ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့တွင် ယနေ့ ဇွန် ၁၇ ရက်မွန်းတည့် ၁၂ နာရီ ၄၅ မိနစ်ခန့်က နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ကျိုင်းတုံမြို့၊ ရပ်ကွက်(၁)၊ နောင်လျန့်ရွာ၊ အ.မ.က (၆)ကျောင်းအနီးတွင် နေအိမ်မီးလောင်မှုဖြစ်ပွား၍ ကျိုင်းတုံခရိုင်/မြို့နယ်မီးသတ်စခန်းတို့မှ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များကငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည် ၁ နာရီတွင်မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် စတင်လောင်ကျွမ်းရသည့်အကြောင်း ရင်းနှင့်ပျ-က်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာမီး သတ်တပ်ဖွဲ့စခန်းမှ တာဝန်ရှိသူများကစစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။