ONE Friday Fight -147 ပွဲစဉ်အတွင်း ပထမတန်းရိုးရာဖိုက်တာ ကျော်စွာဝင်း ဝါရင့်မွေထိုင်းဖိုက်တာ လိပ်နင်ဂျာ ဆမင်းဒမ်းနှင့် မတ်လ (၂၀) ရက်တွင် ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း ONE က တရားဝင်အသိပေးလာပြီဖြစ် သည်။
ရိုးရာဖိုက်တာကျော်စွာဝင်းသည် ONE တွင် မျိုးဆက်သစ်အနေ ဖြင့် ဝင်ရောက်ယှဉ်ပြိုင်နေသူဖြစ်ပြီး ပြီးခဲ့သည့် ONE Friday Fights-139 ပွဲစဉ်တွင် ဂျပန်ဖိုက်တာမူဂါ ကို ဒုတိယအချီတွင် အလဲထိုးပြထားနိုင်သူဖြစ်သည်။
ကျော်စွာဝင်းသည် ပြိုင်ဘက်ဖြစ်သူကို တုံ့ပြန်သည့်နေရာ၌ Counter-striker ကစားပုံဖြင့် တုန့်ပြန်တတ်ပြီး နောက်မဆုတ်တမ်း ရှေ့တိုးထိုးသ-တ်တတ်ကာ ပါဝါပါသည့် လက်သီးချက်ဖြင့် ပြိုင်ဘက်ကို အလဲထိုး ကစားတတ်သူဖြစ်သည်။
ပြိုင်ဘက်လိပ်နင်ဂျာ ဆမင်းဒမ်းမှာမူ ONE Friday Fights ပွဲစဉ်တွင် ခြေကန်ချက်များဖြင့် အစွမ်းပြနေသူဖြစ်ပြီး လက်ရှိအချိန်အထိ ရလဒ်ကောင်းများ ပိုင်ဆိုင်ထားသူလည်းဖြစ်သည်။
ဆမင်းဒမ်းသည် အောက်ခြေကန်ချက်များနှင့်အတူ လက်သီးတွဲလုံးများက ပြိုင်ဘက်ကို အမြဲဖိအားပေးကစားနိုင်စွ မ်းရှိပြီး ယခုနှစ်အတွင်း နိုင်ပွဲ (၄) ပွဲဆက်တိုက် အနိုင်ရထားသူဖြစ်သည်။
