Saturday, January 3, 2026

မာဒူရိုအပေါ် ထရမ့်၏ ခြိမ်းခြောက်မှုများအပြီးတွင် အမေရိကန်က...

ဗင်နီဇွဲလားသမ္မတ နီကိုလက်စ် မာဒူရိုအား သမ္မတ ဒေါ်နယ်ထရမ့်က လပေါင်းများစွာ ခြိမ်းခြောက်ခဲ့ပြီးနောက် မြို့တော် ကာရာကတ်စ်တွင် ပေ-ါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး ဗင်နီဇွဲလားနိုင်ငံအတွင်းသို့ အမေရိကန်က...

ပါမောက္ခချုပ်ဆရာတော်ကြီး ဇန်နဝါရီ ၇ ရက်တွင်...

ပါမောက္ခချုပ်ဆရာတော်ကြီးသည် ဇန်နဝါရီ ၇ ရက်နေ့လည် ၁ နာရီတွင် မန္တလေးတိုင်း၊ မိတ္ထီလာမြို့ရှိ အသောကာရုံရေလည်ကျောင်းတိုက်ကြီးအတွင်းကျင်းပမည့် အထူးတရားပွဲ၌ နိဗ္ဗာန်ရောက်ကြောင်းတရားတော်များကို ဟောကြားတော်မူသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ...

၂၀၂၅တွင်တရုတ်၏အကြီးဆုံးကမ်းလွန်သဘာဝဓာတ်ငွေ့သိုက်မှတန်ချိန် ၄ ဒဿမ ၅...

ဟိုင်ကူး၊ ဇန်နဝါရီလ ၂ တရုတ်နိုင်ငံ၏ အကြီးဆုံး ကမ်းလွန်သဘာဝဓာတ်ငွေ့သိုက်ဖြစ်သော ပင်လယ်နက်အမှတ် (၁) သည် စတင်လည်ပတ်ချိန်မှစ၍ ရေနံစိမ်းအကြိမ်ရေ ၁၀၀ မြောက် တင်ပို့မှုကို...

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စားသောက်ကုန်တင်ပို့ရန် GACC...

လေးနှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ စားသောက်ကုန်တင်ပို့ရန်အတွက် တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) တွင် မှတ်ပုံတင်လျှောက်ထားသည့် အစောင်ရေ ၃၈၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း...
HomeNewsLocal Newsကျိုင်းခမ်းရေလှောင်တမံဘက်စုံစီမံကိန်းရာနှုန်းပြည့်နီးပါးတည်ဆောက်ပြီးစီး

ကျိုင်းခမ်းရေလှောင်တမံဘက်စုံစီမံကိန်းရာနှုန်းပြည့်နီးပါးတည်ဆောက်ပြီးစီး

ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ရပ်စောက်မြို့နယ်၊ ကျိုင်းခမ်းကျေးရွာအနီးရှိ နမ့်အက်ချောင်းပေါ်တွင် တည်ဆောက်လျက်ရှိသည့် ကျိုင်းခမ်းရေလှောင်တမံ ဘက်စုံစီမံကိန်းသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ရာနှုန်းပြည့်နီးပါးတည်ဆောက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် တမံအတွင်း ကန်ရေပြည့်အမှတ်အထက်သို လှောင်ထားပြီးဖြစ်ရာ တာဘိုင် Unit (1) နှင့် (2) လည်ပတ်၍ လျှပ်စစ်ဓာတ်အားများစတင်စမ်းသပ်ထုတ်လွှတ်နိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိပြီး ရေဧကပေ (၃၅၀,၀၀၀) ခန့်သိုလှောင်နိုင်သည့် ကျိုင်းခမ်းရေလှောင်တမံဘက်စုံစီမံကိန်းအနေဖြင့် လျှပ်စစ်တပ်ဆင်ဓာတ်အား ၁၀ မဂ္ဂါဝပ် (၅ မဂ္ဂါဝပ် x ၂ လုံး) ဖြင့် နှစ်စဉ်လျှပ်စစ်စွမ်းအင် ၂၄ ကီလိုဝပ် နာရီသန်းပေါင်း ထုတ်လွှတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ ထုတ်လွှတ်ရေများကို ဆက်သွယ်မြောင်းမှတစ်ဆင့် ဇော်ဂျီရေလှောင်တမံနှင့် မြို့ကြီးရေလှောင်တမံတို့သို့ရေကူဖြည့်သွင်းပေးနိုင်မည်ဖြစ်၍ ယင်းရေလှောင်တမံနှစ်ခုတို့မှ ရေအားလျှပ်စစ်ပိုမိုတိုးမြှင့်ထုတ်လွှတ်နိုင်မည်ဖြစ်ပြီး ဇော်ဂျီရေသောက်စနစ်နှင့် ကင်းတားလက်ယာမြောင်းရေသောက်စနစ်ရှိ လယ်မြေဧရိယာဧက (၁၂၀,၀၀၀) ခန့်၌ သီးထပ်စိုက်ပျိုးခြင်းအတွက် ရေဖူလုံစွာရရှိစေမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျိုင်းခမ်းရေလှောင်တမံဘက်စုံစီမံကိန်း၏ ပင်မတမံတည်ဆောက်ပြီးစီးမှု၊ ရေသိုလှောင်ထားရှိမှုနှင့် ရေအားလျှပ်စစ်စက်ရုံမှ လျှပ်စစ်ဓာတ်အားများ စမ်းသပ်ထုတ်လွှတ်ရန်ဆောင်ရွက်ထားရှိမှုတို့ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်မှ ဇန်နဝါရီ ၂ ရက်နံနက်ပိုင်းကကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မာဒူရိုအပေါ် ထရမ့်၏ ခြိမ်းခြောက်မှုများအပြီးတွင် အမေရိကန်က ဗင်နီဇွဲလားအား တို-က်ခို-က်

