Friday, May 1, 2026

တစ်ပတ်အတွင်း တိုက်ပွဲပေါင်း (၁၇) ကြိမ်ဖြစ်ပွားခဲ့ပြီးနောက်...

နယ်မြေရှင်းလင်းမှုနှင့် တိုက်ပွဲဖြစ်စဉ်များ တပ်မတော်စစ်ကြောင်းများသည် ဧပြီလ ၂၄ ရက်တွင် ပင်းမလွတ်ကျေးရွာ၊ ဧပြီလ ၂၉ ရက်တွင် နဘားလမ်းဆုံနှင့် နဘားကျေးရွာတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့...

ကဆုန်လပြည့်နေ့ အထူးသတင်း-ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်က မေတ္တာ၊ စေတနာထားသောအားဖြင့်လည်းကောင်း...

ပဲခူး ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ကျင်းပခဲ့သည့် (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ ယနေ့ ဧပြီ ၃၀ ရက် ကဆုန်လပြည့်(ဗုဒ္ဓနေ့)နံနက်ပိုင်းက (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါ ပကအဖွဲ့မှကြီးမှူးကျင်းပခဲ့သည်။ အဆိုပါ...

ဆရာဒကာ လက်တွဲညီစွာဆောင်ရွက်ပါက ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ကမ္ဘာတည်သရွေ့သန့်ရှင်းတည်တံ့ပြန့်ပွားမည်ဟု...

ဗုဒ္ဓသာသနာတော် ကမ္ဘာ့နိုင်ငံအသီးသီးသို့ခွန်းကားပြန့်ပွားရေးအတွက် ဆရာဒကာ လက်တွဲညီစွာဆောင်ရွက်ပါက ထေရဝါဒဗုဒ္ဓသာသနာတော်မြတ်ကြီး ကမ္ဘာတည်သရွေ့သန့်ရှင်းတည်တံ့ပြန့်ပွားမည်ဟု နိုင်ငံတော်သမ္မ တ ဦးမင်းအောင်လှိုင်ကလျှောက်ထားသည်။ ယနေ့ ဧပြီ ၃၀ ရက်(ကဆုန်လပြည့်-ဗုဒ္ဓနေ့)နံနက်ပိုင်းက ရန်ကုန်မြို့၊...
HomeInternationalကုလအတွင်း‌ရေးမှူးချုပ် ကုလငြိမ်းချမ်းရေးအခန်းကဏ္ဍမီးမောင်းထိုးပြ

ကုလအတွင်း‌ရေးမှူးချုပ် ကုလငြိမ်းချမ်းရေးအခန်းကဏ္ဍမီးမောင်းထိုးပြ

ဘယ်လင်၊ မေ ၁၃

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အင်္ဂါနေ့တွင် ကုလသမဂ္ဂ ငြိမ်းချမ်းရေး လုပ်ငန်းများ ဆောင်ရွက်မှု၏ အခန်းကဏ္ဍကို မီးမောင်းထိုးပြခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများ၏ ထောက်ခံမှုကို ပိုမိုရရှိရန် တောင်းဆိုခဲ့သည်။

ဂျာမနီနိုင်ငံ၊ ဘယ်လင်မြို့၌ ပြုလုပ်သည့် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု ဝန်ကြီးအဆင့်အစည်းအဝေး ၂၀၂၅ သို့ အမှာစကား ပြောကြားရာတွင် ဂူတာရက်စ် က ငြိမ်းချမ်းရေးထိန်းသိမ်းမှုလုပ်ငန်းများ၌ နိုင်ငံအများအပြားကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း ချီးကျူးဂုဏ်ပြုခဲ့ပြီး ၎င်းတို့၏ ကြိုးပမ်းမှုများသည် “ပဋိပက္ခမှ ငြိမ်းချမ်းရေးသို့ နိုင်ငံများကို ငြိမ်းချမ်းစွာ ကူးပြောင်းနိုင်ရေး အတွက် ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြုမှု အရှိဆုံး သင်္ကေတဖြစ်သည်” ဟု ပြောကြားခဲ့သည်။

အတွင်းရေးမှူးချုပ်က ဆယ်စုနှစ်များတစ်လျှောက် ငြိမ်းချမ်းရေးထိန်းသိမ်းသူ ၄,၄၀၀ သည် တာဝန် ထမ်းဆောင်စဉ် ကျဆုံးခဲ့ကြောင်းကိုလည်း မှတ်ချက်ပြုခဲ့သည်။

ရှုပ်ထွေးသောပဋိပက္ခများ၊ ကမ္ဘာလုံးဆိုင်ရာကွဲပြားမှုကြီးထွားလာခြင်း၊ သတင်းမှ-ားများ၊ အကြမ်းဖက်ဝါဒနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများအပါအဝင် ယနေ့ခေတ် ငြိမ်းချမ်းရေးထိန်းသိမ်းသူများ ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ဂူတာရက်စ် က အလေးပေးပြောကြားခဲ့သည်။

