ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်ရှိ ကျိုင်းတုံ-မိုင်းခတ်သွားကားလမ်းပေါ်၌ လိုင်စင်မဲ့ကားမောင်းလာသည့် အမျိုးသား (၃) ဦးအား လက်နက်ခဲယမ်းများ၊ စိတ်ကြွဆေးပြားများနှင့်အတူ စက်တင်ဘာ (၂၆) ရက်ကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယင်းနေ့က လုံခြုံရေးအဖွဲ့ဝင်များသည် ကျိုင်းတုံ – မိုင်းခတ်သွား ကားလမ်းပေါ်၌ ကျိုင်းတုံဘက်မှ မိုင်းခတ်ဘက်သို့ အမျိုးသားတစ်ဦးမောင်းနှင်ကာ အမျိုးသား (၂) ဦးလိုက်ပါလာသည့် ကားကို တားဆီးစစ်ဆေးခဲ့ရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ယင်းသို့ စစ်ဆေးရာ ၎င်းတို့မောင်းနှင်စီးနင်းလာသည့်ကားမှာ လိုင်စင်မဲ့ကားဖြစ်ပြီး ကားပေါ်မှ ပစ္စတိုသေ_နတ် (၁၂) လက်၊ ခြောက်လုံးပြူး သေ-နတ် (၁) လက်၊ ကျည်မျိုးစုံ (၅၅၀) တောင့်နှင့် စိတ်ကြွဆေးပြား (၄၀၀၀) ပြားတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် လက်နက်ခဲယမ်းများ၊ စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသူ (၃) ဦးအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရန် လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။