Friday, June 20, 2025

လျှပ်စစ်နှင့် ဆိုလာဓာတ်အားစနစ်သုံးရေတင်စီမံ ကိန်းတို့ဖြင့် မိုးစပါးဧက(၃,၉၀၉)ဧက...

မကွေးတိုင်း၊ မင်းဘူးခရိုင်တွင် လျှပ်စစ်နှင့် ဆိုလာဓာတ်အားစနစ်သုံးရေတင်စီမံကိန်းတို့ဖြင့် မိုးစပါးဧက(၃,၉၀၉) ဧကစိုက်ပျိုးသွားမည်ဟု မင်းဘူးခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းမြစ်)ထံမှ သိရသည်။ မင်းဘူးခရိုင်အတွင်း သီးနှံစိုက်စွမ်းအားနှင့် သီးနှံအထွက်နှုန်းတိုးတက်မြင့်မားစေရန်ရည်ရွယ်၍ ဇွန်...

တောင်ငူမြို့ ခပေါင်းချောင်းရေ မြင့်တက်လာမှုကြောင့် ဒေသခံအိမ်ထောင်စု...

တောင်ငူမြို့တွင် ခပေါင်းချောင်းရေ မြင့်တက်လာမှုကြောင့် ကင်းဆိပ်ကျေးရွာအပါအဝင် ချောင်းနဘေးကျေးရွာနေ ဒေသခံအိမ်ထောင်စု (၂,၀၀၀) ခန့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေကြရကြောင်း သိရသည်။ ချောင်းရေမြင့်တက်လာခြင်းကြောင့် တောင်ငူမြို့ ကင်းဆိပ်ရွာအပြင်...

အနောက်တောင်မုတ်သုံလေ အားအလွန်ကောင်းလာနိုင်ခြင်းကြောင့် မိုးကြီးခြင်းနှင့် မိုးသက်လေပြင်းတို-က်ခတ်ခြင်းဖြစ်ပေါ်နိုင်ဟု...

အနောက်တောင်မုတ်သုံလေ အားအလွန်ကောင်းလာနိုင်ခြင်းကြောင့် ယခုရက်ပိုင်း ဇွန်လ (၂၀) ရက်မှ (၂၅) ရက်အတွင်း တိုင်းနှင့် ပြည်နယ်များအလိုက် မိုးကြီးခြင်းနှင့် မိုးသက်လေပြင်းတို-က်ခ-တ်ခြင်းများဖြစ်ပေါ်နိုင်သည်ဟု မိုး/ဇလ...

အီရန်ကို တို-က်မတို-က် နှစ်ပတ်အတွင်း ဆုံးဖြတ်မည်

တေရန်၏ နျူကလီးယားအစီအစဉ်များနှင့် ပတ်သက်ပြီး စေ့စပ်ညှိနှိုင်းမှုများကို အသစ်တဖန်ပြန်စနိုင်ရေးအတွက် အခွင့်အရေးပေးသည့်အနေဖြင့် အစ္စရေးနှင့် အီရန်ပဋိပက္ခတွင် အမေရိကန်စစ်တပ်က တို-က်ရို-က်ပါဝင်မည်လားဆိုသည်ကို နှစ်ပတ်အတွင်း သူဆုံးဖြတ်သွားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ...
HomeNewsLocal Newsကျောက်ကာ ရွှေဂူနီဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်...

ကျောက်ကာ ရွှေဂူနီဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ်ဘုရားကြီး အနေကဇာတင်လှူပူဇော်မည်

မုံရွာမြို့နယ်၊ ကျောက်ကာရွှေဂူနီ ဘုရားကြီး ဗုဒ္ဓပူဇနိယပွဲ တော်နေ့ဖြစ်သည့် ကဆုန်လပြည့်ကျော် (၈)ရက်တွင် အထိမ်းအမှတ်အဖြစ် ဘုရားကြီးအနေကဇာတင်လှူပူဇော်မည်ဖြစ်ကြောင်း ဘုရားကြီးဂေါပက အဖွဲ့ဝင်များထံက သိရသည်။

ကဆုန်လပြည့်ကျော် (၈)ရက် ၊ နံနက်အာရုဏ်တက်တွင် ဘုရားကြီး၏ သြဝါဒါစရိယ ဆရာတော်ကြီး (၁၂)ပါး ပင့်ဖိတ်၍ အာရုဏ်ဆွမ်းကပ်လှူမည်ဖြစ်ပြီး ဘုရားကြီးအား အနေကဇာတင် လှူပူဇော်ကြမည်ဖြစ်သည်။