“ကုလသမဂ္ဂ စတင်ဖွဲ့စည်းချိန်ကစလို့ ယခုအချိန်ဟာ ကျွန်တော်တို့အနေနဲ့ ပဋိပက္ခတွေ အများဆုံး ကြုံတွေ့နေရပြီး ဘေးကင်းရာ ရှာရင်းနဲ့ ခိုလှုံရာကို ရှာဖွေဖို့အတွက် နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာတဲ့ အရေအတွက် စံချိန်တင် များပြားနေပါတယ်” ဟု ဂူတာရက်စ်က ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းများကို ပိုမိုလိုက်လျောညီထွေဖြစ်အောင်၊ ပြောင်းလွယ်ပြင်လွယ်မှုရှိစေရန်၊ ပြန်လည်ရုန်းထနိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းထားပြီး၊ ထိုလုပ်ငန်းများမှာလည်း တိကျသေချာသောတာဝန်များ၊ ရှင်းလင်းပြီး ကြိုတင် မှန်းဆ၍ရသော ရေရှည်တည်တံ့သည့် အထောက်အပံ့များဖြင့် ကျောထောက်နောက်ခံပြုထားမှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

နှစ်ရက်ကြာကျင်းပ‌သော ဤ အခမ်းအနားကို နိုင်ငံပေါင်း ၁၃၀ ခန့်မှကိုယ်စားလှယ်များ စုဆုံကြပြီး နိုင်ငံရေးဆွေးနွေးပွဲတစ်ခုအနေဖြင့် ငြိမ်းချမ်းရေးထိန်းသိမ်းမှု အနာဂတ်ကို ဆွေးနွေးခဲ့ကြပါသည်။

Ref: ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တစ်ပတ်အတွင်း တိုက်ပွဲပေါင်း (၁၇) ကြိမ်ဖြစ်ပွားခဲ့ပြီးနောက် အင်းတော်မြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်သိမ်းပိုက်PDF အဖွဲ့ဝင်များ ယာယီစိုးမိုးထားသည့် အင်းတော်မြို့အား ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် တပ်မတော်စစ်ကြောင်းများက စစ်ကြောင်းခွဲ၍ ထိုးဖောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ ယနေ့တွင် အင်းတော်မြို့နှင့် ပတ်ဝန်းကျင်ဒေသများကို အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

နယ်မြေရှင်းလင်းမှုနှင့် တိုက်ပွဲဖြစ်စဉ်များ တပ်မတော်စစ်ကြောင်းများသည် ဧပြီလ ၂၄ ရက်တွင် ပင်းမလွတ်ကျေးရွာ၊ ဧပြီလ ၂၉ ရက်တွင် နဘားလမ်းဆုံနှင့် နဘားကျေးရွာတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ယနေ့ ဧပြီလ ၃၀ ရက် နံနက်ပိုင်းတွင် ကန်းနီ၊ နားရခေါင်၊ ကြာအင်း၊ ကျွန်းတောနှင့် ကူဆိပ်ကျေးရွာတို့ကို အဆင့်ဆင့် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ တစ်ပတ်တာအတွင်း တိုက်ပွဲကြီး/ငယ် (၁၇) ကြိမ်ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ပြန်လည်ထူထောင်ရေးနှင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ လက်ရှိတွင် အင်းတော်မြို့အတွင်း၌ တိုက်ပွဲများကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် လူနေအိမ်များ၊ လမ်းတံတားများနှင့် ဌာနဆိုင်ရာ အဆောက်အအုံများကို ပြန်လည်ပြုပြင်ရန်...

ကဆုန်လပြည့်နေ့ အထူးသတင်း-ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်ကျရောက်သည့် ကဆုန်လပြည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်က မေတ္တာ၊ စေတနာထားသောအားဖြင့်လည်းကောင်း နေပြည်တော်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည်အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၁၊ ပုဒ်မခွဲ(၁)အရ ၎င်းကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များကို သတ်မှတ်ထားသည့်နေအိမ်၌ ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ်ပေးလိုက်ကြောင်း သိရသည်။

ပဲခူး ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ကျင်းပခဲ့သည့် (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်

ပဲခူးတိုင်း၊ ပဲခူးမြို့ရှိ ရွှေမော်ဓောစေတီတော်မြတ်ကြီး၌ ယနေ့ ဧပြီ ၃၀ ရက် ကဆုန်လပြည့်(ဗုဒ္ဓနေ့)နံနက်ပိုင်းက (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါ ပကအဖွဲ့မှကြီးမှူးကျင်းပခဲ့သည်။ အဆိုပါ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၇၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်အား ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ တာဝန်ရှိသူများတက်ရောက်၍ ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြသည်။ ယနေ့တွင် ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် အနယ်နယ်အရပ်ရပ်မှဘုရားလာသူများ၊ ညောင်ရေသွန်းလောင်းပူဇော်သူများ၊ စတုဒိသာကျွေးမွေးလှူဒါန်းသူများနှင့် စည်ကားများပြားလျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071