Thursday, May 7, 2026

ရန်ကုန်တိုင်းအတွင်း အများဆုံးနာရီ(၂၀)ခန့်အထိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ရန်ကုန်တိုင်းရှိ မြို့ နယ်/မြို့များအသီးသီးသို့ နေ့စဥ် အနည်းဆုံး(၁၂)နာရီ (၅၆)မိနစ်မှ အများဆုံးနာရီ(၂၀)ခန့်အထိ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က အသိပေးခဲ့သည်။ လျှပ်စစ်ဓာတ်အားကို ၂၀၂၆...

မိတ္ထီလာမြို့နယ်ရှိ ကျေးရွာ(၆၁)ရွာ၌ လျှပ်စစ်ဓာတ်အားပြတ်တောက်နေ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်ရှိ ကျေးရွာ(၆၁)ရွာတွင် ယနေ့ မေ ၇ ရက်နံနက် ၇ နာရီခွဲခန့်မှစတင်၍ လျှပ်စစ် ဓာတ်အားပြတ်တောက်လျက်ရှိသည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနထံမှ...

အလေးချိန်(၁၁,၀၀၀ ကရက်)ရှိ တန်ဖိုးကြီးမားသော မိုးကုတ်ရတနာမြေမှရှာဖွေတွေ့ရှိသည့်...

မန္တလေးတိုင်း၊ မိုးကုတ်ရတနာမြေမှထူးခြားလှပပြီး အရွယ်အစားကြီးမားသည့် အလေးချိန်(၁၁,၀၀၀ က ရက်)ရှိ တန်ဖိုးကြီးမားသော ပတ္တမြားတစ်ပွင့်ကိုရှာဖွေတွေ့ရှိခဲ့ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ မေ ၇...

မြောက်ဥက္ကလာရှိ ဗေဒင်ဆရာနေအိမ် ဓားပြတိုက်မှု ကျူးလွန်သူ...

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာမြို့နယ် ၊ ၂ ရပ်ကွက် ၊ သုဇိတာ ၇ လမ်းတွင်ရှိသည့်ဗေဒင်ဆရာနေအိမ်ကို ဓားမြတိုက်သည့် ကျူးလွန်သူ ၃ ဦးကို...
HomeMyanmar Theatrical Traditionကိုယ်တိုင်ရေး စာအုပ်တစ်အုပ် ထွက်ရှိဖို့...

ကိုယ်တိုင်ရေး စာအုပ်တစ်အုပ် ထွက်ရှိဖို့ အစီစဉ်ရှိတဲ့ မြို့ရွှေမန်းသား ဖိုးချစ်

မြို့ရွှေမန်းသားဖိုးချစ်က လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ ဖေ့စ်ဘုတ်မှာ သူ့ရဲ့ အတွေးအမြင်လေးများကို သူ့ရဲ့ပရိသတ်များ ဖတ်ရှုနိုင်ဖို့အတွက် တင်ပေးလေ့ရှိပါတယ်။ အခု လတ်တလောမှာတော့ သူဟာဖေ့စ်ဘုတ် အသုံးပြုမှုကို ခဏရပ်နားထားပေမယ့် စာတွေကတော့ အရင်လိုပဲ ရေးဖြစ်နေပါတယ်လို့ သိရပါတယ်။ တစ်ချိန်မှာတော့ သူ့အနေနဲ့ သူရေးသား ထားတဲ့စာတွေကို စာအုပ်တစ်အုပ်အဖြစ် ထွက်ရှိဖို့အစီစဉ်ရှိတယ်လို့ သူက ပြောပြပါတယ်။