ဗင်နီဇွဲလားသမ္မတ နီကိုလက်စ် မာဒူရိုအား သမ္မတ ဒေါ်နယ်ထရမ့်က လပေါင်းများစွာ ခြိမ်းခြောက်ခဲ့ပြီးနောက် မြို့တော် ကာရာကတ်စ်တွင် ပေ-ါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး ဗင်နီဇွဲလားနိုင်ငံအတွင်းသို့ အမေရိကန်က တို-က်ခို-က်မှုများ ပြုလုပ်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြောကြားသည်။ မီရန်ဒါ (Miranda)၊ အာရာဂွာ (Aragua) နှင့် လာဂွိုင်ရာ (La Guaira) ပြည်နယ်များတွင်လည်း တို-က်ခို-က်မှုများ ဖြစ်ပွားခဲ့ကြောင်း ဗင်နီဇွဲလားအစိုးရက ပြောကြားခဲ့ပြီး၊ မာဒူရိုက နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာကာ ကာကွယ်ရေးတပ်ဖွဲ့များကို စုရုံးစေခဲ့သည်။ မျက်မြင်သက်သေများနှင့် လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော ပုံရိပ်များအရ နံနက် ၂...

ပါမောက္ခချုပ်ဆရာတော်ကြီး ဇန်နဝါရီ ၇ ရက်တွင် မိတ္ထီလာမြို့၌ တရားဟောကြားတော်မူမည်

ပါမောက္ခချုပ်ဆရာတော်ကြီးသည် ဇန်နဝါရီ ၇ ရက်နေ့လည် ၁ နာရီတွင် မန္တလေးတိုင်း၊ မိတ္ထီလာမြို့ရှိ အသောကာရုံရေလည်ကျောင်းတိုက်ကြီးအတွင်းကျင်းပမည့် အထူးတရားပွဲ၌ နိဗ္ဗာန်ရောက်ကြောင်းတရားတော်များကို ဟောကြားတော်မူသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အထူးတရားပွဲအား အသောကာရုံရေလည်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယက၊ နိုင်ငံတော်ဩဝါဒါစရိယ၊ သိမ်တောင်နိကာယာဓိပတိ၊ ပြက္ခရွေ့တောင်သာသနာပြု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တ လာဘာဝတ (ဘုန်းဘုန်းလေး) ၏ သက်တော် (၉၆) နှစ်ပြည့် ဝိဏတ မင်္ဂလာပူဇော်ပွဲအဖြစ် ဆင်ယင်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၅တွင်တရုတ်၏အကြီးဆုံးကမ်းလွန်သဘာဝဓာတ်ငွေ့သိုက်မှတန်ချိန် ၄ ဒဿမ ၅ သန်း ထုတ်လုပ်နိုင်ခဲ့

ဟိုင်ကူး၊ ဇန်နဝါရီလ ၂ တရုတ်နိုင်ငံ၏ အကြီးဆုံး ကမ်းလွန်သဘာဝဓာတ်ငွေ့သိုက်ဖြစ်သော ပင်လယ်နက်အမှတ် (၁) သည် စတင်လည်ပတ်ချိန်မှစ၍ ရေနံစိမ်းအကြိမ်ရေ ၁၀၀ မြောက် တင်ပို့မှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း တရုတ်အမျိုးသားကမ်းလွန်ရေနံကော်ပိုရေးရှင်း (စီအင်န်အိုအိုစီ) က သောကြာနေ့တွင် ကြေညာခဲ့ပါသည်။ ၂၀၂၅ ခုနှစ်အတွင်း အဆိုပါဓာတ်ငွေ့သိုက်၏ စုစုပေါင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုသည် ရေနံအလေးချိန်နှင့်ညီမျှသော တန်ချိန် ၄ ဒဿမ ၅ သန်းကျော်ရှိခဲ့ရာ အဆိုပါပမာဏမှာ ကုန်းတွင်းရှိ အလတ်စားရေနံမြေတစ်ခု၏ ထုတ်လုပ်မှုနှင့် နှိုင်းယှဉ်နိုင်သည့် အတိုင်းအတာဖြစ်ပေသည်။ အဆိုပါ စီမံကိန်းကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071