Wednesday, May 6, 2026

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍...

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန်...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy...

သီလရှင်ဝတ်စုံဖြင့်မော်ဒယ်လျှောက်ခဲ့သည့် အလှမယ်အိမွန်လွင်နှင့် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန် သာသနာရေးဝန်ကြီးဌာနက...

Miss Grand Myanmar ပြိုင်ပွဲ၏ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သူ တာချီလိတ်အလှမယ်အိမွန်လွင်သည် သီလရှင်ဝတ် စုံဝတ်ဆင်ကာ Model Show လျှောက်၍ယှဉ်ပြိုင်ခဲ့၍ ၎င်းအပါအဝင် ပြိုင်ပွဲကျင်ပရေးတာဝန်ရှိသူများကိုအရေးယူပေးရန်...
HomeArticlesကျွန်တော်စာအုပ်သူခိုး

ကျွန်တော်စာအုပ်သူခိုး

လေကမှာရှိသမျှ အမျိုးမျိုး အထွေ ထွေသော သူခိုးတွေထဲမှာ ‘စာအုပ်သူခိုး’ဆိုတာလည်း ပါဝင်ပြီး စာအုပ်သူခိုးများထဲမှာလည်း အမျိုး အစားတွေ အကွဲကွဲ အပြားပြားရှိနေ ကြပြန်ပါတယ်။ စာအုပ်သူခိုးအမျိုး အစား ဘယ်ရွေ့ဘယ်လောက်ရှိသလဲ ဆိုတာတော့ ကျွန်တော်က သုတေ သနလုပ်မထားတော့ ပြောမပြနိုင်ဘူး ပေါ့လေ။ ထူးခြားတဲ့စာအုပ်သူခိုး တစ်ယောက်တော့ တွေ့ဖူးတယ်။

၁၉၉၀ ပြည့်နှစ်လောက်က မှတ်ပါရဲ့။ အဲသည်တုန်းက ‘စာအုပ် အငှားဆိုင်ခေတ်’ မဟုတ်လား။ လူ တွေ အရမ်းစာဖတ်ကြတယ်။ ‘လူ လိမ္မာခေတ်’လို့ ဆိုရမှာပေါ့။ အဲသည် မှာ တချို့က မေးကြမယ်။ ‘ဟိုတုန်း က လူလိမ္မာခေတ်ဆိုတော့ လက်ရှိ ခေတ်ကကော ဘာခေတ်လဲ’လို့။ လက်ရှိခေတ်ကတော့ လူလိမ္မာခေတ် ထက် ပိုပါတယ်။ ‘အလိမ္မာတုံးခေတ်’ ကြီးမဟုတ်လား။ အရွယ်ရောက်ပြီး လူတစ်ရာမှာ လူကိုးဆယ်လောက် မိုဘိုင်းဖုန်းကိုင်နိုင်တယ်။ (ဟန်းဆက် တွေ ဈေးချိုအောင် လုပ်ပေးတဲ့ ပေါက်ဖော်ကြီးကို ကျေးဇူးတင်ရမှာ ပေါ့။) ဆိုက်ကားသမားမှာတောင် ဖုန်းနဲ့။ (အိန္ဒိယမှာတော့ လမ်းဘေး က ဖရဲသီးရောင်းတဲ့ ကုလားမကြီး တောင် လွန်ခဲ့တဲ့နှစ် ၂၀ ကျော် လောက်ကတည်းက ဖုန်းကိုင်နိုင်နေ ပြီ။ အော် …အိန္ဒိယဆိုတာက IT ထိပ်သီးနိုင်ငံကြီး မဟုတ်ပါလား။) ဘာပြောပြော။ ကျွန်တော်တို့ နိုင်ငံ သားတွေလည်း ဆင်းရဲကြတဲ့ ကြား က နည်းပညာအသီးအပွင့်တချို့ကို စားသုံးခွင့်ရနေကြတာဟာ မုဒိတာ ပွားစရာပါ။ ဘိုးတော်ဘုရားလက် ထက်နဲ့တော့ တခြားစီပဲနော့။