”ဒီကာလတွေမှာ ကျွန်တော့်ရဲ့ ဖီလင်ခံစားမှုတွေ အများကြီးဖြစ်ပါ တယ်။ ဒါကြောင့် စာတွေလည်းရေးဖြစ်ပါတယ်။ ဒါလေးတွေကို စာအုပ် အနေနဲ့လည်းလုပ်ချင်တယ်။ ကျွန်တော့်မှတ်တမ်းလေးပေါ့လေ။ ထိုင် တွေးနေတာ မျိုးမဟုတ်ဘဲနဲ့ အတွေးပေါ်မှာမှုတည်ပြီးတော့ ဖြစ်ဖြစ်လာတဲ့ အရာလေးတွေဆိုတော့လေ။ အဲဒါလေးတွေကို ကျွန်တော်မှတ်တမ်းထား ချင်ပါတယ်။ ပရိသတ်တွေ စာအုပ်အနေနဲ့လည်း ဖတ်ရမှာပါ။ ပြီးတော့ ကျွန်တော်ဖေ့ဘွတ်စ် ပြန်သုံးတဲ့အခါ ပြန်ရေးတဲ့အခါ ဒါလေးတွေကိုလည်း ဖတ်ပေးပါ”လို့ သူ့ရဲ့ပရိသတ်တွေအတွက် ဖိုးချစ်ကပြော ပြပါတယ်။

ဒါ့အပြင်သူ့ရဲ့ဘဝဖြတ်သန်းမှုကိုလည်းရေးသားဖို့ သူ့မှာစိတ်ဆန္ဒ တွေရှိနေပါသေးတယ်။ မြို့ရွှေမန်းသားဖိုးချစ်က လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ ဖေ့ဘွတ်စ်ကိုတော့ သူကသုံး တတ်ရင်ဆေး မသုံးတတ်ရင်ဘေးလို့ယူဆ သတ်မှတ်ပြီး သုံးတတ်ရင် ကုသိုလ်ဖြစ်ကာ အကျိုးများသလို မသုံးတတ်ရင် အကုသိုလ်များပြီး ရန်ပွားကာအကျိုးမရှိဘူးလို့ သူ့ရဲ့အမြင်ကို ပြောပြပါတယ်။ သူဘာကြောင့် ဖေ့ဘွတ်စ်မသုံးဖြစ်တော့တာလဲဆိုတာကိုတော့သူက…

”ဖေ့စ်ဘုတ် မသုံးဖြစ်တော့ မိသားစုတွေနဲ့ ပရိသတ်တွေနဲ့တော့ စကား ပြောရတာ ဝေးသွားတယ်။ ဒါပေမဲ့ ကျွန်တော်တစ်ခြားအလုပ်တွေ ပိုပြီးတော့လုပ်ဖြစ်တယ်။ တာဝန်ခံမှုမရှိတဲ့ အကောင့်တွေတာ ဝန်ခံမှုမရှိတဲ့ စကားတွေကြောင့် စိတ်မညစ်ချင်ဘူး”လို့ ဖိုးချစ်က ပြောပါတယ်။ မြို့ရွှေမန်းသားဖိုးချစ်က မြန်မာသဘင်ပညာရှင်များ အစည်းအရုံး (ဗဟို)ရဲ့ ဥက္ကဋ္ဌတစ်ဦးလည်းဖြစ်ပြီး မြို့ရွှေမန်းသားလို့ အမည်ပေးထားတဲ့ ရုပ်ရှင်ထုတ်လုပ်ရေးတစ်ခုကိုလည်း တည်ထောင်ထားသူတစ်ဦးဖြစ်ပါတယ်။ ဒါ့အပြင်ဘောလုံး အသင်းကိုလည်း တည်ထောင်ထားပြီး သူကိုယ်တိုင်လည်း ဝင်ရောက်ကစားနေသူ တစ်ဦးပါ။ ဒီလိုမျိုးအလုပ်တွေ မအားလပ်ရအောင် ဖြစ်နေတဲ့သူ့အနေနဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ကတော့ လေ့ကျင့်ခန်းတွေ လုပ်ဖြစ်သလို ရေများများ သောက်ကာ ကျန်းမာရေးကို အထူး ဂရုစိုက်ဖြစ် နေတယ်လို့ပြောပါတယ်။ ဇာတ်သဘင်နဲ့ ပတ်သက်လို့ လည်း ပရိသတ်တွေအနေနဲ့ အသစ်အသစ်သော တင်ဆက်မှုတွေအများကြီး မြင်တွေ့ရဖို့ရှိပါ တယ်လို့ သူကသတင်းပေးခဲ့ပါသေးတယ်။

လင်းအက္ခရာ

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071