Wednesday, December 17, 2025

ဝူရှူးအားကစားအဖွဲ့ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့

ထိုင်းနိုင်ငံတွင် ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲ၏ ဝူရှူးအားကစားနည်း၌ မြန်မာဝူရှူးအဖွဲ့သည် ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ...

လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတု ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍...

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ဟုဆို လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတုပြုလုပ်ရောင်းချသူများကို သတင်းပေးတိုင်ကြားချက်အရ ဖမ်းဆီးရမိခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ အဆိုပါ သတင်းပေးတိုင်ကြားမှုအရ...

ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့...

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၏ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့ ဒီဇင်ဘာ ၁၇ ရက်မှစတင်ကာ ထုတ်ပြန်ကြေညာပေးခဲ့ကြောင်း...

နေပြည်တော်တွင် မီးသတ်တပ်ဖွဲ့၏ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များ ငလျင်ဘေးအန္တရာယ်ဆိုင်ရာတုံ့ပြန်ဆောင်ရွက်မှုရှာဖွေကယ်ဆယ်ရေးစွမ်းရည်ပြသ

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ မီးသတ်ဦးစီးဌာန၊ ဗဟိုမီးသတ်စခန်းတွင် ဒီဇင်ဘာ ၁၆ ရက်နံနက်ပိုင်းက မီး သတ်ဦးစီးဌာနတွင်ဖွဲ့စည်းထားသော ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များမှ ငလျင်ဘေးအန္တရာယ်ဆိုင်ရာတုံ့ပြန်ဆောင်ရွက်မှု ရှာဖွေကယ်ဆယ်ရေးစွမ်းရည် ပြသခဲ့ကြကြောင်း...
HomeCelebrities' Newsကိုရီးယား မင်းသား မာဝမ်ဝူးနဲ့ချစ်သူဖြစ်နေပြီဆိုတဲ့သတင်းနဲ့သရုပ်ဆောင်...

ကိုရီးယား မင်းသား မာဝမ်ဝူးနဲ့ချစ်သူဖြစ်နေပြီဆိုတဲ့သတင်းနဲ့သရုပ်ဆောင် ထက်ထက်ထွန်း

အလှမယ်တစ်ဦးဖြစ်သလို သရုပ်ဆောင်ဘက်မှာလည်း အောင်မြင်မှုတစ်ခုရရှိလာသူကတော့ ထက်ထက်ထွန်းပါ။ သူ ကတော့ သရုပ်ဆောင်တစ်ဦးအဖြစ် ရုပ်ရှင်ဇာတ်ကားတွေလည်း ဆက်တိုက်ဆိုသလို ရိုက်ကူးနေပြီဖြစ်ပါတယ်။ လတ်တလောမှာ တော့ ‘မောင်မငိုရဘူးနော်’ ရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်ဝင်တေးကို ကိုရီးယားမင်းသား မာဝမ်ဝူးနဲ့အတူ MTV ရိုက်ကူးခဲ့ပါတယ်။ ကိုရီးယားမင်းသား မာဝမ်ဝူးနဲ့ ချစ်သူဖြစ်နေပြီဆိုတဲ့ ဂယက်နဲ့ သူ့ရဲ့ အချစ်ရေးကိုလည်း သရုပ်ဆောင်ထက်ထက်ထွန်းက အခုလိုပြောပြ ခဲ့ပါတယ်။