ကျွန်တော့်မိတ်ဆွေတစ်ယောက် ရဲ့ သားကလေးဟာ အသက် ၆ နှစ်ပဲ ရှိသေးတယ်။ ဖုန်းပြောတတ်နေပြီ။ FB ကြည့်တတ်နေပြီ။ ဂိမ်းဆော့တတ် နေပြီ။ မိတ်ဆွေက သူ့သားကလေး အတွက် အရမ်းဂုဏ်ယူနေတယ်။ သည် တော့ …ကျွန်တော်က …။

“ကြီးလာတဲ့အခါ ဒီကလေး အိုင်တီပညာမှာ ဘယ်လောက်ထူးချွန် လာမလဲဆိုတာတော့ မပြောတတ်ဖူး ကွ။ မင်းတောင် အရွယ်မတိုင်ခင် မျက်စိမှုန်လာပြီး မျက်မှန်တပ်ရလို့ လေးလုံးဘဝရောက်မှာပဲ” လို့ မှတ် ချက်ပေးလိုက်ပါတယ်။ သည်ကလေး မျိုးတွေ ကြီးပြင်းလာတဲ့အခါမယ် “စာအုပ်စာပေ လူ့မိတ်ဆွေ”ဆိုတဲ့ ဆောင်ပုဒ်ကို တွေ့ရင် ဘာမှန်းညာ မှန်းသိကြမှာ မဟုတ်တော့ဘူးလို့ ကျွန်တော်ထင်ပါတယ်။

စာအုပ်သူခိုးအကြောင်းပြောရ အောင်။ အဲသည် ၁၉၉၀ ပြည့်နှစ် လောက်က သူငယ်ချင်းတစ်ယောက် ဟာ ရပ်ကွက်ထိပ်က နေရာကောင်း ကောင်းမှာ စာအုပ်အငှားဆိုင်ကလေး ဖွင့်ပြီး မိသားစုစားဝတ်နေရေးကို နိုင်နိုင်နင်းနင်း ထိန်းကျောင်းနေခဲ့ပါ တယ်။ တစ်နေ့တော့ သူ့စာအုပ် အငှားဆိုင်ကို သွားရင်း စိတ်လှုပ်ရှား စရာဖြစ်ရပ်နဲ့ ကြုံရပါတယ်။

နေ့ခင်း ၁ နာရီလောက်။ ဖောက် သည်ရှင်းတဲ့အချိန်မှာ အသက် ၃၀ လောက် ရှပ်အင်္ကျီအဖြူ ကော်လာ ခေါင်းတုံး၊ ကချင်ပုဆိုးအစိမ်းကွက်နဲ့ စာကြည့်မျက်မှန်တပ်ထားတဲ့ လက် ပတ်နာရီနဲ့ ဘာနဲ့ သားသားနားနား လူရွယ်တစ်ယောက် ဆိုင်ထဲဝင်လာ ပြီး စာအုပ်စင်တွေကြားမှာ “စာမြည်း” နေပါတယ်။ သည်ငနဲကြည့်ရတာ စာဖတ်ဝါသနာအိုး ရုံးဝန်ထမ်းတစ် ယောက်နဲ့တူပါတယ်။ အမူအရာက လည်း တည်ကြည်အေးဆေးလှပါတယ်။

အဲသည် “စာပေချစ်သူ ပညာ တတ်ဟန်ပေါက်နေတဲ့” ငနဲစာမြည်း နေတာ ၁၀ မိနစ်လောက်ကြာပါ တယ်။ စာအုပ်အငှားဆိုင်ပိုင်ရှင် သူ ငယ်ချင်းကလည်း ဆိုင်ထဲကနေ အပြင်ကို ထွက်လိုက် ရုတ်တရက် ပြန်ဝင်လာလိုက်နဲ့ အမူအရာက ဂနာ မငြိမ်ဘူး။ ကျွန်တော်ကလည်း ဆိုင် ပေါက်ဝက ခုံတန်းလျားကလေးမှာ ထိုင်ပြီး မဂ္ဂဇင်းတစ်အုပ်ထဲက “ပေါ့” (Pop မဟုတ်)သတင်းတွေကို သာမန် ကာလျှံကာ လျှောက်ဖတ်နေတယ်။

