၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား နယ်ခြားစောင့်တပ်(ကရင်ပြည်နယ်)မှ အပြည့်အဝထောက်ခံသည်ဟု ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့ နယ်ခြားစောင့်တပ်(ကရင်ပြည်နယ်)မှ စက်တင်ဘာ ၃ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။
ထို့ပြင် ကရင်ပြည်နယ်အတွင်းရွေးကောက်ပွဲများကို တည်ငြိမ်လုံခြုံတရားမျှတစွာကျင်းပနိုင်ရန်နှင့် အားလုံးပါဝင်သောရွေးကောက်ပွဲဖြစ်စေရန်လည်း ကူညီဆောင်ရွက်ပေးသွားမည်ဟု ထုတ်ပြန်ရေးသားခဲ့သည်။
ထို့အတူ နယ်ခြားစောင့်တပ်(ကရင်ပြည်နယ်)အနေဖြင့် နိုင်ငံရေးပါတီများအပေါ်ခွဲခြားမှုမရှိဘဲ တရားမျှတစွာကူညီပေးမည်ဖြစ်ကာ မဲဆန္ဒရှင်များ၏ မဲပေးပိုင်ခွင့်အပေါ် အန္တရာယ်မရှိစေရန်လည်း အထူးအလေးထားကူညီဆောင်ရွက်ပေးသွားမည်ဟု ရေးသားထုတ်ပြန်ခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင်ပြုလုပ်မည့် မြန်မာ နိုင်ငံ၏ရွေးကောက်ပွဲသည် နိုင်ငံအနာဂတ်အတွက် ဒီမိုကရေစီစနစ်သို့ဦးတည်ကာ ပြည်သူများ၏တည်ငြိမ်အေးချမ်းလုံခြုံသောဘဝကိုဖန်တီးနိုင်ရန် အရေးပါသည်ဟု နားလည်ခံယူထားသည်ဟုလည်း ထုတ်ပြန်ချက်၌ရေးသားထားသည်။
