မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းလိုင်စင်များကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား နှင့် မိုင်းရှူးမြို့တို့တွင် လျှောက်ထားနိုင်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။
လက်ရှိတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောက်မျက်ရတနာလုပ်ငန်းနှင့် သက်ဆိုင်သည့် လုပ်ငန်းလိုင်စင်ပေါင်း (၅,၆၀၀)ကျော် ထုတ်ပေးထားကြောင်းလည်း သိရသည်။
မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းက ချထားပေးလျက်ရှိသော ကျောက်မျက်ရတနာ အချောထည်နှင့် လက်ဝတ်ရတနာရောင်းဝယ်ခြင်း လုပ်ငန်းလိုင်စင်၊ ကျောက်မျက်ရတနာ အချောထည်နှင့် ရုပ်တု/ရုပ်ထွင်းများပြုလုပ်ခြင်း လုပ်ငန်းလိုင်စင်နှင့် ကျောက်မျက်ရတနာ အရိုင်း၊ အချောများရောင်းဝယ်ခြင်း လုပ်ငန်းလိုင်စင်များကို ချထားပေးလျက်ရှိကြောင်း သိရသည်။