စာမြည်းနေတဲ့ ငနဲ ဆိုင်ထဲက နေ ပြန်ထွက်ဖို့ ဟန်ပြင်နေတဲ့အချိန် မှာပဲ ဟောင်ကောင်အက်ရှင်ဗီဒီယို ဇာတ်ကားထဲကလို လှုပ်လှုပ်ရှားရှား ဖြစ်သွားပါတယ်။ ဆိုင်ဝကို ဘယ်က ပေါ်လာမှန်းမသိတဲ့ အရန်မီးသတ်ယူ နီဖောင်းနဲ့ ရဲဘော်နှစ်ယောက်က ပိတ်ရပ်ထားလိုက်ပါတယ်။

“ဟိတ်လူ …နေဦး”လို့ သူ ငယ်ချင်းက ကျားဟိန်းသလိုအော်ပြီး စတိုင်ကောင်းတဲ့ စာချစ်သူရဲ့ လက် တစ်ဖက်ကို ဆွဲထားလိုက်တယ်။ စာချစ်သူက မင်သေသေနဲ့ …

“ဘာပြဿနာရှိလို့လဲ။ ကျုပ်က အစိုးရဝန်ထမ်းနော်။ အိုင်ဒီကတ်ပါ တယ်”လို့ ပြောရုံရှိသေး၊ သူငယ်ချင်း က စာချစ်သူကြီးရဲ့ လက်ထဲက သား ရေလက်ဆွဲအိတ်ကို အတင်းလုယူ လိုက်တယ်။ ပြီးတော့ လက်ဆွဲအိတ် ထဲက စာအုပ်တွေကို စားပွဲပေါ် သွန် ချလိုက်တယ်။ စာအုပ်အငှားဆိုင်တွေ က ပုံစံအတိုင်း ကျောဖုံးက ကတ်ထူ၊ ရှေ့ဖုံးက ပလတ်စတစ်နဲ့ ဝတ္တုစာအုပ် အသစ်တွေ၊ အဲဒီတုန်းက အလွန် အငှားလိုက်တဲ့ ‘ဘတ်ဆဲလားတွေပေါ့။

စာအုပ်တွေထဲမှာ သူငယ်ချင်း ဆိုင်က ‘လမင်းမိုမို’ရဲ့ ဝတ္တုတစ်အုပ် လည်းပါတယ်။ တခြားစာအုပ်တွေ စစ်ဆေးကြည့်လိုက်တော့ စာအုပ် တွေမှာ ရိုက်ထားတဲ့ တံဆိပ်တုံးတွေ အရ လှိုင်မြို့နယ်က စာအုပ်ဆိုင်ပါ တယ်၊ မရမ်းကုန်းမြို့နယ်က စာအုပ် ဆိုင်ပါတယ်၊ အင်းစိန်မြို့နယ်က စာ အုပ်ဆိုင်လည်း ပါတယ်။

“စာအုပ်သူခိုး”လို့ အော်ပြီး သူ ငယ်ချင်းက “စာချစ်သူ”ကြီးကို ဘယ် ညာလက်သီးတွဲတွေ ပစ်သွင်းလိုက် တာ စက်သေနတ်သံထွက်လာသလိုပဲ။ သူငယ်ချင်းက လက်ဝှေ့သမားဟောင်း ကိုး။ ဟိုသတ္တဝါလည်း မျက်နှာကြီး ဖူးရောင်ပြီး ငိုသံပါနဲ့ ဝန်ခံပါတယ်။

“ကျ ..ကျ .. ကျွန်တော် စားဝတ်နေရေးမပြေလည်လို့ပါ ..”

