Saturday, January 31, 2026

တိုက်ကြီးမြို့နယ်တွင် မှန်ပြတောင် စက်ဘီးပြိုင်ပွဲ ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ရှိ မှန်ပြတောင်တွင် စက်ဘီးပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်မှ သိရသည်။ အဆိုပါပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဇန်နဝါရီ (၃၀)ရက် မနက်(၈)နာရီအချိန်တွင် မှန်ပြတောင်...

မြန်မာ-ပါကစ္စတန်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲတည်ထောင်ခြင်းဆိုင်ရာအစီအစဉ်ကိုလက်မှတ်ရေးထိုး

မြန်မာ-ပါကစ္စတန်နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကြား မူဝါဒရေးရာညှိနှိုင်းဆွေးနွေးပွဲတည်ထောင်ခြင်းဆိုင်ရာအစီအစဉ်ကို ယနေ့ ဇန်နဝါရီ ၂၆ ရက်က နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ပါကစ္စတန်နိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်...

နိုင်ငံတော် ယာယီသမ္မတမှ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးအားလက်ခံတွေ့ဆုံ

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတသည့်ရွေးကောက်ပွဲ၊ သန့်ရှင်းသည့် ရွေးကောက်ပွဲအဖြစ်ကျင်းပနိုင်ခဲ့မှုကိုဆွေးနွေး နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တာဝန်ပြီးဆုံး၍ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး...

တရုတ်သည် ၂၀၂၆တွင်ပြင်းထန်သောရာသီဥတုကိုပိုမိုခန့်မှန်းနိုင်‌စေမည်

ပေကျင်း၊ ဇန်နဝါရီ ၂၆ တရုတ်နိုင်ငံသည် ပြင်းထန်သော ရာသီဥတုနှင့် ရာသီဥတုဆိုင်ရာ ဖြစ်ရပ်များကို ကြိုတင်ခန့်မှန်းနိုင်မှုနှင့် သတိပေးနိုင်မှု တို့၌ တိုးတက်စေရန်အတွက် ကြိုတင်ခန့်မှန်းမှုစနစ်သစ်ကို အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း...
HomeArticlesကျွန်တော်ရေးခဲ့သောစာအုပ်များ(၁၉)

ကျွန်တော်ရေးခဲ့သောစာအုပ်များ(၁၉)

ကျွန်တော်ရေးသော စာအုပ် များတွင် အခြားစာအုပ်များနှင့်မတူ ဘဲ တစ်မူကွဲပြားနေသော စာအုပ် တစ်အုပ်ပါဝင်ပါသည်။ ‘ဘယ်လိုစာ အုပ်မျိုးလဲ’ဟု မေးလျှင် ‘အမှာစာ ပေါင်းချုပ်စာအုပ်’ဟု ဖြေရမည် ထင်ပါသည်။ ကျွန်တော်ရေးပေးခဲ့ သေ စာအုပ်အမှာစာများကို စုစည်း ထုတ်ဝေသော စာအုပ်ဖြစ်သော ကြောင့်ဖြစ်ပါသည်။ စာအုပ်နာမည် ကို ကျွန်တော့်ဆရာများ ကျွန်တော့် ရေးဖော်များနှင့် သူတို့စာအုပ်များ တစေ့တစောင်းဟု ခပ်ရှည်ရှည်ပေး ခဲ့ပါသည်။

