ကုမ္ပဏီ(၃)ခုမှတင်သွင်းလာသော EV ကားအမျိုးအစား(၄)မျိုးသည် ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိလာရာ တာဝန်ရှိသူများမှ သြဂုတ် ၁၁ ရက်က လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သိရသည်။
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ခွင့်ပြုချက်ဖြင့် T & Z Finance Co., Ltd. မှ တရုတ်နိုင်ငံထုတ် GAC Toyota bZ3X အမျိုးအ စား EV ကားများ၊ Grand Sirius Co., Ltd. မှ တရုတ်နိုင်ငံထုတ် NETA X အမျိုးအစား EV ကားများ၊ Shwe Thway Co., Ltd. မှ တရုတ်နိုင်ငံထုတ် BYD SONG L အမျိုးအစား EV ကားများနှင့် BYD SEALION 07 အမျိုးအစား EV ကားများကိုတင်သွင်းလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
