Saturday, December 13, 2025

လွိုင်ကော်စက်မှုဇုန်အတွင်း စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်နေ

ကယားပြည်နယ် လွိုင်ကော် စက်မှုဇုန်အတွင်း လမ်းများအဆင့်မြှင့်တင်ဖောက်လုပ်နေပြီး စက်မှုလုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်နေကြောင်း သိရသည်။ ယမန်နေ့က ကယားပြည်နယ် အစိုးရအဖွဲ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးဦးဇော်မျိုးတင်က သွားရောက်ကြည့်ရှုကြောင်း...

သံဖြူဇရပ်မြို့နယ် ပငစံပြကျေးရွာတွင် မွန်ညီညွတ်ရေးပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ်...

မွန်ညီညွတ်ရေးပါတီက သံဖြူဇရပ်မြို့နယ် ပငစံပြကျေးရွာတွင် မွန်ညီညွတ်ရေးပါတီ၏ အောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယနေ့ ဒီဇင်ဘာ (၁၃) ရက် နံနက် (၈) နာရီအချိန်၌...

NCA ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့...

လူငယ်များအား ငြိမ်းချမ်းသည့်ပတ်ဝန်းကျင်ကို လက်ဆင့်ကမ်းပေးစေလို နိုင်ငံတည်ဆောက်ရေးတွင် လူငယ်များ၏ အခန်းကဏ္ဍသည် အရေးကြီးသည့်အတွက် လူငယ်များကို စုစည်း၍ ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် အယူအဆအတွေးအခေါ်များကို ဆွေးနွေးဖော်ထုတ်သွားမည်ဖြစ်ပြီး လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကို ကျင်းပမည်ဖြစ်ကြောင်း...

နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တာ့ခ်မင်နစ္စတန်နိုင်ငံတွင် ကျင်းပသည့်...

အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ သမ္မတမာဆော့ပါဇက်ရှ်ကီရမ်နှင့် တွေ့ဆုံ၍လည်း နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေးဆွေးနွေးခဲ့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနှင့် ယုံကြည်မှုနှစ်အထိမ်းအမှတ်နိုင်ငံတကာဖိုရမ်ကို တာ့ခ်မင်နစ္စတန်နိုင်ငံ၌ ဒီဇင်ဘာ ၁၂ ရက်က ကျင်းပခဲ့ပြီး နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက တက်ရောက်ကာ...
HomeCelebrities' Newsကျွန်တော်တို့နှစ်ဦးကို ဝေဖန်ကြတာတွေအပေါ် စိတ်မဆိုးပါဘူး...

ကျွန်တော်တို့နှစ်ဦးကို ဝေဖန်ကြတာတွေအပေါ် စိတ်မဆိုးပါဘူး သူရိယ

သူရိယက လတ်တလောမှာ တော့ ဒါရိုက်တာညွှန့်မြန်မာညီညီအောင် ရိုက်ကူးတဲ့ ‘အမေမဖြစ်ခင် အပျိုတစ်ခေတ် မှာ’ရုပ်ရှင်ဇာတ်ကားကို လူမင်း၊ မင်းမော်ကွန်း၊ ခိုင်သင်းကြည်၊ မယ်လိုဒီ၊ ခင်ဝင့်ဝါ၊ ဆုအိမ့်စံတို့နဲ့အတူ မန္တလေးမြို့မှာ သွားရောက် ရိုက်ကူးခဲ့ပါ တယ်။ ဒီဇာတ်ကားမှာတော့ တရားခံဘက် ကနေလိုက်ပေးရတဲ့ ရှေ့နေ တစ်ဦးနေရာကပါဝင်ထားတယ်လို့ သူရိယကဆိုပါတယ်။ ချစ်သူဖြစ်တဲ့ဆုအိမ်စံနဲ့ ‘သရဲသင်္ဘော’၊ ‘ဖေစ့်ဘုတ်ရွာ(၂)၊’ ‘လွမ်းတယ်ကြာဖြူ’ စတဲ့ ဇာတ်ကား တွေမှာလည်း အတူတွဲဖက်ရိုက် ကူးထားတယ်လို့ဆိုပါတယ်။ ချစ်သူ နှစ်ဦးစလုံးက သရုပ်ဆောင် တွေဖြစ်ကြတဲ့အတွက် တစ်ဦးနဲ့တစ်ဦး ဘယ်လို အချိန်ပေးရ လဲဆိုတာကို သူရိယက…

