Saturday, June 27, 2026

ဒေါ်လာသန်းရာချီသည့် ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်နိုင်ရန် မြန်မာနိုင်ငံက...

အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့၌ ဇွန်လ ၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် "မြန်မာ-အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲ" (Myanmar-India Business Dialogue) သို့ တက်ရောက်လာကြသည့်...

၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို မြန်မာ့အသံမှ...

ဝေးလံဒေသကျောင်းသားများ အလွယ်တကူ သိရှိနိုင်ရေး စီစဉ် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ဝေးလံဒေသများရှိ ကျောင်းသား၊ ကျောင်းသူများ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ...

ဓာတ်အားဖြန့်ဖြူးမှု တည်ငြိမ်ရေးအတွက် ဓာတ်အားလိုင်းပြုပြင်မည်… ဒေသအချို့...

မိုးရာသီကာလအတွင်း လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး၊ ဓာတ်အားဖြန့်ဖြူးမှု ပိုမိုတည်ငြိမ်ကောင်းမွန်စေရေးနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်မှုမြှင့်တင်နိုင်ရေးအတွက် နေရာအချို့ရှိ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများကို ထိန်းသိမ်းပြုပြင်မည်ဖြစ်ရာ ဒေသအချို့တွင် ယာယီဓာတ်အားပိတ်မှုများနှင့် ဓာတ်အားပြ-တ်တေ-ာက်မှုများ...

(၅)နှစ်အတွင်း တိုင်းပြည်ငြိမ်းချမ်းအောင်ကြိုးစားဆောင်ရွက်မည်၊ EAO များနှင့်ငြိမ်းချမ်းရေးအတွက်သတ်မှတ်ချက်မရှိဘဲဆွေးနွေးမည်ဟု...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဇွန် ၂၆ ရက်တွင်ကျင်းပသည့် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုး တက်မှုအကောင်အထည်ဖော်ရေးဗဟိုကော်မတီအစည်းအဝေး၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ကွာဟမှုရှိနေသည့်နယ်မြေများ ကွာဟမှုမရှိအောင်လုပ်ပေးရန်မှာ မလွဲမသွေဆောင်ရွက်မည့် လုပ်ငန်းတာဝန်တစ်ခုဖြစ်ကာ ယင်းသို့...
HomeNewsLocal Newsကျောက်ဆည်ရှိ အန္တရာယ်ရှိအဆောက်အအုံ (၂၈၉)လုံး...

ကျောက်ဆည်ရှိ အန္တရာယ်ရှိအဆောက်အအုံ (၂၈၉)လုံး မှ အဆောက်အအုံ (၂၃၀) လုံးအားရှင်းလင်းဆောင်ရွက်နိုင်ခဲ့

မန္တလေးငလျင်ကြီးကြောင့် ကျောက်ဆည်ရှိ ထိခိုက်ပျက်စီးခဲ့သည့် အန္တရာယ်ရှိအဆောက်အအုံ (၂၈၉)လုံးအနက်မှ အဆောက်အအုံ (၂၃၀) လုံးအား ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်းရှိငလျင်ဒဏ်သင့် အဆောက်အအုံများကို SOP စနစ်ဖြင့် ဘုတ်အဖွဲ့များ ဖွဲ့စည်းစစ်ဆေးခဲ့ရာ လက်ရှိအချိန်အထိ အဆောက်အအုံ (၅၈၂၇)လုံးအား စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြန်လည်ပြုပြင်နေထိုင်နိုင်မည့် အဆောက်အအုံ (၅ ၅၃၈)လုံး၊ ဦးစားပေးဖြိုဖျက်ရှင်းလင်းရမည့် အန္တရာယ်ရှိအဆောက်အအုံ (၂၈၉)လုံးမှ အဆောက်အအုံ (၂၃၀)လုံးအား ရှင်းလင်းဆောင်ရွက်နိုင်ခဲ့ပြီး ဆောင်ရွက်ရန်ကျန် အဆောက်အအုံ (၅၉)လုံးဖြစ်ကြောင်း သိရသည်။

