Thursday, May 15, 2025

သဘာဝဘေးကျရောက်လာပါက အမိန့်တစ်စုံတစ်ရာစောင့်ဆိုင်းနေရန်မလိုဘဲ အမြန်ဆုံးတုံ့ပြန်ဆောင်ရွက်ရန် ကရင်ပြည်နယ်ဝန်ကြီးချုပ်ပြော

သဘာဝဘေအန္တရာယ်ကျရောက်လာပါက အမိန့်တစ်စုံတစ်ရာစောင့်ဆိုင်းနေရန်မလိုဘဲ အမြန်ဆုံးတုံ့ပြန်ဆောင်ရွက်ရန် ကရင်ပြည်နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မှာကြားသည်။ ယနေ့ မေ ၁၄ ရက်နံနက်ပိုင်းက သဘာဝဘေးအန္တ ရာယ်ကြောင့်ဖြစ်ပေါ်နိုင်သည့် ဆုံးရှုံးမှုများလျော့...

ငလျင်ဘေးသင့်ပြည်သူများအတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဆက်လက်ရောင်းချပေးနေ

ငလျင်ဘေးသင့် ပြည်သူများအတွက် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်အနီးရှိ တပေါင်းကွင်း၌ ဆက် လက်ရောင်းချပေးနေသည်။ ယနေ့ မေလ...

ဆီးရီးယားကိုအရေးယူမှုရုပ်သိမ်းမည်၊ ဆော်ဒီနှင့် ဒေါ်လာ ၆၀၀...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်သည် အင်္ဂါနေ့က သူ၏ ပင်လယ်ကွေ့ခရီးစဉ်ကို အံ့အားသင့်ဖွယ် ကြေညာချက်ဖြင့် စတင်ခဲ့ရာတွင် အမေရိကန်ပြည်ထောင်စုသည် ဆီးရီးယားနိုင်ငံအပေါ် ကာလကြာရှည် ပိတ်ဆို့အရေးယူထားမှုကို ရုပ်သိမ်းကာ...

အာဆီယံဆက်ဆံရေး မြှင့်တင်ရန် ပေတုံတန် ဗီယက်နမ်သွားမည်

အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရန်နှင့် ချစ်ကြည်ရင်းနှီးမှု တည်‌ဆောက်ရန်အတွက် ထိုင်းဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာသည် မေလ ၁၅ ရက် နေ့မှ မေလ...
HomeNewsLocal Newsကြက်သွန်ဈေးအနည်းငယ် ပြန်ကျသော်လည်း ယခင်နှစ်ထက်...

ကြက်သွန်ဈေးအနည်းငယ် ပြန်ကျသော်လည်း ယခင်နှစ်ထက် ဈေးကောင်းသည့်အတွက်တောင် သူများအဆင်‌ပြေကာ အလှူအတန်းပေါမည်

မြန်မာပြည်အထက်ပိုင်းဒေသများမှ မိုးကြက်သွန်များ ဈေးကွက်အတွင်း လှိုင်လှိုင်ဝင်ရောက်နေသည့်အတွက် ယခုရက်ပိုင်းတွင် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်ရှိ ကြ က်သွန်ဈေးနှုန်းမှာ ပြန်လည် ကျဆင်းခဲ့သည့်အပြင် ဒေ သတွင်း ကြက်သွန်ဈေးကွက်တွင်လည်း အနည်းငယ်ပြန်ကျနေကြောင်း သိရသည်။

ယင်းသို့ ဈေးကျနေသော်လည်း ယခင်နှစ်ဈေးနှုန်းထက် ပိုသည့်အ​ကြောင်းကို

” လက်ရှိစျေးက လယ်ကွက်ထဲတင်ကို အကြီးအသေးအ ကောင်းပေါ်လိုက်ပြီး တစ်ပိသာကို ၂၈၀၀/ ၃၀၀၀ စျေးရှိတယ်။ အရင်နှစ်တွေက ဒီစျေးထိ မရောက်ဘူး။ ဒီနှစ်အ များဆုံးပဲ။ ပြီးခဲ့တဲ့ (၃) နှစ်ကျော်လောက်က တစ်ပိသာကို၂၇၀၀ ၊၂၈၀၀ အထိ ဖြစ်ဖူးပေမယ့် ရက်ပိုင်းလောက်ပဲကြာတာ။ ဒီတခါစျေးလောက် မကြာဘူး။ အခု တောင် သူတွေ အဆင်ပြေကြတယ်” ဟု မြစ်သားမြို့နယ်အတွင်းမှ ကြက်သွန်စိုက်တောင်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် မြန်မာပြည်အနှံ့က ကြက်သွန်များ ဈေးကွက်အတွင်း ဝင်ရောက်နေပြီဖြစ်ပြီး ပြည်ပမှ တင်သွင်းသည့် ကြက်သွန်များလည်း အဝင်ရှိနေသည့်အတွက် လက်ကားဈေးနှုန်းမှာ ပြန်လည် ကျဆင်းလာခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ကြက်သွန် လက်ကားဈေးနှုန်းကျဆင်လာသော်လည်း ဈေးကွက်အတွင်းရှိ လက်လီအရောင်းဆိုင်များတွင်တော့ ကြက်သွန် တစ်ပိဿာလျင် အကောင်း / အညံ့နှင့် အရွယ်အစားအလိုက် တစ်ပိဿာ (၄၀၀၀) ကျ ပ်မှ (၅၀၀၀) ကျပ် ဝန်းကျင် အရောင်းအဝယ်ပြုလုပ်နေဆဲဖြစ်ကာ ဈေးနှုန်းကျဆင်းခြင်း မရှိသေးကြောင်း သိရသည်။

