နေပြည်တော်အခြေစိုက် “ထိုက်သူပန်”တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ (၄)ကြိမ်မြောက်အဖြစ် ကျောင်းသား၊ ကျောင်းသူ(၅၀၀)ဦးကို ဇွန် ၇ ရက်ညနေ ၄ နာရီက ကျောပိုးအိတ်များလှူဒါန်းပေးခဲ့သည်။
” နှစ်စဥ်ကျောင်းဖွင့်ချိန်တိုင်းလှူလာတာ ဒီနှစ်ဆိုရင်(၄)ကြိမ်မြောက်ရှိပါပြီ။ လိုအပ်တဲ့ကလေးတွေဘဲရစေချင်တာကြောင့် ကျောင်းသား၊ ကျောင်းသူတွေကိုယ်တိုင် ကျောင်းဝတ်စုံဝတ်ပြီးလာရောက်အလှူခံကြဖို့နဲ့ ကိုယ်စားအလှူခံတာကို လက်မခံတဲ့အကြောင်း ကြိုတင်ပြောပြထားပါတယ်။ တကယ်လို့ ပို့ခဲ့တယ်ဆိုရင် ကျောင်းမနေပေမယ့် ကျောပိုးအိတ်လိုချင်တဲ့ကလေးတွေကို ခွဲဝေလှူဒါန်းပေးသွားမှာပါ”ဟု ထိုက်သူပန် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး ၏ ပဲ့ကိုင်ရှင်ဦးစိုးလှမြင့်က ပြောသည်။
ထို့ပြင် ကျောင်းသား၊ ကျောင်းသူများအား ကျောပိုးအိတ်လှူဒါန်းပြီးပါက ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် အခြား ကျောင်းသုံးပစ္စည်းများကိုလည်း “ထိုက်သူပန်”တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ဆက်လက်လှူဒါန်းပေးသွားရန် စီစဥ်လျက်ရှိသည်။
” ကျွန်တော်တို့အိမ်ကမပြည့်စုံတဲ့အတွက် အခုလို ကျွန်တော်တို့လိုအပ်နေတဲ့ ကျောပိုးအိတ်ကိုလှူပေးတာ အတော်ကျေးဇူးတင်ပါတယ်။ လိုအပ်တာတွေကိုလည်း ထပ်လှူပေးမယ်လို့ကြားရတော့ ပိုပြီးပျော်ပါတယ်ဗျ”ဟု ကျောပိုးအိတ်အလှူခံသည့် ကျောင်းသားတစ်ဦးက ပြောသည်။
ကျောပိုးအိတ်ပေးလှူခြင်းနှင့်အတူ “ထိုက်သူပန်” တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၏ ညနေခင်းအာ ဟာရဒါနအလှူ(၁,၇၅၈)ရက်မြောက်အဖြစ် ညနေ ၅ နာရီတွင် လာရောက်သုံးဆောင်သူများအား ကြက်သားဒံပေါက်နှင့် ရေခဲမုန့်တို့ကို လှူဒါန်းကျွေးမွေးခဲ့သည်။