မန္တလေးတိုင်း၊ ကျောက်ပန်းတောင်း – မိတ္ထီလာကားလမ်းရှိ ကြက်မောင်တောင်ကိုင်း တံတားသည် ရေတိုးတို-က်မှုကြောင့် ယနေ့ အောက်တိုဘာ (၃)ရက် နံနက်ပိုင်းက ကျိုးကျခဲ့ကြောင်း သိရသည်။
“လမ်းခေတ္တပိတ်ထားပါတယ်။ ဆယ်နာရီကျော်လောက်ကပါ” ဟု ရောက်ရှိနေသည့် ဒေသခံတစ်ဦးက ပြောသည်။
ကျောက်ပန်းတောင်း မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နောက်ဆက်တွဲအဖြစ် ကြက်မောက်တောင်ဆည် ရေပိုလွှဲမှ ရေလျှံကျနေသည့်အတွက် ကျောက်ပန်းတောင်း – မိတ္ထီလာ ကားလမ်းရေကျော်နေရာမှ ယခုကဲ့သို့ ဖြစ်သွားခြင်း ဖြစ်သည်ဟုလည်း သိရသည်။
“မနေ့ကတောင် ပြန်သွားခွင့်ပေးသေးတယ်၊ ကားတွေ၊ အခု တံတားကျိုးတော့ ခေတ္တပိတ်ထားတယ်၊ ကျန်တာတော့ မသိရသေးဘူး” ဟု ၎င်းက ဆိုသည်။
ကြက်မောက်တောင်ဆည်သည် ကျောက်ပန်းတောင်းမြို့ န ယ်၊ ပုပ္ပါးတောင်ခြေအနီး၌ တည်ရှိခြင်းဖြစ်ကာ ယခုကဲ့သို့ ရေပိုလွှဲမှ ရေများ ရေလျှံခြင်းသည် ပထမဆုံးအကြိမ်ဖြစ် သည်ဟုလည်း ဒေသခံများက ပြောကြသည်။
ထိုကဲ့သို့ တံတားကျိုးခြင်းကြောင့် သီတင်းကျွတ်ရုံးပိတ်ရက်အတွက် ပုဂံဒေသသို့ ခရီးထွက်မည့်သူများမှာလည်း ခရီးနှောင့်နှေးနိုင်သည့်အပေါ် စိုးရိမ်မှုများရှိနေကြသည်။