” နိုင်ငံခြားက သွင်းလာတဲ့ဟာတွေက အညာဖက်မှာ သိပ်မသုံးကြဘူး။ မြို့ကြီးတွေမှာပဲ သုံးကြတယ်။တရုတ်နဲ့ အိန္ဒိယဖက်က သွင်းတာတွေက ဟင်းချက်ရင်အနှစ်သိပ်မရဘူး၊ ရေရှည်အထားလည်း မခံဘူး” ဟု ကြက်သွန်စိုက်တောင်သူတစ်ဦးက ရှင်းပြသည်။

ကြက်သွန် စိုက်ဧက တစ်ဧကလျင် အမှန်တကယ် ဖြစ်ထွန်းပါက ပိဿာချိန် (၂၅၀၀) မှ (၃၀၀၀) အထိထွက်ရှိနိုင်ပြီး စိုက်ပျိုးစရိတ် တစ်ဧကလျင် (၁၀) သိနိးဝန်းကျင် ကုန်ကျကာ ယခုနှစ်တစ်ဧကလျင် သိန်း (၈၀) ဝန်းကျင် ပြန်လည် ရရှိနိုင်ကြောင်း သိရသည်။

” တောင်သူတွေက သွင်းအားစု စရိတ်တွေများတော့ သိပ်မထည့်နိုင်ကြဘူး။ ပုံမှန်ဆို ဒီထက်ပိုထွက်တယ်။ စိုက်ပြီးအပင်တန်းဖြစ်သွားရင် (၃)လ ပိုပိုလောက်ကျ တူးလို့ရတယ်။ ကုန်ချိန်ကလည်း တစ်ဧကကို ပိဿာချိန် (၄၀၀၀) ဝန်းကျင် ထွက်နိုင်တယ်။ ဒါ​ကြောင့်ဒီနှစ်ပြာသိုလကုန်လောက်ကျရင်လှူကြမှာ။ ဆိုင်းတွေဘာတွေလည်း ခု ငှားပြီးကြပြီ။ ကြက်သွန်ဖော်တာနဲ့ တန်းလှူကြမှာ။ သီးနှံကောင်းရင် မဏ္ဍပ်တွေ၊ ဆိုင်းတွေနဲ့ ရှင်ပြုနားသလှူကြတယ်။ ဒီနှစ်အလှူပိုပေါမယ်” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့်  အောက်တိုဘာလ‌ နှောင်းပိုင်းနှင့် နိုဝင်ဘာလအတွင်း စိုက်ပျိုးထားသည့် ကြက်သွန်များသည် လာမည့် ဖေဖေါ်ဝါရီလအတွင်း ပြန်လည်တူးဖော်နိုင်မည်ဖြစ်ပြီး ကြက်သွန် ဈေးကွက်အတွင်းသို့ ဝင်ရောက်လာဦးမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သဘာဝဘေးကျရောက်လာပါက အမိန့်တစ်စုံတစ်ရာစောင့်ဆိုင်းနေရန်မလိုဘဲ အမြန်ဆုံးတုံ့ပြန်ဆောင်ရွက်ရန် ကရင်ပြည်နယ်ဝန်ကြီးချုပ်ပြော