ကျွန်တော့်အမှာစာများကို စု စည်းပြီး စာအုပ်ထုတ်ဖို့ စိတ်ကူးရသူ မှာ ကျွန်တော်မဟုတ်ပါ။ မန္တလေးမှ ကျွန်တော့်မိတ်ဆွေ၊ ရေးဖော်ရေးဖက် စာရေးဆရာဇော်ခိုင်ဦးဖြစ်သည်။ သူ က စာအုပ်အမှာစာများကို စိတ်ဝင် စားသည်။ ‘ရင်မှာစွဲငြိခဲ့ရသော အ မှာမုခ်ဦးများ’ ဆောင်းပါးဖြင့် ရွှေအ မြူတေစာပေဆု (ဆောင်းပါးဆု)ရခဲ့ သူဖြစ်သည်။ သူက စာအုပ်အမှာစာ များကို ‘စာ’တည်းဟူသောအ ဆောက် အအုံထဲသို့ဝင်ရန် မုခ်ဦးအဖြစ် လှလှ ပပတင်စားထားသည်။ သူက ကျွန်တော် ရေးခဲ့သောအမှာစာများ ကို စုစည်းပြီး ထုတ်ချင်ပါသည်ဟု ဆိုလာသည်။ စာအုပ်အတွက် ကျွန်တော်ကြိုက်သလို ပုံစံချပြီး စာ အုပ်နာမည်လည်း ပေးပေးပါဟု လည်း မေတ္တာရပ်ခံသည်။ သို့ဖြင့် ဤ စာအုပ်ပေါ်ပေါက်လာရပါသည်။ ၂ဝ၁၄ ခုနှစ်မှာ မန္တလေး ပိတောက် ရနံ့စာအုပ်တိုက်က ထုတ်ဝေခဲ့ပါ သည်။

ပြန်စဉ်းစားကြည့်တော့ ဆရာ များ၊ မိတ်ဆွေများ၏ စာအုပ်များ တွင် အမှာစာရေးပေးရန် စာရေးသူ များက တောင်းကြသည့်အတွက် ကျွန်တော်ရေးပေးခဲ့သော အမှာစာ များမှာ မနည်းတော့ပြီဖြစ်ကြောင်း သတိပြုမိပါသည်။ ရေးသမျှအမှာ စာများကို မိတ္တူကူး၍ သိမ်းထား သည့်အတွက် လက်ထဲမှာ အဆင် သင့်ရှိနေသည်။

မှတ်မှတ်ရရ ကျွန်တော်စရေး ပေးဖူးသော အမှာစာကလေး ၂ ပုဒ် အကြောင်းကို ပြန်သတိရသည်။ ၂ ပုဒ်စလုံး ၁၉၆၈ ခုနှစ်က ရေးခဲ့ခြင်း ဖြစ်သည်။ ယခုဆိုလျှင် နှစ် ၅ဝ ရှိပါ ပြီ။ ထိုအချိန်က တက္ကသိုလ်မြန်မာစာ ဌာနမှာ ကျွန်တော်ဆရာဖြစ်နေပါပြီ။ စာပေဝါသနာပါသော တပည့် ၃ ယောက်စုပေါင်းပြီး သူပေးရေးသော စာပေဆောင်းပါးများကို ‘ကဗျာအထိ အတွေ့’ခေါင်းစဉ်ဖြင့် ထုတ်ကြရာ အမှာစာ ရေးပေးဖို့ တောင်းသည့် အတွက် ပထမဆုံးရေးပေးခဲ့ရခြင်း ဖြစ်သည်။ ထိုနှစ်မှာပင် စကားအ ကြောင်း စာအကြောင်းဆိုသော စာ အုပ်အတွက်လည်း အမှာစာရေးပေး ခဲ့ရသည်။ စာအုပ်ရေးသူမှာ မြန်မာ စာကျောင်းသားကိုခင်မောင်မြင့် (စာ ရေးဆရာအောင်ပြည့်အဖြစ် ထင်ရှား လာသူ၊ ကွယ်လွန်)ဖြစ်သည်။ ‘စကား အကြောင်း စာအကြောင်း’ခေါင်းစဉ် ဖြင့် ကျွန်တော်ဆောင်းပါးတစ်ပုဒ် ရေးခဲ့ရာ ထိုခေါင်းစဉ်ကို သူ့စာအုပ် နာမည်အဖြစ် သုံးချင်ပါသည်။ အ မှာစာလည်း ရေးပေးပါဟု ဆိုသည့် အတွက် အမှာစာရေးခဲ့ရခြင်းဖြစ် သည်။ ယခုအမှာစာတွေကို ပြန်စု စည်းတော့ ပထမဆုံးရေးသည့် အမှာ စာကလေး ပျောက်နေသည့်အတွက် မထည့်ခဲ့ရပါ။ တော်တော်နှမြောသွား ပါသည်။