”သူနဲ့အတူ အလုပ်လုပ်ခွင့်ရလို့လည်း ဝမ်းသာပါတယ်။ နိုင်ငံ ခြားက သရုပ်ဆောင်နဲ့အတူ သရုပ်ဆောင်ခွင့်ရတယ်ဆိုတာက ကိုယ်တွေ မြန်မာနိုင်ငံမှာရှားသေးတယ်လေ။ ကိုယ့်ကို ရွေးချယ်ပေး တဲ့အတွက်လည်း ဝမ်းသာပါတယ်။ သူ့ဆီကလည်း အတွေ့အကြုံတွေ အများကြီးရတယ်။ နိုင်ငံခြားက အနုပညာရှင်တစ်ယောက်နဲ့ ခင်မင် ရင်းနှီးခွင့်ရတာကိုက အကျိုးရှိပါတယ်။ ချစ်သူတွေဖြစ်ပြီဆိုတဲ့ ဂယက်တွေထသွားတာပေါ့။ ဂယက်ကတော့ အမြဲထနေတာပဲ။ ခံစားမှုကတော့ သူငယ်ချင်းထက် ပိုပြီးခံစားမှု မရှိပါဘူး။ ဒါပေ မဲ့ ရိုက်ကူးနေတဲ့အချိန်မှာတော့ ကိုယ့်ရဲ့ ချစ်သူရည်းစားအဖြစ် Mood ကို အပြည့်ထည့်ပြီးတော့ ရိုက်ကူးခဲ့ပါတယ်။ လမ်းခွဲတဲ့အချိန် မှာလည်း လမ်းခွဲတဲ့ Mood ကို အပြည့်ထည့်ပြီး ရိုက်ခဲ့ပါတယ်။ ရိုက်ကူးနေတဲ့အချိန်မှာလည်း ထက်က Facebook မှာ Story လေးတွေနဲ့ မောင်ဆိုပြီးတင်တာကို ဒီ MTV ရိုက်နေတာမသိတဲ့ ပရိသတ်တွေအတွက်ကတော့ ချစ်သူလို့ ထင်စရာဖြစ်သွားတာပါ။ ထက်ရဲ့ တကယ့်အချစ်ရေးကတော့ ပုံမှန်ပါ ပဲ လူကြီးဆန်တဲ့အချစ် ပါ။ တည်ငြိမ်နေပါတယ်။ အေးအေးဆေးဆေးနဲ့ အဆင်ပြေနေပါ တယ်” လို့ ပြောပါတယ်။

အခုနောက်ပိုင်းမှာ အရင်နဲ့ မတူတော့ဘဲ Miss ပြိုင်ပွဲတွေ များလာသလို Miss တွေလည်း အများအပြား ပေါ်ထွက်လာပြီ ဖြစ်ပါတယ်။ နိုင်ငံကိုယ်စားပြု အလှမယ်တစ်ဦးလည်းဖြစ်တဲ့ ထက်ထက်ထွန်းကို Miss ပြိုင်ပွဲတွေ များလာတာက Miss လောက ရဲ့ တိုးတက်ပြောင်းလဲမှု တစ်ခုအဖြစ် မြင်မိလားလို့ မေးမြန်းခဲ့ရာ …

”အခုကတော့ အရည်အသွေးကို မထိန်းနိုင် ဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောချင်ပါတယ်။ ပြိုင်သာပြိုင်ကြတယ်။ အောင်မြင်ချင်ကြ တယ်။ Popular ဖြစ်ချင်ကြတယ်ဆိုတဲ့ စိတ်နဲ့ ပြိုင်ကြတာများတယ်။ တကယ် ဝါသနာပါလို့ ပြိုင်ကြတာက ရှိတော့ ရှိတယ် နည်းတယ်။ အဲဒီအတွက် ထက်ကတော့ အရည်အသွေးကျလာ တယ်လို့ မြင်တယ်။ Organization တွေအနေနဲ့လည်း တချို့တွေ နိုင်ငံကိုယ်စားပြုအတွက် Miss တွေရွေးတဲ့အခါမှာ ကောင်းတဲ့ သူရွေးတာထက် ကိုယ့်ရဲ့ အကျိုးအမြတ်အတွက် ရွေးကြ တဲ့ Organization တွေလည်း ရှိတယ်။ နောက်တစ်ခုက ရွေးတဲ့ Organization တွေကိုယ်တိုင်က အလှအပလောက်ပဲလိုတယ်လို့ ထင်ကြပြီး ပတ်သက်တဲ့ အသိပညာတွေ အတွေ့ အကြုံတွေ နည်းတာတွေကိုလည်း တွေ့ ရတယ်။ အဲဒီလိုမျိုးတွေ များလာတဲ့ အပေါ်မှာ ထက်ကတော့ Miss လောကက တဖြည်းဖြည်း ပျက်စီး ဆုတ်ယုတ်လာတယ်လို့ ထင်တယ်” လို့ လည်း ထက်ထက်ထွန်းက ပြောပြခဲ့ပါတယ်။