ကျောက်ကာရွှေဂူနီ ဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို၂၀၁၉ ခုနှစ်အထိ စည်စည်ကားကားကျင်းပနိုင်ခဲ့ရာမှ ကိုဗစ်ကပ်ရောဂါ ဖြစ်ပြီးနောက်ပိုင်းနှစ်များမှစတင်၍ ဘုရားပွဲတော် မကျင်းပဖြစ်တော့ဘဲ အထိမ်းအမှတ်အဖြစ် အနေကဇာတင်လှူပွဲကိုသာ ကျင်းပဖြစ်တော့ခြင်းဖြစ်သည်။

ကျောက်ကာရွှေဂူနီ ဘုရားစေတီနှင့် ရုပ်ပွားတော်ကြီးကို နေ့စဥ်နံနက် (၆)နာရီမှ (၁၁)နာရီအထိ အဖူးမြှော်ခံနိုင်ရန် ဖွင့်လှစ်ထားပြီး အခါကြီးရက်ကြီး ဥပုဒ်နေ့ကြီးများတွင် နံနက် (၆)နာရီမှ ညနေ(၄)နာရီအထိ ဖွင့်လှစ်ပေးထားကြောင်းသိရသည်။

ကျောက်ကာရွှေဂူနီ ရုပ်ပွားတော်ကြီးကို ဘုရားဖူးများကိုယ်တိုင် ရွှေချကုသိုလ်ယူနိုင်ရန် ဂေါပကအဖွဲ့မှ ရွှေဆိုင်းတချပ်လျင် ကျပ် (၂၀၀၀)နှုန်းဖြင့် ရောင်းချပေးနေပြီး အခြေအနေအရပ်ရပ်ကြောင့် နေ့စဥ်ဘုရားဖူးလာသူ မရှိသလောက်နည်းပါးနေကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လျှပ်စစ်နှင့် ဆိုလာဓာတ်အားစနစ်သုံးရေတင်စီမံ ကိန်းတို့ဖြင့် မိုးစပါးဧက(၃,၉၀၉)ဧက စိုက်ပျိုးမည်

မကွေးတိုင်း၊ မင်းဘူးခရိုင်တွင် လျှပ်စစ်နှင့် ဆိုလာဓာတ်အားစနစ်သုံးရေတင်စီမံကိန်းတို့ဖြင့် မိုးစပါးဧက(၃,၉၀၉) ဧကစိုက်ပျိုးသွားမည်ဟု မင်းဘူးခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းမြစ်)ထံမှ သိရသည်။ မင်းဘူးခရိုင်အတွင်း သီးနှံစိုက်စွမ်းအားနှင့် သီးနှံအထွက်နှုန်းတိုးတက်မြင့်မားစေရန်ရည်ရွယ်၍ ဇွန် ၂၂ ရက်မှစတင်ကာ တညောင်လျှပ်စစ်ရေတင်စီမံကိန်းမှ(၁,၉၈၁)ဧက၊ ရေပုတ်ကလေးဆိုလာဓာတ်အားပေးစနစ်စီမံကိန်းမှ(၁၀၀)ဧက၊ ကျောင်းကုန်းကြီး ဆိုလာဓာတ်အားပေးစနစ်စီမံကိန်းမှ(၂၄၀)ဧကတို့ကို ရေပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ရွာသာကြီးဆိုလာဓာတ်အားပေးစနစ် စီမံ ကိန်းမှ(၅၀၀)ဧက၊ ဘုရားကုန်းဆိုလာဓာတ်အားပေးစနစ်စီမံကိန်းမှ(၈၂)ဧက၊ အောင်ပင်လယ်လျှပ်စစ်စီမံကိန်းမှ(၇၈)ဧက၊ ကျောက်စံလျှပ်စစ်နှင့် ဆိုလာဓာတ်အားစနစ်စီမံကိန်းမှ(၅၂၅)ဧက၊ ကန်းနီဆိုလာဓာတ်အားပေးစနစ်ရေတင်စီမံကိန်းမှ(၄၀၃)ဧကတို့ကိုလည်း ရေပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။ မင်းဘူးခရိုင်အတွင်း မူလဆည်ရေသောက်ဧရိယာနှင့် မိုးကောင်းသောက်ဧရိယာများ၊ အစိုးရဆည်တမံများ၊ လျှပ်စစ်မြစ်ရေတင်စီမံကိန်းများ၊ မြေအောက်ရေစုပ်တင်ခြင်းများ၊ မိုးကောင်းသောက်စနစ်များ စသော ရေရရှိရေးနည်းလမ်းများဖြင့်...