ထိုစာအုပ်ထုတ်ချိန်တွင် ကျွန် တော်ရေးခဲ့သော အမှာစာအရေအ တွက်မှာ ၈ဝ ကျော်နေပါပြီ။ ကျွန် တော်ကိုယ်တိုင်ရေးသောစာအုပ်များ အတွက် ရေးသော အမှာစာများ မပါ သေးပါ။ အခြားသူများ၏ စာအုပ် များအတွက် ရေးသောအမှာစာများ ချည်းဖြစ်ပါသည်။ ကိုဇော်ခိုင်ဦး အကြံပေးသည့်အတိုင်း အမှာစာများ ကို အမျိုးအစားခွဲကြည့်ပါသည်။ အမှာစာရေးသောစာအုပ်၏ အ ကြောင်းအရာကို မူတည်၍ ခွဲခြင်း ဖြစ်သည်။ (၁) ကဗျာ (၂) ဝတ္တုပြ ဇာတ် (၃) ဘာသာစကား၊ (၄) စာ သင်ခန်းထဲက မြန်မာစာ၊ (၅) စာပေ သဘောတရား ဝေဖန်ရေးသုတေ သန၊ (၆) စာပေအဖွင့်နှင့် စာပေမိတ် ဖွဲ့ရေး၊ (၇) ဘဝနှင့် စာပေဘဝ အတွေ့အကြုံဟူ၍ ၇ မျိုးရပါသည်။

ကျွန်တော်ရေးပေးရသော အမှာစာတိုင်းကို ဂရုတစိုက်လေး လေးစားစားရေးခဲ့ပါသည်။ မရေးမီ စာအုပ်ကို သေသေချာချာဖတ်သည်။ စာအုပ်ထဲက အကြောင်းအရာကို အမှာစာတွင် အတန်အသင့် မိတ် ဆက်ပေးသည်။ စာအုပ်ထဲက အ ကြောင်းများကို အမှာစာမှာ အကျယ် ပြန်မရေးတော့ပါ။ စာအုပ်ကို ရေး သော စာရေးသူနှင့် သိကျွမ်းရသည့် အမှတ်တရများ၊ စာအုပ်ပါအကြောင်း အရာနှင့် ဆက်စပ်နှီးနွှယ်နေသော အကြောင်းများကို ပဓာနပြု၍ ရေး ပါသည်။ စာအုပ်ကို ဖတ်တော့မည့် စာဖတ်သူအတွက် သိထားသင့်သည့် အကြောင်းအချက်များကို လမ်း ကြောင်းသွယ်၍ ရေးခြင်းဖြစ်ပါသည်။

အသက်ငယ်သေးသော အစော ပိုင်းမှာတော့ ရေးဖော်ရေးဖက်များ၊ မိတ်ဆွေများအတွက် အမှာစာရေး ပေးရသည်။ တစ်ဌာနတည်းမှာ အ တူတူအလုပ်လုပ်သော တက္ကသိုလ် မင်းမော်က ‘သူငယ်ချင်း’ အစချီ သော ကဗျာများ ရေးပြီး အမှတ်စဉ် တပ်၍ ထုတ်သည့် ကဗျာစာအုပ်များ တွင် သူငယ်ချင်း ကဗျာ (၂) အတွက် ကျွန်တော့်ကို အမှာစာရေးခိုင်းသည်။ ကျွန်တော်က အမှာစာကို ‘အကျည်း တန်အမှန်တရားများ’ဟု ခေါင်းစဉ် တပ်ပြီး အမြင်မတော် အကြားမတော် သော အမှန်တရားများကို မြင်တတ် ပြတတ်သော ကဗျာဆရာအဖြစ် သူ့ ကဗျာများဖြင့် သက်သေထူသည်။ ဤစာအုပ်ကို ထုတ်ပြန်အောင် တိုက် တွန်းစီစဉ်သော ဇော်ခိုင်ဦးက သူ့စာ အုပ်ဖြစ်သော အမှာမုခ်ဦးနှင့် သစ် ရွက်ခြောက်လှေကားထစ်များ စာ အုပ်အတွက် အမှာစာတောင်းတော့ သူနှင့်ပထမဆုံး စကားပြောခဲ့ရသည့် အတွေ့အကြုံကို ဇော်ခိုင်ဦးနှင့် ၃ နာရီ ခေါင်းစဉ်တပ်ပြီး အမှာရေးခဲ့ပါ သည်။ ကျွန်တော်တို့ဌာနက လုပ် ဖော်ကိုင်ဖက်၊ မြန်မာစာမိသားစုဝင် အငြိမ်းစားများဖြစ်သော မမိုးမြေတို့ ဒေါက်တာရွှေရွှေတို့ကို ပန်းချီလှ တင်ထွန်းတို့ကို သူတို့စာအုပ်တစ်အုပ် ထွက်ပေါင်း အမှာစာအမြဲရေးပေးရ သည့်အတွက် ဖောက်သည်ဖြစ်နေပါ ပြီ။ လုပ်ဖော်ကိုင်ဖက် ရေးဖော်ရေး ဖက်များ၏ စာအုပ်အတွက် ရေးရ သော အမှာစာများက အများဆုံးဖြစ် သည်။

