ရှမ်းပြည်နယ်၊ကျောက်မဲမြို့နယ်ရှိ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် စက်တင်ဘာ ၆ ရက်ညပိုင်းက အဝေးပြေးခရီးငည်တင်(Express)ကားတစ်စီး စလစ်ဖြစ်၍လမ်းဘေးသို့ထိုးကျသွားခဲ့ကြောင်း ကမ်းလင့်လက်များ လူမှုကူညီရေးအ သင်း(နောင်ပိန်)မှ သိရသည်။
ယမန်နေ့ည ၇ နာရီခွဲခန့်က ကျောက်မဲမြို့နယ်ရှိ ပြည်ထောင်စုလမ်းမကြီးအတိုင်း မူဆယ်မြို့မှမောင်းနှင်လာသည့် အဝေးပြေးခရီးသည်တင်ကားသည် ဂုတ်တွင်းအဆင်းအရောက် မိုးရွာနေသဖြင့်လမ်းချော်စလစ်ဖြစ်ကာ လမ်းဘေးသို့ထိုးကျသွားခဲ့ကြောင်း သိရသည်။
“ပြည်ထောင်စုလမ်းမကြီးပေါ်က ကျောင်းကုန်းကျေးရွာနား ဂုတ်တွင်းအဆင်းလမ်းမှာ စလစ်ဖြစ်ပြီးလမ်းဘေးထိုးကျသွားတာပါ တိမ်းမှောက်မှုမရှိသလို ထိခိုက်ဒဏ်ရာရရှိသူလည်းမရှိပါဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
ဖြစ်စဥ်ဖြစ်ပွားချိန်တွင် မိုးရွာသွန်းနေချိန်ဖြစ်၍ အဝေးပြေးခရီးသည်တင်ကားပေါ်၌လိုက်ပါလာသည့် ခရီးသည်များအား ကျောင်းကုန်းကျေးရွာနှင့်ခရီးဆက်သွားလိုခြင်းမရှိသည့် အချို့ခရီးသည်များအား အခင်းဖြစ်နေရာမှ ကျောက်မဲမြို့တို့သို့ ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း(နောင်ပိန်)မှ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
Photo-ကမ်းလင့်လက်များ