”ပုံမှန်အချိန်တွေဆိုရင် နှစ်ယောက်စလုံးက အလုပ်ကိုယ်စီ ရှိကြတဲ့ အတွက် ဖုန်းနဲ့စကားပြောတယ်။ ဇာတ်ကားရိုက်ကွင်းတော်တော် များများမှာလည်း အတူတူဆိုတော့သီးသန့်ကြီး အချိန်ပေးရတာမျိုးမရှိပါဘူး။ ရိုက်ကွင်း မှာတွေ့ရတယ်လေ။ တစ်ခါတလေကျတော့လည်း ဇာတ် ကားရိုက်ပြီး လို့ညဘက်တွေဆိုရင်တော့တွေ့ဖြစ်ကြပါတယ်။ နှစ်ယောက်သား အတူတူမုန့်သွားစားတယ်၊ Dinner အတူတူ စားကြတယ်ပေါ့။ ဒီလိုလေးအချိန်ပေးဖြစ်ပါတယ်။ ကျွန်တော်နဲ့ ဆုဆုအတူ တူတွဲသရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေလည်း ၂ဝ၁၈ ခုနှစ်ထဲမှာပရိသတ်တွေစီ ရောက်လာတော့မှာပါ။ အား ပေးကြပါဦးလို့ ပြောချင်ပါ တယ်” လို့ ပြောပြပါတယ်။

သူရိယနဲ့ ဆုအိမ့်စံတို့ချစ်သူနှစ်ဦး ကိုတော့ ပရိသတ်တော်တော်များများက အားပေးကြသလို ဝေဖန်တဲ့ပရိတ်သတ်တွေလည်းရှိပါတယ် လို့ သူရိယက ပွင့်ပွင့်လင်းလင်းပြောပြပါတယ်။ ဝေဖန်မှုတွေအပေါ်မှာ လည်း စိတ်မဆိုးပါဘူးဆိုတဲ့ သူရိယက”ကျွန်တော်တို့နှစ် ယောက်စလုံးကို ပရိသတ်တွေက အားပေးကြပါတယ်။ ကျွန်တော်တို့လည်း တက်လာတဲ့ Comment တွေ ဖတ် ဖြစ်ပါတယ်။ တချို့ပရိသတ်တွေကျတော့လည်း မကြိုက် တဲ့ပုံစံလေးတွေ ရှိတယ်။ ကျွန်တော်နဲ့ ဆုဆုတို့နှစ် ယောက် တွဲတာကို အကောင်းမြင်ကြတဲ့လူတွေရှိသလိုတချို့ကျတော့လည်း Negative ဘက်ကိုသွားတဲ့လူတွေလည်းရှိတယ်။ သူတို့တွေ ပြောကြတာကို သိပ်ပြီးစိတ်ထဲမှာ မထားပါဘူး။ ကောင်းကောင်းမွန်မွန် ပြောတဲ့လူတွေကိုလည်း ကောင်းကောင်းမွန်မွန် ပြန်တုံ့ပြန်တယ်။ မပြောကြ သူတွေကိုလည်း ဂရုတော့မ ထားတော့ဘူးပေါ့။ ဒီလိုတွေရှိပေမယ့်လည်း ကျွန်တော်တို့က အဲဒါတွေကို စိတ်မဆိုးပါဘူး။ ကျွန်တော်တို့လုပ်ရမယ့် အလုပ်ကိုဆက်လုပ်မယ်။ နှစ်ယောက်စလုံးလည်း ဇာတ်ကားတွေဆက်ပြီး ရိုက်သွားမယ်” လို့ပြောပြပါတယ်။

မြတ်မိုးပွင့်၊ အောင်ဇော်မင်း

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071