“ဟေ့ကောင် ရွှီးမနေနဲ့။ ငါ လည်း စားဝတ်နေရေး မပြေလည်လို့ ချွေးနှဲစာကလေးနဲ့ စာအုပ်ဆိုင် ကလေး ဖွင့်စားရတာကွ”ဆိုပြီး သူ ငယ်ချင်းက မျက်နှာကို ဖောင်းခနဲ မြည်အောင် ဖြတ်ရိုက်ပြန်တယ်။

“ဒီကောင် နယ်လှည့်သူခိုးပဲ” လို့ အရန်မီးသတ်ရဲဘော်တစ်ယောက် က ပြောတော့ စာအုပ်သူခိုးက ငိုသံ ပါကလေးနဲ့ …

“ဟုတ်ပါတယ် ဆရာ။ ကျွန် တော့်မှာ တစ်နေ့တစ်နေ့ ခြေတိုမ တတ်နယ်လှည့်ပြီး ခိုးနေရပါတယ်။ ခိုးလို့ရတဲ့စာအုပ်ကို ရန်ကုန်မြို့ထဲက စာအုပ်ဆိုင်တွေ ပြန်သွင်းတော့လည်း ဈေးနှိမ်ခံရပါတယ် ခင်ဗျာ။ ငါးရာ တန်စာအုပ်ကို နှစ်ရာလောက်ပဲ ပေး ကြပါတယ်။ ဒီလိုခိုးစားတဲ့ကြားက ကျွန်တော့်မိသားစု ထမင်းနပ်မမှန်ပါ ဘူးခင်ဗျာ”လို့ မျက်ရည်ခံထိုးနေတာ ကို သူငယ်ချင်းက လက်မခံပါဘူး။

“တော်တော်ပလီတဲ့ ကောင်ပါ လား။ သွား …ရဲစခန်းမှာ သွား ပလီတော့”

ဒီလိုနဲ့ စာအုပ်သူခိုးကို အရန်မီး သတ်တွေက ရဲစခန်းကို ပို့လိုက်ပြီး စာအုပ်သူခိုး ဘယ်လိုစခန်းသိမ်းသွား သလဲဆိုတာကိုတော့ ကျွန်တော် မပြောတတ်ပါဘူး။

“ဝတ္တုတစ်အုပ်အတွက် ရင်း ထားတဲ့ ငွေပြန်ရဖို့ ၁၀ ရက်လောက် ဆက်တိုက်ငှားရတယ်။ ၁၀ ရက်ကျော် မှ အမြတ်ထွက်တာ။ တစ်ခါ တလေ အငှားကျဲလို့ ဝတ္တုတစ်အုပ်၊ အရင်း ကျေအောင် တစ်လလောက် ငှားရ တယ်။ ဒီကြားထဲ စာအုပ်ပြန်မအပ်လို့ အိမ်လိုက်တောင်းရသေးရဲ့။ လိုက် တောင်းရပြီဆိုကတည်းက စာအုပ် ငှားခဆုံးပြီသာမှတ်။ အခုလို စာအုပ် သူခိုးနောက်ပါသွားလို့ကတော့ မိအေး နှစ်ခါနာ၊ အနာကြီးနာရောပဲ” လို့ သူငယ်ချင်းက ငိုချင်းရှည်ကြီးချခဲ့ ပါတယ်။

စာပေကို ချစ်မြတ်နိုးလွန်းပေ မယ့် စာအုပ်မဝယ်နိုင် မငှားနိုင်တဲ့ အတွက် စာအုပ်သူခိုးဖြစ်ရတဲ့သူတွေ လည်း ရှိကြပါတယ်။ ဒါလည်း ခွင့် လွှတ်လို့ မရပါဘူး။ “တစ်တက်စား လည်း ကြက်သွန်၊ နှစ်တက်စားလည်း ကြက်သွန်”ဆိုတာမျိုး သူခိုးကတော့ သူခိုးပါပဲ။

ကျွန်တော်လည်း စာအုပ်သူခိုး ပါ။ ကျွန်တော်စာအုပ်ခိုးတဲ့အရွယ်က ကျောင်းမနေရသေးတဲ့ ၅ နှစ်ထဲ ဝင် ခါစ အရွယ်။ အိမ်ရှေ့အိမ်က မိသား စုတွေ ခရီးသွားတုန်း သူတို့အိမ် အောက်ဝင်ကြည့်တော့ စာအုပ် ဟောင်းတွေ ပုံထားတာတွေ့ကော။ အဲသည်စာအုပ်တွေထဲက ကမ္ဘာဦး လူရိုင်းတွေရဲ့ ပုံတွေပါတဲ့ စာအုပ် ခိုးလာခဲ့တာ။ စာဖတ်တတ်မှ ဖတ် ကြည့်တော့ အဲသည်စာအုပ်က “ပညာတန်ဆောင်”ဆိုတဲ့ ပညာရေး မဂ္ဂဇင်းပါ။

