တင်္နသာရီတိုင်း၊ ကော့ဆိပ်ကမ်းအနီး၌ အပြည်ပြည်ဆိုင်ရာ ကမ်းရိုးတန်းဆိပ်ကမ်းသစ်တစ်ခု တည်ဆောက်ရန် အတွေ့ကြုံရှိ၍ စိတ်ပါဝင်စားသော ကုမ္ပဏီများ တင်ဒါတင်သွင်းနိုင်ရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် (MPA) က ဖိတ်ခေါ်ထားသည်။
ကော့သောင်းဆိပ်ကမ်း၊ တော်ဝင်သံကူကွန်ကရစ် ဆိပ်ခံတံတား၏ တောင်ဘက်ကပ်လျက် မြေနေရာ၌ တည်ဆောက်နိုင်ရေးအတွက် တိုင်းတာခြင်း၊ လေ့လာဆန်းစစ်ခြင်းနှင့် ပုံစံဒီဇိုင်းများ ရေးဆွဲခြင်းလုပ်ငန်းများဆောင်ရွက်ရန်အတွက် ခေါ်ယူခြင်းလည်း ဖြစ်သည်။
တင်ဒါဖွင့်မည့်နေ့ရက်သည် ဒီဇင်ဘာလ ၅ ရက်နေ့ ဖြစ်ကာ တင်ဒါပုံစံကို အမှတ်-၁၀၊ ပန်းဆိုးတန်းလမ်း၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးချုပ်၌ ဝယ်ယူရမည် ဖြစ်သည်။
ဝယ်ယူရမည့်နေ့ရက်သည်လည်း ယခုလ ၂၀ ရက်မှ ၂၈ ရက်နေ့အထိ ရုံးချိန်အတွင်း ဝယ်ယူနိုင်မည် ဖြစ်သည်။
ထို့အပြင် အသေးစိတ်အချက်အလက်များကို မြို့ပြအင်ဂျင်နီယာဌာနထံ မေးမြန်းစုံစမ်းနိုင်ကြောင်း တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က အသိပေးထုတ်ပြန်ထားသည်။
