ငလျင်ဘေးသင့် ဒေသများကို ကျန်းမာရေးနှင့် ကပ်ရောဂါကာကွယ်ရေးဆိုင်ရာ ကူညီပံ့ပိုးပေးသည့် တရုတ်အဖွဲ့ တာဝန်ပြီးဆုံး၍ ကူမင်းမြို့သို့ ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်သည်။
အဆိုပါအဖွဲ့ကို တရုတ်အစိုးရမှ စေလွှတ်ခဲ့ခြင်းဖြစ်ပြီး ငလျင်ဘေးဒဏ်သင့် ဒေသများတွင် လုပ်ငန်းတာဝန်များကို တစ်လကြာအောင်မြင်စွာ ဆောင်ရွက်ပြီးဆုံးခဲ့ခြင်းလည်း ဖြစ်သည်။
ယင်းအဖွဲ့သည် လွန်ခဲ့သည့် တစ်လအတွင်း မန္တလေးတွင် ကွင်းဆင်းလေ့လာရေးများ ပြုလုပ်ခြင်း၊ ပတ်ဝန်းကျင် ပိုးသတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ နမူနာယူပြီးစစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးနည်းများကို ညွှန်ကြားပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းစသည့် လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြသည်ဟု သိရသည်။