Home News Local News ကျိုက်ထီးရိုးစေတီ တောင်တက်ကားခ ဈေးနှုန်းများ ပြောင်းလဲ

ကျိုက်ထီးရိုးစေတီ တောင်တက်ကားခ ဈေးနှုန်းများ ပြောင်းလဲ

0
98

မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့နာ်ရှိ ကျိုက်ထီးရိုးစေတီတော်တောင်တက်ကားခ ဈေးနှုန်းများကို လက်ရှိ စက်သုံးဆီအခက်အခဲများကြောင့် ပြောင်းလဲလိုက်ကြောင်း သိရသည်။

တိုးမြှင့်ပြောင်းလဲလိုက်သော စျေးသည် ခေါင်းခန်းအတွက် တစ်ဦးလျှင် (၁၁၀၀၀) ကျပ်၊ နောက်ခန်းအတွက် တစ်ဦးလျှင် ( ၉၀၀၀ ) ကျပ်နှုန်း ဖြစ်သည်။

ယမန်နေ့ မတ်(၂၃) ရက်ကစတင်ကာ အဆိုပါစျေးနှုန်းကို ပြောင်းလဲလိုက်ခြင်း ဖြစ်သည်ဟုလည်း သိရသည်။

လက်ရှိ၌ တောင်တော်‌ပေါ် တက်‌ရောက်နိုင်ရန် တောင်တက်ကား အစီး (၁၅၀)ဖြင့် နေ့စဉ်ပြေးဆွဲ‌ပေးလျက်ရှိနေကာ ခရီးသွားများ အန္တရာယ်ကင်းစေရန်အတွက် တောင်တက်ကားများ၏ ကြံ့ခိုင်မှုများကိုလည်း စစ်ဆေးကာ ဝန်ဆောင်မှုပေးလျက်လည်း ရှိနေသည်။

ဓာတ်ပုံ – ကိုထွဋ် (ဆံတော်ရှင်ကျိုက်ထီးရိုး)

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here