Monday, June 29, 2026

MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက် Quick Win...

AI အပါအဝင် ခေတ်မီနည်းပညာများကို MSME ကဏ္ဍတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးချရန် အလေးပေး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်...

လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ လူငယ်သင်တန်းကျောင်းများနှင့် မသန်စွမ်းကျောင်းများမှ ကျောင်းသား၊...

လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ လူငယ်သင်တန်းကျောင်းများနှင့် မသန်စွမ်းကျောင်းများတွင် ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူ (၁၁) ဦးသည် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်ခဲ့ကြကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏...

ယခုနှစ်အတွင်း ပြည်တော်ပြန်မည်ဟု ရှိတ်ဟာစီနာ ကတိပြု

ရာထူးမှ ဖယ်ရှားခံခဲ့ရသည့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာက ၂၀၂၆ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်ဝင်ရောက်မည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့ပြီး ၎င်းအပေါ် မျက်ကွယ်သေဒ-ဏ်ချမှတ်ထားမှုကို ပယ်ချကာ...

ဗိုလ်တထောင်စေတီတော်မြတ်ကြီး၌ ပထမဝါဆိုလပြည့်နေ့တွင် အဘိဓမ္မာ (၇)...

ယနေ့ ဇွန် ၂၉ ရက်တွင်ကျရောက်သည့် ပထမဝါဆိုလပြည့်နေ့တွင် ဗိုလ်တထောင်စေတီတော်မြတ်ကြီး၌ အသံမစဲ အဘိဓမ္မာ (၇) ကျမ်းရွတ်ဖတ်ပူဇော်ပွဲကိုဆင်ယင်ကျင်းပခဲ့ကြောင်း သိရသည်။ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်တထောင်ဘုရားကြီးတိုက်၊ ပတ္တမြားကျောင်းဆရာတော်နှင့်...
HomeNewsLocal Newsကျန်းမာရေးဝန်ကြီးဌာန၏ အထူးကုဆေးကုသရေးအဖွဲ့ တောင်ကြီးမြို့တွင်...

ကျန်းမာရေးဝန်ကြီးဌာန၏ အထူးကုဆေးကုသရေးအဖွဲ့ တောင်ကြီးမြို့တွင် ကွင်းဆင်းကုသမှုဆောင်ရွက်

ဒေသခံပြည်သူ ၁,၆၄၂ ဦးကို အထူးကုကျန်းမာရေးစောင့်ရှောက်မှုပေး

ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခနှင့် အထူးကုဆရာဝန်ကြီး (၁၃) ဦး ပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ဒေသခံပြည်သူများအား ဇွန် ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ကွင်းဆင်း၍ အထူးကုဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါအဖွဲ့တွင် မန္တလေးပြည်သူ့ဆေးရုံကြီး (ခုတင် ၅၀၀)၊ ကလေးဆေးရုံကြီး (မန္တလေး) နှင့် သက်ဆိုင်ရာ ဆေးရုံများမှ ပါမောက္ခနှင့် အထူးကုဆရာဝန်ကြီးများ ပါဝင်ခဲ့ပြီး တောင်ကြီးမြို့ရှိ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများနှင့် ပူးပေါင်း၍ ကုသမှုပေးခဲ့ခြင်းဖြစ်သည်။

ယင်းအစီအစဉ်အတွင်း နှလုံးရောဂါလူနာ ၂၅၀ ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းရောဂါလူနာ ၈၄ ဦး၊ ဦးနှောက်နှင့် အာရုံကြောရောဂါလူနာ ၂၅၄ ဦး၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုသမှုလိုအပ်သူ ၂၄ ဦး၊ အသည်းရောဂါလူနာ ၈၀ ဦး၊ ဆီးချိုနှင့် ဟော်မုန်းရောဂါလူနာ ၂၀၈ ဦး၊ ဆီးနှင့် ကျောက်ကပ်ရောဂါလူနာ ၈၅ ဦး၊ ဆီးနှင့် ကျောက်ကပ်ခွဲစိတ်လူနာ ၃၃ ဦး၊ ရင်ခေါင်းရောဂါလူနာ ၅၃ ဦး၊ အရိုး၊ အကြောနှင့် အဆစ်ရောဂါလူနာ ၄၆၀ ဦး၊ ကလေးသွေးရောဂါနှင့် ကလေးဦးနှောက်၊ အာရုံကြောရောဂါလူနာ ၁၀၅ ဦးတို့အပါအဝင် စုစုပေါင်း ဒေသခံပြည်သူ ၁,၆၄၂ ဦးကို ကြည့်ရှုကုသပေးခဲ့သည်။