မြန်မာစာဌာနက ကျွန်တော့် ဆရာများဖြစ်သော ဆရာကြီး ဆရာ မကြီးများ၏ စာအုပ်များအတွက် အမှာစာရေးပေးရခြင်းမှာ ထူးခြား သော အခွင့်အရေးဖြစ်သည်။ ဆရာ ကြီး ဆရာမကြီးများက ‘အမှာစာရေး ပေးပါ’ဟု လိုလိုလားလားတောင်းလာ သည့်အတွက် ဝမ်းသာဂုဏ်ယူစွာ ရေးပေးခဲ့ပါသည်။ ဆရာကြီး ဦးရွှေ သွင်က Ms.Arunstrong မစ္စအမ်း စထရောင်းနှင့် ဆရာကြီး ဦးဖေ မောင်တင်တို့ပြုစုသော A Burmese Phometic Reader ကို မြန်မာသဒ္ဒ ဗေဒဖတ်စာ အမည်ဖြင့် မြန်မာဘာ သာပြန်ပြီး ဒုတိယအကြိမ် ထုတ်ဝေ သောအခါ ကျွန်တော်အမှာစာရေးရ သည့် ဆရာကြီး ဦးမြင့်ကြည်၏ ဆောင်းပါးများကို စုစည်းပြီး စာပေ နှင့် ဂီတ ဂီတနှင့် စာပေ အမည်ဖြင့် ထွက်သောအခါလည်း ကျွန်တော့်ကို အမှာရေးခိုင်းသည်။ ဆရာကြီး ဦး တင်မောင်ဌေး၏ အင်းဝခေတ်ကဗျာ၊ ဆရာမကြီး ဒေါ်စီစီဝင်း၏ ဥပဒေ သုံး မြန်မာစာစာအုပ်များအတွက် လည်း အမှာရေးရပါသည်။ ကျွန် တော့်ဆရာ ဆရာမများက တပည့် ဖြစ်သော ကျွန်တော့်ကို အမှာစာရေး စေခြင်းဖြင့် ချီးမြှင့်ခြင်းဖြစ်သည်ဟု နားလည်မိပါသည်။

ဆရာတက္ကသိုလ်ဘုန်းနိုင်၏ ခပ်သိမ်းကဗျာရှုဖွယ်သာတည့် ပထမ အုပ်မှာ အမှာစာရေးခွင့်ကြုံသည့် အတွက် အမှတ်ထင်ထင်ဖြစ်ရသည်။ ဆရာက ကျွန်တော့်ကို အမှာစာရေး စေချင်ကြောင်း ဆရာ့သားကိုဘုန်း တင့်ကျော်နှင့် မှာကြားလိုက်ပြီး အမှာစာတောင်းသည့်အတွက် ရေး ပေးရသည်။ မိမိလေးစားသော စာ ပေပညာရှင်စာရေးဆရာကြီးက အသိအမှတ်ပြုပြီး ကျွန်တော့်ကို အမှာစာတောင်းခြင်းမှာ ကျွန်တော့် ကို ချီးမြှောက်ခြင်းဖြစ်သည်ဟု ဝမ်း ပန်းတသာခံယူပြီး စာပေအနုပညာ သဘောတရားကျမ်းဖြစ်သော ထို ကျမ်း၏ ဂုဏ်ကို လေ့လာဖော်ထုတ် သည့် အမှာစာရေးခဲ့ပါသည်။