ကိုယ်က မသိနားလည်ဘဲ တစ် ခါပဲ စာအုပ်ခိုးမိပါတယ်။ ကိုယ့်အလှည့် ကျတော့ စာအုပ်အခိုးခံရတာ အကြိမ် ပေါင်းများစွာပါပဲ။ ဝဋ်ပဲ ထင်ပါရဲ့။

ကြူးနှစ်

Ads Space Available


Continue reading

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကိုလွှဲပြောင်းပေးအပ်

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် ရုရှားနိုင်ငံ သား(၂)ဦးနှင့် နီပေါနိုင်ငံသား(၁)ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ ယနေ့ မေ ၅ ရက်က မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် မြဝတီမြို့ဝန်းကျင်ရှိဆိုဒ်များအတွင်းသို့ တ ရားမဝင်ဝင်ရောက်နေခဲ့သည့် ဘူရွန်ဒီနိုင်ငံသား(၄)ဦး၊ ကင်ညာနိုင်ငံသား(၃)ဦးနှင့် ယူဂန်ဒါနိုင်ငံသား(၁)ဦးတို့ကိုဘည်း ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီးနောက် ပြည်နှင်နိုင်ရေးအတွက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန် နိုင်ငံတော်သမ္မတမှာကြား

ပညာရေးကဏ္ဍဘက်စုံဖွံ့ ဖြိုးတိုးတက်ရန် နိုင်ငံတော်အစိုးရ၊ မိဘများ၊ ဆရာများ၊ တာဝန်ရှိသူများ၊ နိုင်ငံ သားအားလုံးက တစိုက်မတ်မတ်အလေးထားဆောင် ရွက်ရမည် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်များနှင့်သက်ဆိုင်သည့် လှုပ်ရှားမှုများပြုလုပ်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၅ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များအား ဩဝါဒအမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် လူငယ်စကားဝိုင်းများ၊ စာပေဟောပြောပွဲများ၊ သုတေသနစာတမ်းဖတ်ပွဲများ၊ ပညာရေးနှီးနှောဖလှယ်ပွဲများနှင့် လူငယ်များကိုဘက်ပေါင်းစုံ ထူးချွန်စေမည့်၊ ဗလငါးတန်ပြည့်ဝစေမည့် လှုပ်ရှားမှုများကျင်းရန်မှာကြားသည်။ " မိမိတို့နိုင်ငံကိုကဏ္ဍစုံဖွံ့ဖြိုးတိုးတက်တဲ့...

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်

လူငယ်အားလုံးသည် နိုင်ငံတော်အနာဂတ်ကိုအကောင်အထည်ဖော်မည့် နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ Naypyitaw State Academy ၌ကျင်းပသည့် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်မယ်များအား ဩဝါဒအမှာစကားပြောကြားရာတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ " နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်တဲ့ လူငယ်တွေရဲ့အင်အားနဲ့ တည် ဆောက်ရပါတယ်။ လူငယ်တိုင်းဟာ နိုင်ငံကိုဦးဆောင်နိုင်သူမဖြစ်ပေမယ့် လူငယ်အားလုံးဟာ နိုင်ငံတော်အနာဂတ်ကို အကောင်အထည်ဖော်မယ့် နိုင်ငံတော်ရဲ့လူ့စွမ်းအားအရင်းအမြစ်တွေဘဲဖြစ်ပါတယ်"ဟု နိုင်ငံတော်သမ္မတက ပြောသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် အကျင့်စာရိတ္တ ကောင်းမွန်ပြီး ဗလငါးတန်ပြည့်စုံသည့် ပညာတတ်လူရည်ချွန်လူရည်မွန်များပေါ်ထွက်လာရန် လူငယ်ကဏ္ဍနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071