ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် ကားတစ်စီးအရှိန်မထိန်းနိုင်ဘဲ အိမ်ခြံဝင်းထဲရှိ သစ်ပင်ကိုဝင်တို-က်မိခဲ့မှု ဖေဖော်ဝါရီ ၂ ရက်ည ၈ နာရီ ၁၀ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။
ကြို့ပင်ကောက်မြို့နယ် ရန်ကုန်-ပြည်လမ်းသွားကားလမ်းအတိုင်းမောင်းနှင်လာသော ကားတစ်စီးသည် မိုင်တိုင်အမှတ် ၁၂၀/၂ အရောက် အရှိန်မထိန်းနိုင်ဘဲ ဂုမ္မကွင်းကျေးရွာရှိ လမ်းဘေးနေအိမ်ခြံဝန်းအတွင်းရောက်ရှိကာ ခြံဝန်းအတွင်းမှ သစ်ပင်ကိုဝင်တို-က်မိခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်ကြောင့် ကားပေါ်မှ အမျိုးသား(၂)ဦးတွင် ထိခိုက်ဒ-ဏ်ရာများ (စိုးရိမ်ရ) ရရှိခဲ့သဖြင့် ကြို့ပင်ကောက် မြို့နယ်မီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ပြီးနောက် မြတ်မွန်စေတနာလူမှုကူညီရေးအသင်းက ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
