Thursday, April 30, 2026

ငလျင်ဒဏ်ကြောင့် ပြန်လည်ပြုပြင်ပြီးနောက် မန္တလေး ဂျက်ဖာဆင်စင်တာ...

၂၀၂၅ ခုနှစ် မန္တလေးငလျင် လှုပ်ခတ်ပြီးနောက် ပြန်လည်ပြုပြင်မွမ်းမံပြီး ၂၀၂၆ ခုနှစ် ဧပြီ ၂၉ ရက်တွင် မန္တလေး ဂျက်ဖာဆင်စင်တာ တရားဝင်...

မအူပင်မြို့တွင် ကဆုန်လပြည့်‌နေ့အထိမ်းအမှတ် ညောင်ရေသွန်းလောင်းပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပမှု...

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့တွင် ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကို ဧပြီလ (၃၀) ရက်နေ့ နံနက်ပိုင်းက ရွှေဘုန်းမြင့်ဘုရားရှေ့၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

ရွှေဘိုအကျဉ်းထောင်မှ အကျဉ်းသား (၆) ဦး...

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၊ အမှတ် (၁၀) ရပ်ကွက်ရှိ ရွှေဘိုအကျဥ်းထောင်တွင် ပြစ်ဒ-ဏ်ကျခံလျက်ရှိသော အကျဉ်းသား (၆) ဦးတို့အား လွတ်ငြိမ်းသက်သာဖြင့် ဧပြီလ (၃၀)...

ဝန်းသိုမြို့တွင် ကဆုန်ညောင်ရေသွန်းပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့၊ စစ်ကဲကြီးရပ်ကွက်၊ မဟာမှန်ကျောင်းကျောင်းတိုက်၊ စတုဗုဒ္ဓမဟာအတုလစေတီတော်မြတ်ကြီးရှိ မဟာဗောဓိညောင်ပင်တွင် ဧပြီလ (၃၀) ရက် ကဆုန်လပြည့်နေ့ နံနက်က ကဆုန်ညောင်ရေသွန်းပွဲ တော်ကျင်းပသည်။ မြန်မာသက္ကရာဇ်...
HomeNewsLocal Newsကျောက်ပန်းတောင်းတွင် ချောင်းရေနှင့်အတူ မျောပါသွားသည့်...

ကျောက်ပန်းတောင်းတွင် ချောင်းရေနှင့်အတူ မျောပါသွားသည့် အမျိုးသားအား ယနေ့နံနက်ပိုင်းတွင် ‌ေ သ-ဆုံးလျက်ပြန်တွေ့

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ဆည်ပေါက်ကျေးရွာအနီးတွင် အောက်တိုဘာ (၉) ရက် ညနေပိုင်းက အမျိုးသားတစ်ဦးချောင်းရေစီးနှင့်အတူ မျောပါသွားခဲ့ပြီး အ-လောင်းအား ယနေ့ နံနက်ပိုင်းတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ ညနေ (၅)နာရီ (၄၅)မိနစ်ခန့်က အမျိုးသားတစ်ဦးသည် ကျောက်ပန်းတောင်းမြို့နယ်၊ ဆည်ပေါက်ကျေးရွာအနီးရှိ ဆည်ပေါက်ရေကျော်ချောင်းအတွင်း ချောင်းရေကျချိန်တွင် ဖြတ်ကူးရာမှ ချောင်းရေစီးနှင့်အတူ မျောပါကာ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပျောက်ဆုံးသွားသဖြင့် ကျောက်ပန်းတောင်းမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ ကျေးရွာနေသူများ ပူးပေါင်း၍ ရှာဖွေခဲ့ကြသော်လည်း ပြန်လည်တွေ့ရှိခဲ့ခြင်းမရှိသဖြင့် ယနေ့ အောက်တိုဘာ (၁၀) ရက်တွင် ဆက်လက်ရှာဖွေခဲ့ကြခြင်း ဖြစ်သည်။

ယင်းသို့ ရှာဖွေရာမှ ယနေ့ နံနက် (၈) နာရီ (၁၅) မိနစ်ခန့်တွင် ချောင်းရေနှင့်အတူ မျောပါပျောက်ဆုံးသွားသူ၏ ရုပ်အ-လောင်းအား ပြန်လည်တွေ့ရှိခဲ့ရသဖြင့် သုဂတိရှင်နာရေးကူ ညီမှုအသင်းမှ ကျောက်ပန်းတောင်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ငလျင်ဒဏ်ကြောင့် ပြန်လည်ပြုပြင်ပြီးနောက် မန္တလေး ဂျက်ဖာဆင်စင်တာ တရားဝင် ပြန်လည်ဖွင့်လှစ်

၂၀၂၅ ခုနှစ် မန္တလေးငလျင် လှုပ်ခတ်ပြီးနောက် ပြန်လည်ပြုပြင်မွမ်းမံပြီး ၂၀၂၆ ခုနှစ် ဧပြီ ၂၉ ရက်တွင် မန္တလေး ဂျက်ဖာဆင်စင်တာ တရားဝင် ပြန်လည်ဖွင့်လှစ်လိုက်သည်။ ဖွင့်ပွဲကို သံရုံးအကြီးအကဲ ဒေါက်ဂ်ဆောန်နစ်ခ်က အထူးဧည့်ခံပွဲကျင်းပ၍ တရားဝင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။ မန္တလေး ဂျက်ဖာဆင်စင်တာသည် မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၌ တည်ရှိသည်။ ထိုဂျက်ဖာဆင်စင်တာသည် အမေရိကန်ပြည်ထောင်စုနှင့် အထက်မြန်မာပြည်ကြား ဆယ်စုနှစ်ပေါင်းများစွာ အရေးပါသော ပေါင်းကူးတံတားတခုအဖြစ် တည်ရှိခဲ့ကြောင်းလည်း ဆိုထားသည်။

မအူပင်မြို့တွင် ကဆုန်လပြည့်‌နေ့အထိမ်းအမှတ် ညောင်ရေသွန်းလောင်းပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပမှု မြင်ကွင်း။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့တွင် ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကို ဧပြီလ (၃၀) ရက်နေ့ နံနက်ပိုင်းက ရွှေဘုန်းမြင့်ဘုရားရှေ့၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

ရွှေဘိုအကျဉ်းထောင်မှ အကျဉ်းသား (၆) ဦး လွတ်ငြိမ်းခွင့်ပြု

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၊ အမှတ် (၁၀) ရပ်ကွက်ရှိ ရွှေဘိုအကျဥ်းထောင်တွင် ပြစ်ဒ-ဏ်ကျခံလျက်ရှိသော အကျဉ်းသား (၆) ဦးတို့အား လွတ်ငြိမ်းသက်သာဖြင့် ဧပြီလ (၃၀) ရက် နံနက်ပိုင်းက လွတ်ပေးခဲ့ကြောင်းသိရသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ဧပြီလ (၃၀) ရက်ရက်စွဲပါ အမိန့် အမှတ် (၅၁/၂၀၂၆)၊ ပြစ်ဒ-ဏ်လွတ်ငြိမ်းခွင့် အမိန့်ဖြင့် လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ကျရောက်သည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်ဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071