တောင်ငူမြို့ ခပေါင်းချောင်းရေ မြင့်တက်လာမှုကြောင့် ဒေသခံအိမ်ထောင်စု (၂,၀၀၀)ခန့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရ

တောင်ငူမြို့တွင် ခပေါင်းချောင်းရေ မြင့်တက်လာမှုကြောင့် ကင်းဆိပ်ကျေးရွာအပါအဝင် ချောင်းနဘေးကျေးရွာနေ ဒေသခံအိမ်ထောင်စု (၂,၀၀၀) ခန့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေကြရကြောင်း သိရသည်။ ချောင်းရေမြင့်တက်လာခြင်းကြောင့် တောင်ငူမြို့ ကင်းဆိပ်ရွာအပြင် အနီးပတ်ဝန်းကျင် ကျေးရွာများဖြစ်သည့် ရေချမ်း၊ ဆင်ချေပုန်းရပ်ကွက်၊ ကျွန်းတောကုန်းစသည့်တို့မှ ဒေသခံများ ပြောင်းရွှေ့နေကြရခြင်းဖြစ်သည်။ " အခု ခပေါင်းချောင်းရေကြီးတာက ရုတ်တရက် ရေကြီးရေလျှံတာလို့ ပြောလို့ရတယ်။ သူက ချက်ချင်းတက်ချက် ချင်းပြန်ကျတဲ့ အခြေအနေပါ။ ဟိုလို မြစ်ရေတက်လာပြီး ရက်ကြာရေကြီးတဲ့ပုံမျိုးမဟုတ်ပါဘူး အခုတော့ ဆုံးရှုံးနိုင်တဲ့ လူတို့‌၊ ဝက်တို့၊ ဆိုင်ကယ် တန်ဖိုးရှိတာတွေ ပြောင်းရွှေ့ပေးနေပါတယ်"ဟု...

အနောက်တောင်မုတ်သုံလေ အားအလွန်ကောင်းလာနိုင်ခြင်းကြောင့် မိုးကြီးခြင်းနှင့် မိုးသက်လေပြင်းတို-က်ခတ်ခြင်းဖြစ်ပေါ်နိုင်ဟု မိုး/ဇလ အသိပေး

အနောက်တောင်မုတ်သုံလေ အားအလွန်ကောင်းလာနိုင်ခြင်းကြောင့် ယခုရက်ပိုင်း ဇွန်လ (၂၀) ရက်မှ (၂၅) ရက်အတွင်း တိုင်းနှင့် ပြည်နယ်များအလိုက် မိုးကြီးခြင်းနှင့် မိုးသက်လေပြင်းတို-က်ခ-တ်ခြင်းများဖြစ်ပေါ်နိုင်သည်ဟု မိုး/ဇလ အသိပေးထားသည်။ ထို့ကြောင့် ပြည်သူလူထုအနေဖြင့် မိုးရွာသွန်းခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် လေပြင်းတို-က်ခ-တ်ခြင်းကြောင့် အဆောက်အအုံများ၊ သစ်ပင်သစ်ကိုင်းများ၊ ဖိုင်ဘာလိုင်းနှင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပြိုကျယိုင်လဲခြင်းစသော သဘာဝဘေး အန္တရာယ်တို့ ဖြစ်ပေါ်နိုင်သည့်အတွက် ကုန်းမြင့်ဒေသများအနီးတွင် နေထိုင်ကြသူ များအနေဖြင့် မိုးကြိုးပစ်ခြင်းနှင့် မြေပြိုမှုအန္တရာယ်ကို သတိပြုနေထိုင်ကြရန် နှိုးဆော်ထားသည်။ ထို့ပြင် မြန်မာ့ကမ်းရိုးတန်တလျှောက် မြစ်ငယ်ချောင်းငယ်များအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်ကြသူများအနေဖြင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071