သဘာဝဘေအန္တရာယ်ကျရောက်လာပါက အမိန့်တစ်စုံတစ်ရာစောင့်ဆိုင်းနေရန်မလိုဘဲ အမြန်ဆုံးတုံ့ပြန်ဆောင်ရွက်ရန် ကရင်ပြည်နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မှာကြားသည်။ ယနေ့ မေ ၁၄ ရက်နံနက်ပိုင်းက သဘာဝဘေးအန္တ ရာယ်ကြောင့်ဖြစ်ပေါ်နိုင်သည့် ဆုံးရှုံးမှုများလျော့ နည်းသက်သာစေရေး၊ ဘေးအန္တရာယ်မကျရောက်မီ ကြိုတင်ပြင်ဆင်ကာကွယ်နိုင်ရေး၊ ဘေးကျရောက်သည့်အခါ အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် ကျရောက်ပြီးပါက ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးတို့အတွက် ကရင် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့နှင့် လုပ်ငန်းအဖွဲ့(၁၂)ဖွဲ့တို့၏ (၁/၂၀၂၅)လုပ် ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ် သည်။ ကရင်ပြည်နယ်အတွင်း ရေကြီး/ရေလျှံမှုနှင့်ကမ်းပြို၊ မြေပြိုမှုများနှစ်စဉ်ကြုံတွေ့ရလေ့ရှိပြီး အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်စီမံထားကြရမည်ဖြစ်ကာ သဘာဝဘေးကျရောက်လာပါက အမိန့်တစ်စုံတစ်ရာစောင့်ဆိုင်းနေရန်မလိုဘဲ အမြန်ဆုံးတုံ့ပြန်ဆောင်ရွက်ရမည်ဟု မှာကြားသည်။ ထို့ပြင် ယာဉ်၊ယန္တရားနှင့်အရေးပေါ်ရှာဖွေကယ် ဆယ်ရေးသုံးပစ္စည်းကိရိယာများကို...

ငလျင်ဘေးသင့်ပြည်သူများအတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဆက်လက်ရောင်းချပေးနေ

ငလျင်ဘေးသင့် ပြည်သူများအတွက် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို နေပြည်တော် ဥပ္ပါတသန္တိ စေတီတော်အနီးရှိ တပေါင်းကွင်း၌ ဆက် လက်ရောင်းချပေးနေသည်။ ယနေ့ မေလ (၁၄)ရက် နံနက်ပိုင်းတွင် ဘိလပ်မြေထုတ်လုပ်သူများအသင်း အရောင်းပြခန်း၊ မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များအသင်း အရောင်းပြခန်း၊ မြန်မာနိုင်ငံသံနှင့် သံမဏိအသင်းအရောင်းပြခန်း၊ အိမ်ဆောက်လုပ်ရေးနှင့် အိမ်အသုံးအဆောင်ပစ္စည်းအမျိုးမျိုး အရောင်းပြခန်း၊ နိုင်ငံတကာမှ အရည်အသွေးမြင့် မီးဖိုချောင်သုံးပစ္စည်းများနှင့် အိမ်အသုံးအဆောင်ပစ္စည်းများ အရောင်းပြခန်း၊ မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် အကြီးမားဆုံးဆောက်လုပ်ရေးနှင့် အိမ်အသုံးအဆောင်ပစ္စည်းများ အရောင်းစင်တာ၊ သံထည်နှင့် စတီးများ အရောင်းပြခန်း၊ ပရိဘောဂအရောင်းပြခန်း၊ အိမ်သုတ်ဆေးအရောင်းပြခန်း၊...

ဆီးရီးယားကိုအရေးယူမှုရုပ်သိမ်းမည်၊ ဆော်ဒီနှင့် ဒေါ်လာ ၆၀၀ ဘီလျံဖိုး သဘောတူညီချက် ရရှိ–ထရမ့်ပ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်သည် အင်္ဂါနေ့က သူ၏ ပင်လယ်ကွေ့ခရီးစဉ်ကို အံ့အားသင့်ဖွယ် ကြေညာချက်ဖြင့် စတင်ခဲ့ရာတွင် အမေရိကန်ပြည်ထောင်စုသည် ဆီးရီးယားနိုင်ငံအပေါ် ကာလကြာရှည် ပိတ်ဆို့အရေးယူထားမှုကို ရုပ်သိမ်းကာ ဆော်ဒီအာရေဗျက အမေရိကတွင် ဒေါ်လာ ၆၀၀ ဘီလျံဖိုး ရင်းနှီးမြှုပ်နှံသွားမည်ဆိုသည့် ကတိကဝတ်ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ အိမ်ဖြူတော်၏ အဆိုအရ ဝါရှင်တန်၏ အကြီးဆုံး ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်တွင် အမေရိကသည် ဆော်ဒီသို့ ဒေါ်လာ ၁၄၂ ဘီလျံနီးပါး တန်ဖိုးရှိ စစ်လက်နက်များ ရောင်းချပေးမည်ဟု ဆိုသည်။ ဆီးရီးယားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူများ အဆုံးသတ်ခြင်းသည် ဆယ်စုနှစ်တစ်ခုကျော်ကြာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071