ကျောက်ဆည်ခရိုင်အတွင်းရှိ ငလျင်ဘေးသင့်ပြည်သူများအတွက် ပျက်စီးသွားသော အဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ရာမှာ လိုအပ်လျက်ရှိသော ဘိလပ်မြေ၊ သံချောင်းနှင့် အထပ်သားပြားများအား စက်ရုံထုတ်အထူးဈေးနှုန်းဖြင့်ရရှိရေးကို ကျောက်ဆည်မြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက စီမံဆောင်ရွက်ပေးခဲ့ပြီး မေလ(၄)ရက်တွင် ဟိုပုံးမြို့မှ ထုတ်လုပ်သော ရှမ်းရိုးမဘိလပ်မြေ (၈၉၆၂)အိတ်၊ ကျောက်ဆည်မြို့၊ M-Steel သံမဏိစက်ရုံမှ ထုတ်လုပ်သော (HRB-400) 10mm (3.9kg) သံချောင်း (၂၃.၂၅) တန်၊ (HRB-400) 16mm (11.5kg) သံချောင်း (၄၂.၇၅)တန်နှင့် ကျောက်ဆည်မြို့၊ ကံကောင်းခြင်းရတနာ ထုတ်လုပ်မှုလုပ်ငန်း ကုမ္ပဏီလီမိတက် (Jew ellery Luck Production Company) သစ်အချောထည်စက်ရုံမှ ထုတ်လုပ်သော 7mm(grade-B) အထပ်သား (၄၈ ၅)ချပ် အသီးသီးတို့အား ပြည်သူများလက်ဝယ်သို့ တိုက် ရိုက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒေါ်လာသန်းရာချီသည့် ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်နိုင်ရန် မြန်မာနိုင်ငံက ပြင်ဆင်ထားရမည့် အချက်များ

အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့၌ ဇွန်လ ၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် "မြန်မာ-အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲ" (Myanmar-India Business Dialogue) သို့ တက်ရောက်လာကြသည့် အိန္ဒိယထိပ်သီး စီးပွားရေးလုပ်ငန်းရှင်များက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် အထူးစိတ်ဝင်စားလျက်ရှိပြီး လုပ်ငန်းဆောင်ရွက်ရန် အခြေအနေကောင်းများရှိပါက အမေရိကန်ဒေါ်လာ သန်းရာချီ ရင်းနှီးမြှုပ်နှံသွားရန် အသင့်ရှိကြောင်း ပြောကြားခဲ့ကြသည်။ အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှနိုက်ငံ​တော်သမ္မတ ၊နိုင်ငံတော်အဆင့် ကိုယ်စားလှယ်အဖွဲ့များနှင့်အတူ UMFCCI မှ တာဝန်ရှိသူများ၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး၊ အိန္ဒိယနိုင်ငံ၏ ကုန်သွယ်ရေးနှင့် စက်မှုလက်မှုကဏ္ဍမှ ထိပ်သီးခေါင်းဆောင်များနှင့် ရင်းနှီးပွင့်လင်းစွာ...

၂၀၂၆ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို မြန်မာ့အသံမှ ထုတ်လွှင့်မည်

ဝေးလံဒေသကျောင်းသားများ အလွယ်တကူ သိရှိနိုင်ရေး စီစဉ် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ဝေးလံဒေသများရှိ ကျောင်းသား၊ ကျောင်းသူများ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို အချိန်မီ အလွယ်တကူ သိရှိနိုင်စေရန် ဇွန် ၂၈ ရက် နံနက် ၆ နာရီမှစတင်၍ မြန်မာ့အသံ (ရေဒီယို) တိုင်းရင်းသားအစီအစဉ်များမှ ထုတ်လွှင့်ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အောင်စာရင်းများကို တစ်ပြည်လုံးအတွက် တစ်ပြိုင်တည်း တစ်ရက်တည်း ထုတ်ပြန်ကြေညာမည်ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ သတ်မှတ်စာစစ်ဌာနများ၏ အောင်စာရင်းများကို မြန်မာ့အသံမှ...

ဓာတ်အားဖြန့်ဖြူးမှု တည်ငြိမ်ရေးအတွက် ဓာတ်အားလိုင်းပြုပြင်မည်… ဒေသအချို့ ယာယီဓာတ်အားပြ-တ်တေ-ာက်နိုင်

မိုးရာသီကာလအတွင်း လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး၊ ဓာတ်အားဖြန့်ဖြူးမှု ပိုမိုတည်ငြိမ်ကောင်းမွန်စေရေးနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင်မှုမြှင့်တင်နိုင်ရေးအတွက် နေရာအချို့ရှိ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများကို ထိန်းသိမ်းပြုပြင်မည်ဖြစ်ရာ ဒေသအချို့တွင် ယာယီဓာတ်အားပိတ်မှုများနှင့် ဓာတ်အားပြ-တ်တေ-ာက်မှုများ ဖြစ်ပေါ်နိုင်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။ ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်အတွင်းရှိ ၆၆ ကေဗွီ လွိုင်လင်-လဲချား-မိုင်းကိုင် ဓာတ်အားလိုင်းမှ ဓာတ်အားရယူထားသော ဝမ်ကုန်း၊ လဲချားနှင့် မိုင်းကိုင်ဓာတ်အားခွဲရုံများတွင် ဓာတ်အားလက်ခံစက်ပစ္စည်းများနှင့် ဓာတ်အားထိန်းချုပ်ခန်းအတွင်းရှိ စက်ပစ္စည်းများကို စစ်ဆေးထိန်းသိမ်းပြုပြင်မည်ဖြစ်သဖြင့် ဇွန် ၂၇ ရက် နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ ဓာတ်အားပိတ်ထားမည်ဖြစ်သည်။...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071