ကိုရီးယားနိုင်ငံရှိ တက္ကသိုလ်တစ်ခုခုတွင် ကျောင်းတတ်ခွင့်အတွက် ကျောင်းလခနှင့် နေထိုင်စရိတ်အခက်အခဲရှိနေသည့် ကျောင်းသား၊ သူများကို ပညာသင်ဆုပေးအပ်မည်ဖြစ်ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ အသိပေးထုတ်ပြန်ထားသည်။
Global Elim Foundation မှ ကိုရီးယားသမ္မတနိုင်ငံရှိ တက္ကသိုလ်တစ်ခုခုတွင် ဘွဲ့ကြို၊ မဟာဘွဲ့နှင့် ဒေါက်တာဘွဲ့ (ကိုရီးယားဘာသာစကားသင်တန်းမပါ) တက်ရောက်ခွင့်ရရှိထားပြီး ကျောင်းလခနှင့် နေထိုင်စရိတ်အခက်အခဲရှိနေသည့် မြန်မာနိုင်ငံသား ကျောင်းသား/သူ (၂) ဦး အတွက် “Global Elim Foundation Scholarship (GEFS) ပညာသင်ဆု” ကို စိစစ်ရွေးချယ်ပေးအပ်မည်ဖြစ်သည်။
ထို့ကြောင့် သတ်မှတ်ထားသည့် အရည်အချင်းနှင့် ကိုက်ညီသော လျှောက်ထားလိုသူများသည် ယခုကြေညာချက်တွင် ပူးတွဲပါရှိသည့် စာရွက်စာတမ်း/အထောက်အထားတို့အား ပြည့်စုံစွာ ဖြည့်စွက်၍ ဇူလိုင် ၂၅ ရက် ညနေ လေး နာရီ နောက်ဆုံးထား၍ မြန်မာသံရုံး၊ ဆိုးလ်မြို့ (လိပ်စာ Hannam-daero 28-gil 12, Yongsan-gu, Seoul, 04418) 3 လည်းကောင်း၊ စာတိုက်မှတစ်ဆင့် သတ်မှတ်ချိန်အမီ အရောက်ပေးပို့၍သော်လည်းကောင်း လျှောက်ထားနိုင်ကြောင်း အသိပေးထားသည်။
သို့သော် သတ်မှတ်ရက်ထက် ကျော်လွန်ပြီးမှ ရောက်ရှိလာသည့် လျှောက်လွှာများအား လက်ခံစဉ်းစားပေးမည် မဟုတ်ကြောင်း အသိပေးကြေညာထားသည်။