သတင်း၊

ဓာတ်ပုံ – ဇော်ဝင်းအောင်

Ads Space Available


Continue reading

ဝူရှူးအားကစားအဖွဲ့ ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့

ထိုင်းနိုင်ငံတွင် ကျင်းပသည့် ဆီးဂိမ်းပြိုင်ပွဲ၏ ဝူရှူးအားကစားနည်း၌ မြန်မာဝူရှူးအဖွဲ့သည် ငွေတံဆိပ်(၃)ဆု၊ ကြေးတံဆိပ်(၂)ဆု ဆွတ်ခူးနိုင်ခဲ့သည်။ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပနေခြင်း ဖြစ်သည်။ ဆုတံဆိပ်များကို ဝူရှူးအားကစားနည်းမှ ထောက်လုအားကစားပြိုင်ပွဲ အမျိုးသားသွေ့လျန့်(လက်နက်မဲ့) အတွဲ အတိုက်ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ တင်ထူးဝေ+ ရဲရင့်ထွန်းအတွဲ၊ အမျိုးသမီး ဆန်းဆို(၅၆ ကီလို) ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရ ချယ်ရီသန်း၊ အမျိုးသမီးဆန်းဆို (၆၀ ကီလို)ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆုရနှင်းနုဝါ၊ အမျိုးသမီးသွေ့လျန့်(လက်နက်) ပြိုင်ပွဲတွင် တတိယကြေးတံဆိပ်ဆုရ သုပန်ထွာ+...

လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတု ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍ ပြည်သူများအနေဖြင့် စိုးရိမ်စိတ်များမဖြစ်ပေါ်စေရန် ဗဟိုဘဏ်ထုတ်ပြန်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ဟုဆို လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတုပြုလုပ်ရောင်းချသူများကို သတင်းပေးတိုင်ကြားချက်အရ ဖမ်းဆီးရမိခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ အဆိုပါ သတင်းပေးတိုင်ကြားမှုအရ ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍ ပြည်သူများအနေဖြင့် စိုးရိမ်စိတ်များ မဖြစ်ပေါ်စေရေးနှင့် အတုနှင့် အစစ်တို့၏ သိသာထင်ရှားစွာကွဲပြားခြားနားမှုကိုလည်း အသိပေးထားသည်။ ယခုဖမ်းဆီးရမိသည့် ငွေစက္ကူအတုများသည် အရည်အသွေးကောင်းမွန်သော မိတ္တူကူးစက်များကိုအသုံးပြုကာ "A4" စာရွက်များဖြင့် မိတ္တူကူးထားသောကြောင့် အတုမှန်း လွယ်ကူစွာသိရှိနိုင်ကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ကြောင်း သိရသည်။ ငွေစက္ကူအစစ်နှင့်အတုတို့တွင် အလွယ်တကူမျက်မြင်သိရှိနိုင်သော...

ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့ ဒီဇင်ဘာ ၁၇ ရက်မှစတင်ကာထုတ်ပြန်ခဲ့

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၏ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ပထမနှစ် အဝေးသင် သင်တန်းဝင်ခွင့်ရသူများစာရင်းကို ယနေ့ ဒီဇင်ဘာ ၁၇ ရက်မှစတင်ကာ ထုတ်ပြန်ကြေညာပေးခဲ့ကြောင်း သိရသည်။ အဆိုပါ သင်တန်းဝင်ခွင့်ရသူများစာရင်းအား သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၊ ပညာရေးဝန်ကြီးဌာန၏ website ဖြစ်သော www.moe.gov.mm နှင့် အဆင့်မြင့်ပညာဦးစီးဌာန website ဖြစ်သည့် www.dhe.gov.mm တို့တွင်ကြေညာပေးထားကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071