ထို့ပြင် နှလုံးပုံရိပ်ဖော်စစ်ဆေးခြင်း (Echocardiography) ၇၇ ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်း မှန်ပြောင်းစစ်ဆေးကုသခြင်း ၁၁ ဦး၊ အူမကြီးမှန်ပြောင်းစစ်ဆေးခြင်း ၇ ဦး၊ ကွန်ပျူတာဓာတ်မှန် (CT Scan) ၂၄ ဦး၊ သံလိုက်ဓာတ်မှန် (MRI) ၂ ဦး၊ ဓာတ်မှန်ရိုက်စစ်ဆေးမှု ၃၄၉ ဦး၊ ဓာတ်ခွဲစမ်းသပ်မှု ၂,၄၆၂ ခု၊ အာထရာဆောင်း (Ultrasound) စစ်ဆေးမှု ၁၅၂ ဦးနှင့် နှလုံးလျှပ်စစ်မှတ်တမ်း (ECG) စစ်ဆေးမှု ၃၂၈ ဦးတို့ကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အထူးပြုရောဂါရှာဖွေစစ်ဆေးမှုနှင့် ကုသမှုများ လိုအပ်သည့် လူနာ ၁၉ ဦးကို သက်ဆိုင်ရာ အထူးကုဆေးရုံကြီးများသို့ လွှဲပြောင်းကုသပေးခဲ့သည်။ လာရောက်ကုသမှုခံယူသူများတွင် တောင်ကြီးမြို့နယ်အပြင် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်ရှိ မြို့နယ်ပေါင်း ၁၁ မြို့နယ်မှ မြို့ပေါ်နှင့် ကျေးလက်ဒေသနေ ပြည်သူများလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုလက်လှမ်းမီစေရန်နှင့် ဆေးကုသမှုကုန်ကျစရိတ် လျော့နည်းစေရန် ရည်ရွယ်၍ ယင်းကဲ့သို့သော အထူးကုကွင်းဆင်းဆေးကုသရေးအစီအစဉ်များကို အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက် Quick Win လုပ်ငန်းများ ဦးစားပေးဆောင်ရွက်ရန် ဒုတိယသမ္မတ ဦးညိုစော တိုက်တွန်း

AI အပါအဝင် ခေတ်မီနည်းပညာများကို MSME ကဏ္ဍတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးချရန် အလေးပေး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အချိန်တိုအတွင်း ရလဒ်ကောင်းများ ဖော်ဆောင်ပေးနိုင်မည့် Quick Win လုပ်ငန်းများကို ဦးစားပေးအကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် AI အပါအဝင် ခေတ်မီနည်းပညာများကို MSME ကဏ္ဍတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးချသင့်ကြောင်း ဒုတိယသမ္မတ ဦးညိုစောက တိုက်တွန်းပြောကြားခဲ့သည်။ အဆိုပါပြောကြားချက်ကို ဇွန် ၂၈ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ စက်မှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ...

လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ လူငယ်သင်တန်းကျောင်းများနှင့် မသန်စွမ်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၁၁) ဦး တက္ကသိုလ်ဝင်တန်း အောင်မြင်

လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ လူငယ်သင်တန်းကျောင်းများနှင့် မသန်စွမ်းကျောင်းများတွင် ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူ (၁၁) ဦးသည် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်ခဲ့ကြကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ တက္ကသိုလ်ဝင်တန်း အောင်မြင်သူများတွင် ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှ အမြင်အာရုံမသန်စွမ်း ကျောင်းသား၊ ကျောင်းသူ ၂ ဦး၊ ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းမှ ၃ ဦး၊ အမျိုးသမီးကလေးများသင်တန်းကျောင်း (မန္တလေး) မှ ၁ ဦး၊ လပွတ္တာ လူငယ့်အားမာန်သင်တန်းကျောင်းမှ ၁ ဦးနှင့် မန္တလေးလူငယ်သင်တန်းကျောင်းမှ ၄ ဦးတို့ ပါဝင်ကြောင်း...

ယခုနှစ်အတွင်း ပြည်တော်ပြန်မည်ဟု ရှိတ်ဟာစီနာ ကတိပြု

ရာထူးမှ ဖယ်ရှားခံခဲ့ရသည့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာက ၂၀၂၆ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်ဝင်ရောက်မည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့ပြီး ၎င်းအပေါ် မျက်ကွယ်သေဒ-ဏ်ချမှတ်ထားမှုကို ပယ်ချကာ ယင်းစီရင်ချက်သည် တရားမဝင်သည့် နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း ဝေဖန်ပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် ကျောင်းသားများဦးဆောင်သည့် ဆန္ဒပြလှုပ်ရှားမှုများအပြီး အစိုးရပြုတ်ကျခဲ့ရာမှ အိန္ဒိယနိုင်ငံသို့ ထွက်ခွာသွားခဲ့သည့် အသက် ၇၈ နှစ်အရွယ် ဟာစီနာက ၎င်းအနေဖြင့် အန္တရာယ်ကို မကြောက်ရွံ့ဘဲ ပြည်တော်ပြန်ရေးအတွက် ကြုံတွေ့ရမည့် အတားအဆီးနှင့် ပူးပေါင်းကြံစည်မှုမှန်သမျှကို ကျော်လွှားသွားမည်ဖြစ်ကြောင်း အိန္ဒိယရုပ်သံလိုင်း NDTV...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071