Sunday, January 4, 2026

ကမ္ဘောဒီးယားအထက်လွှတ်တော်ဥက္ကဋ္ဌကမြန်မာနိုင်ငံတော် ယာယီသမ္မတထံ လွတ်လပ်‌ရေး‌နေ့သဝဏ်လွှာပို့

ဒီဇင်ဘာ ၃ ဇန်နဝါရီလ၄ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံ၏ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကမ္ဘောဒီးယား အထက်လွှတ်တော် ဥက္ကဋ္ဌ ဟွန်ဆန်က...

USDP ပါတီနှင့် တိုင်းရင်းသားပါတီ(၄)ခုမှ ကိုယ်စား...

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၇)ခုတွင် ပြည်ထောင်စုကြံ့ခိုင်ရးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)နှင့် တိုင်းရင်းသားပါတီ(၄)ခုမှ ကိုယ်စားလှယ်များ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ်ရွေးကောက်တင် မြှောက်ခံရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ကြေညာချက်အမှတ်(၅ /၂၀၂၆)ဖြင့် ယနေ့ ဇန်နဝါရီ...

၂၀၂၆ ခုနှစ်အတွက် ပြည်ပမှ မော်တော်ယာဉ်...

၂၀၂၆ ခုနှစ်အတွက် ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခြင်းတွင် ထုတ်လုပ်သည့်ခုနှစ် သတ်မှတ်ချက်များ ထုတ်ပြန်လိုက်ပြီး လက်ရှိဆောင်ရွက်နေသည့် မူဝါဒများမပြောင်းလဲဘဲဆက်လက် ကျင့် သုံးလျက်ရှိကြောင်း ဒီဇင်ဘာလ ၃၁...

ဒီမိုကရေစီကို တကယ်ချစ်ပါက မဲထွက်ပေးကြရန် USDP...

ဒီမိုကရေစီကို တကယ်ချစ်ပါက  မဲထွက်ပေးကြဖို့ လိုအပ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (US DP)၏ သံဖြူဇရပ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှ ယ်လောင်း ဦးကြည်ဇော်က ပေါ်ပြူလာနယူးစ်မှတဆင့်...
HomeNewsLocal Newsကြိုတင်ဆန္ဒမဲပေးခြင်း၊ ရေတွက်ခြင်း၊ စာရင်းပြုစုခြင်း၊...

ကြိုတင်ဆန္ဒမဲပေးခြင်း၊ ရေတွက်ခြင်း၊ စာရင်းပြုစုခြင်း၊ ကပ်ထားကြေညာခြင်းတို့ကို ပွင့်လင်းမြင်သာစွာဆောင်ရွက်ခဲ့ဟု UEC အသိပေး

ရွေးကောက်ပွဲ၏ ကြိုတင်ဆန္ဒမဲပေးခြင်း၊ ရေတွက်ခြင်း၊ စာရင်းပြုစုခြင်း၊ ကပ်ထားကြေညာခြင်းတို့ကို ပွင့်လင်းမြင်သာစွာဆောင်ရွက်ခဲ့သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ဇန်နဝါရီ ၂ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။

UEC ၊ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် မဲရုံမှူးများသည် ကြိုတင်ဆန္ဒမဲပေးခြင်းနှင့် ကြို တင်ဆန္ဒမဲများရေတွက်ခြင်း၊ ဆန္ဒမဲစာရင်းများပြုစုခြင်းနှင့် ကပ်ထားကြေညာခြင်းတို့ကို သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီဆောင်ရွက်ခဲ့သည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာ၌ နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲကိုယ်စား လှယ်များ၊ အသိသက်သေများနှင့် အများပြည်သူများကိုဖိတ်ကြား၍ ပွင့်လင်းမြင်သာ၊ တိကျမှန်ကန်စွာဆောင်ရွက်ခဲ့ပြီး ရရှိသည့် ဆန္ဒမဲစာရင်းများကို အများပြည်သူသိရှိနိုင်ရန် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မ ရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားသည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။

ထို့ပြင် UEC အနေဖြင့် ဒီဇင်ဘာ ၂၈ ရက်မှစတင်ကာကျင်းပသည့် ရွေးကောက်ပွဲတွင် ပြည်တွင်း/ပြည်ပရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ နိုင်ငံသားတစ်ဦး၏ အခွင့်အရေးဖြစ်သော မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေးကို ဥပဒေပြ ဋ္ဌာန်းချက်များနှင့်အညီ စီစဉ်ဆောင်ရွက်ပေးခဲ့သည်ဟုလည်း အသိပေးထုတ်ပြန်ခဲ့သည်။