ကျွန်တော်ကြည်ညိုလေးစား သော စာပေပညာရှင် စာရေးဆရာ ကြီး ၂ ဦး၏ စာအုပ်များကို ဆရာ ကြီးများ ကွယ်လွန်ပြီးနောက် ထပ်မံ ပုံနှိပ်သောအခါ ထုတ်ဝေသူ မိတ်ဆွေ များက တိုက်တွန်းသည့်အတွက် ကျွန်တော်အမှာစာရေးရသည့် ဆရာ ဇော်ဂျီ စံပယ်ဖြူမဂ္ဂဇင်းမှာရေးသော ရာမာယဏအကြောင်း ဆောင်းပါး များကို စုစည်းရာ ရာမဆောင်းပါး ပေါင်းချုပ် အဖြစ် ထုတ်ဝေသောအခါ ကျွန်တော်အမှာစာရေးရသည်။ ထို့ အတူ ဆရာမင်းသုဝဏ်၏ မြန်မာ စာ မြန်မာမှုစာအုပ်ကို ဒုတိယအကြိမ် ပြန်ထုတ်သောအခါတွင်လည်း ကျွန် တော်အမှာစာရေးရသည်။ နောက် တစ်အုပ်ကတော့ ကျွန်တော်က အ မှာ စာရေးသည့် တာဝန်သာမက တည်းဖြတ်ဖြည့်စွက်သည့် တာဝန်ပါ ယူရသည်။ ဆရာမောင်သုတ၏ စာ ဆိုတော်များ အတ္တုပ္ပတ္တိကို ပုဂံစာ အုပ်တိုက်က ဖြည့်စွက်ပြီး ရိုက်နှိပ်လို သည့်အတွက် ဆောင်ရွက်ပေးရန် ရာပြည့်စာအုပ်တိုက်မှ ကိုစိုးညွန့်က ပူဆာသည့်အတွက် မူလက မပါသေး သော ကွယ်လွန်ပြီး စာဆို ၂၉ ယောက်၏ အတ္တုပ္ပတ္တိကို ဖြည့်စွက် ပြီး တည်းဖြတ်ပေးရသည်။ ရာပြည့် က ပဉ္စမအကြိမ်အဖြစ် ထုတ်ဝေခဲ့ပါ သည်။

မိတ်ဆွေထုတ်ဝေသူများက ပန် ကြားသည့်အတွက် အမှာစာရေးပေး ရသော စာအုပ်တစ်ခုမှာ သက်ရှိထင် ရှားမရှိတော့သော ရှေးစာဆိုတော် ကြီးများ၊ ရှေးပညာရှင်ကြီးများ၏ စာ အုပ်များဖြစ်သည်။ ပထမငါးခုဟာ ဆရာတော်၏ မဟာဗုဒ္ဓဝင်ဝတ္တုတော် ကြီး၊ မင်းဘူးဦးသြဘာသနှင့် ဆရာ တော်များ ရေးသားသော ဇာတ်တော် ကြီးဆယ်ဘွဲ့ဝတ္တု၊ လက်ဝဲနော်ရထာ ၏ ပျို၊ နိဂုံးခု အဖြေကျက်၊ ဦးပုည ၏ စာပန်းကုံးများစသည်တို့ဖြစ် သည်။ ၂ဝ ရာစု မျက်မှောက်ခေတ် စာပေများထဲမှ ဂျိမ်းလှကျော်၏ မောင်ရင်မောင် မမယ်မဝတ္တု၊ မောင် လူအေးအပါအဝင် သိပ္ပံမောင်ဝ၏ ဝတ္တုဆောင်းပါးများနှင့် နန္ဒ၏ သံ နှင့် မွေးဝတ္တုတို့တွင်လည်း အမှာစာ များ ရေးခဲ့ပါသည်။

ကျွန်တော်အမှာစာတွေ ရေးရ လွန်းသည့်အတွက် ‘ရှေးတုန်းက အမှာတော်ရေး ဦးရှင်ကလေးဆိုတာ ရှိတယ်၊ အခုခေတ်မှာတော့ အမှာ တော်ရေး ဦးခင်အေးပေါ့’ဟု ကျွန် တော့်ဇနီးက ကျီစယ်လေ့ရှိပါသည်။

မောင်ခင်မင် (ဓနုဖြူ)

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071