ကြီးကဆိုသည်။

ဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိကအသင်းအဖွဲ့များနှင့်လုပ်ငန်းရှင်များလုပ်ငန်းလည်ပတ်ရာတွင် အဆင်ပြေစေရန် လိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးသွားမည့်အ​ကြောင်းလည်းပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့နံနက်ပိုင်းကလည်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး၌ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်အစိုးရအဖွဲ့ဝင်များအားတွေ့ဆုံ၍ ရန်ကုန်တိုင်းအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံ၏ အဓိကဝင်ပေါက်ဖြစ်သည့် ရန်ကုန်တိုင်းသို့ ပြည်ပခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လည်ပတ်ရေး၊ ပြည်တွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ရန်ကုန်တိုင်းဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ စနစ်တကျ စီမံဆောင်ရွက်နေမှုနှင့်ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရုရှားနှင့်စစ်ရေးဆက်ဆံမှုခိုင်မြဲရန်တရုတ်အသင့်ရှိ

ပေကျင်း၊မေ ၁၅ တရုတ်နိုင်ငံအနေဖြင့် ရုရှားနှင့်စစ်ရေးအရဆက်ဆံမှုကို အရှိန်မြှင့်နိုင်ပြီး နှစ်ဘက်အပြန်အလှန်ယုံကြည်မှုခိုင်မာရေးနှင့် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကို ထပ်တိုးနိုင်ရေးအတွက် လက်တွဲလုပ်ဆောင်သွားရန်အသင့်ရှိသည်ဟုပြောကြားခဲ့သည်။ နှစ်နိုင်ငံစစ်ရေးအရ ဆက်ဆံမှုနှင့်ပတ်သက်၍ မီဒီယာများနှင့်တွေ့ဆုံစဉ် ကာကွယ်ရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူသစ် မစ္စတာ Jiang Bin ကယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ယခုနှစ်ပိုင်းများအတွင်း တရုတ်နှင့်ရုရှားကြားဆက်ဆံရေးသည် ယခင်ကထက်တိုးတက်လာပြီး မကြာခဏဆိုသလို အကြီးပိုင်းတာဝန်ရှိသူများ၏တွေ့ဆုံဖလှယ်မှုများ၊ အရေးပါသော ပူးတွဲလေကြောင်းကင်းလှည့်မှုနှင့် ရေကြောင်းစစ်ရေးလေ့ကျင့်မှုများဖြင့် ဆက်ဆံခဲ့ကြပြီး အရေးကြီးသည့် အထိမ်းအမှတ်ပွဲများကျင်းပရာ၌လည်း အချင်းချင်းအားပေးကူညီခဲ့ကြသည်ဟုလည်းပြောကြားခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်များ၏လမ်းညွှန်မှုအောက်၌ တရုတ်စစ်တပ်အနေဖြင့် အရေးပါသော တရုတ် - ရုရှားမိတ်ဖက်ပူးပေါင်းဆက်ဆံရေးကို အကောင်အထည်ဖော်သွားမည်ဖြစ်သည်ဟုလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။ Source : ရှင်းဟွာ

အစ္စတန်ဘူလ်ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဇယ်လန်းစကီးတက်မည် မဟုတ်

အန်ကာရာ၊မေ ၁၅ အစ္စတန်ဘူလ်၌မကြာခင်ကျင်းပမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ယူကရိန်းသမ္မတဇယ်လန်းစကီးတက် ရောက်မည်မဟုတ်ကြောင်း ၎င်းကပြောကြားခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဦးဆောင်မည့် ကိုယ်စားလှယ်အဖွဲ့ကိုသာစေလွှတ်မည်ဟုလည်း ဆိုခဲ့သည်။ ၎င်းအနေဖြင့် ဆွေးနွေးညှိနှိုင်းရန်ဆန္ဒရှိသော်လည်း ရုရှား၏ရည်ရွယ်ချက်နှင့်ပတ်သက်၍မူ အနည်းငယ်သံသယဖြစ်နေသေးသည်ဟု တုကီယေးသမ္မတနှင့်တွေ့ဆုံပြီးနောက် တုကီယေးရှိယူကရိန်းသံရုံး၌ မီဒီယာများနှင့်တွေ့ဆုံစဉ် ဇယ်လန်းစကီးကပြောကြားခဲ့သည်။ “စိတ်မကောင်းစရာတစ်ခုက ဆွေးနွေးပွဲဆိုပေမဲ့ တစ်ဖက်ကလာမဲ့အထဲမှာ ဆုံးဖြတ်ချက်ချနိုင်လောက်တဲ့အထိပေါက်မြောက်တဲ့သူမျိုးပါမလာပါဘူး” ဟုလည်း ၎င်းကပြောကြားခဲ့သည်။ သို့သော် ယူကရိန်းသမ္မတကိုယ်တိုင်မတက်ရောက်နိုင်သည်ကလွဲ၍ ဆွေးနွေးပွဲအတွက် အပြုသဘောဆောင်လျှက် ကိုယ်စားလှယ်များကိုမူ စေလွှတ်ပေးသွားမည်ဖြစ်ကြောင်းလည်း သမ္မတကပြောကြားခဲ့သည်။ အစ္စတန်ဘူလ်၌ပြုလုပ်မည့်ဆွေးနွေးပွဲသည် ၂၀၂၂ ခုနှစ် ရုရှား - ယူကရိန်းပဋိပက္ခစတင်ချိန်မှစ၍ ပထမဆုံးအကြိမ် နှစ်ဘက်မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးခြင်းလည်းဖြစ်သည်။ Source : ရှင်းဟွာ

နယ်စပ်နှင့်လေတပ်

မြန်မာလေတပ်သည် ထိုင်းလေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ရန် ရည်ရွယ်ချက်မရှိကြောင်း သောကြာနေ့မွန်းလွဲပိုင်းတွင် လေတပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်အတွင်း မြန်မာ K-8 ဂျက်လေယာဉ်ကို တွေ့ရှိပြီးနောက် မွန်းလွဲ ၁ နာရီမထိုးမီတွင် ထိုင်း F-16 တိုက်လေယာဉ်နှစ်စင်း စေလွှတ်ခဲ့ကြောင်း ထိုင်းလေတပ်က သောကြာနေ့က FB တွင်ရေးသားထားသည်။ Ref:Khalid

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071