ထို့အတူ UEC မှ ပြည်နိုင်ငံများတွင်ရောက်ရှိနေသူများ၊ တပ်မတော်သားများနှင့် အတူနေအိမ်ထောင်စုဝင်များ၊ ကျောင်းသားများ၊ သင်တန်းသားများ၊ အချုပ်ခံနေရသူ များ၊ ဆေးရုံတက်ရောက်နေရသော အတွင်းလူနာများ၊ အနာကြီးရောဂါစွဲကပ်နေသူ၊ ရောဂါဝေဒနာပြင်းထန်စွာခံစားနေရသူ၊ အိုမင်းမစွမ်းသူ၊ သားဖွားနေသူများ၏ ဥပဒေပြဌာန်းချက်များနှင့်အညီ ကြိုတင်ဆန္ဒမဲပေးခဲ့မှု၊ ကြိုတင်မဲများကို ဆန္ဒမဲစာရင်းပုံစံများတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ရွေးကောက်ပွဲကိုယ်စား လှယ်များနှင့် အသိသက်သေများ၊ သက်ဆိုင်ရာ ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲများကစိစစ်ပြီး မှန်ကန်ကြောင်း လက်မှတ်ရေးထိုး၍ ဆန္ဒမဲရလဒ်စာရင်းများကို သက်ဆိုင်ရာ မဲရုံအသီးသီးတွင်ကပ်ထားကြေညာခဲ့ပြီးဖြစ်မှုတို့ကိုလည်း အသိပေးထုတ်ပြန်ခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကမ္ဘောဒီးယားအထက်လွှတ်တော်ဥက္ကဋ္ဌကမြန်မာနိုင်ငံတော် ယာယီသမ္မတထံ လွတ်လပ်‌ရေး‌နေ့သဝဏ်လွှာပို့

ဒီဇင်ဘာ ၃ ဇန်နဝါရီလ၄ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံ၏ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကမ္ဘောဒီးယား အထက်လွှတ်တော် ဥက္ကဋ္ဌ ဟွန်ဆန်က နိုင်ငံဝောာ်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ လွတ်လပ်ရေးနေ့ဂုဏ်ပြုသဝဏ်လွှာကိုပေးပို့ခဲ့ကြောင်း သတင်းရရှိသည်။ ၎င်း၏သဝဏ်လွှာတွင် “ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော်နှင့် ကမ္ဘောဒီးယား ပြည်သူ့ပါတီတို့ကို ကိုယ်စားပြု၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် အဆွေတော်အပါအဝင် အစိုးရ အဖွဲ့နှင့်  မြန်မာပြည်သူများကို ကျွန်ုပ်ကလှိုက်လှဲစွာ ဂုဏ်ပြုကြောင်းနှင့် ဆုမွန်ကောင်းတောင်းအပ်ကြောင်း သဝဏ်လွှာ...

USDP ပါတီနှင့် တိုင်းရင်းသားပါတီ(၄)ခုမှ ကိုယ်စား လှယ်များ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအ ဖြစ်ရွေးကောက်တင်မြှောက်ခံရ

ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၇)ခုတွင် ပြည်ထောင်စုကြံ့ခိုင်ရးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)နှင့် တိုင်းရင်းသားပါတီ(၄)ခုမှ ကိုယ်စားလှယ်များ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ်ရွေးကောက်တင် မြှောက်ခံရကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ ကြေညာချက်အမှတ်(၅ /၂၀၂၆)ဖြင့် ယနေ့ ဇန်နဝါရီ ၃ ရက်က ထုတ်ပြန်ခဲ့သည်။ ထိုသို့ ရွေးကောက်တင်မြှောက်ခြင်းအား ဒီဇင်ဘာ ၂၈ ရက်ကကျင်းပသည့် ရွေးကောက်ပွဲအပိုင်း(၁)၌ သက်ဆိုင်ရာတိုင်းနှင့် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲများက ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၄၉ (ခ)နှင့်အညီထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ ရန်ကုန်တိုင်းမှ USDP ပါတီကိုယ်စားလှယ်(၁၂)ဦး၊ စစ်ကိုင်းတိုင်းမှ ရွေးကောက်တင်မြှောက်ခံခဲ့ရသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၁၂)ဦးတွင် USDP ပါတီမှ (၇)ဦး၊ နာဂအမျိုးသားပါတီမှ (၄)ဦး၊ ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီမှ (၁)ဦးတို့ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။ ထို့အတူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ်...

၂၀၂၆ ခုနှစ်အတွက် ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခြင်းတွင် ထုတ်လုပ်သည့်ခုနှစ် သတ်မှတ်ချက်များ ထုတ်ပြန်

၂၀၂၆ ခုနှစ်အတွက် ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခြင်းတွင် ထုတ်လုပ်သည့်ခုနှစ် သတ်မှတ်ချက်များ ထုတ်ပြန်လိုက်ပြီး လက်ရှိဆောင်ရွက်နေသည့် မူဝါဒများမပြောင်းလဲဘဲဆက်လက် ကျင့် သုံးလျက်ရှိကြောင်း ဒီဇင်ဘာလ ၃၁ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၁၂၀/၂ဝ၂၅)ဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။ ၂၀၂၆ ခုနှစ်အတွက် ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခြင်းရာတွင် ထုတ်လုပ်သည့် ခုနှစ်သတ်မှတ်ချက်အရ လူစီးမော်တော်ယာဉ်များအတွက် ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ၊ လုပ်ငန်းသုံးယာဉ်များ (ကုန်တင်ယာဉ်/ ခရီးသည်တင်ယာဉ်) အတွက် ၂၀၂၂ ခုနှစ်မှ ၂ဝ၂၆ ခုနှစ်အထိ (ကုန်တင်ယာဉ်/...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071