Friday, May 16, 2025

နေပြည်တော် (၈)မြို့နယ်အတွင်းရှိ ငလျင်‌သင့်ပြည်သူများ နေထိုင်ရာ...

နေပြည်တော် (၈)မြို့နယ်အတွင်း ငလျင်‌ဘေးသင့်ပြည်သူများ နေထိုင်ရာတည်းခိုရေး စခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ရာ၌ တည်းခိုရေးစခန်းများ၊ စုရပ်များ၊ ဘုန်းကြီးကျောင်းများ၊...

ကာကွယ်ရေးသဘောတူညီချက် ဂျာမနီနှင့် ဖိလစ်ပိုင် လက်မှတ်ရေးထိုး

ဂျာမနီနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် ကာကွယ်ရေးဆက်ဆံရေး ခိုင်မာစေရန်နှင့် ပူးတွဲလုပ်ဆောင်ချက်များကို မြှင့်တင်ရန် သဘောတူခဲ့ကြသည်ဟု သိရပြီး မနီလာသည် အနောက်ဖိလစ်ပိုင်ပင်လယ်တွင် တရုတ်နှင့် ကာလကြာရှည် အငြင်းပွားနေမှုတွင်...

Apple ၏ iPhone ထုတ်လုပ်မှုကို...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Apple ၏ CEO တင်မ်ကွတ်အား သူ့ကုမ္ပဏီ၏ ထုတ်ကုန်များကို အိန္ဒိယတွင် မထုတ်လုပ်စေလိုကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံမှ...

ဝင်ကြေးအခမဲ့ဖြင့် လာရောက်ကြည့်ရှုလေ့လာဆွေးနွေးနိုင်မည့် (၉)ကြိမ်မြောက် ထိုင်းတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲအား...

ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်တွင် (၉)ကြိမ်မြောက် ထိုင်းတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲအား မြန်မာနိုင်ငံရှိ ထိုင်းတက္ကသိုလ်ကျောင်းသားဟောင်းများအသင်းမှဦးစီး၍ လာမည့် မေ ၂၄ ရက်တွင် နံ နက် ၉...
HomeInternationalကုန်သွယ်မှုမြှင့်တင်ရန် ကွာလာလမ်ပူ-ဘန်ကောက် ကုန်ရထား...

ကုန်သွယ်မှုမြှင့်တင်ရန် ကွာလာလမ်ပူ-ဘန်ကောက် ကုန်ရထား ပြေးဆွဲမည်

နှစ်နိုင်ငံအကြားနှင့် ဒေသတွင်း ကုန်သွယ်ရေးမြှင့်တင်ရန်အတွက် ယခုနှစ်တွင် ကွာလာလမ်ပူ-ဘန်ကောက် တိုက်ရိုက်ကုန်ရထားလမ်းချိတ်ဆက်မှု စတင်ရန် မလေးရှားက စီစဉ်နေသည်ဟု ပို့ဆောင်ရေးဝန်ကြီးကို ကိုးကား၍ နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။
          
ယင်းစီမံကိန်းကို အစိုးရအဖွဲ့နှင့် ဝန်ကြီးချုပ်က အတည်ပြုထားပြီး ယခုနှစ်ကုန်ပိုင်းတွင် ရထားလမ်းဝန်ဆောင်မှုအတွက် လုပ်ငန်းပိုင်းစတင်နိုင်ရန် မျှော်လင့်သည်ဟု သယ်ယူပို့ဆောင်ရေးဝန်ကြီး အန်ထော်နီလုပ် က ပြောကြားသည်ဟု ဘနားမားသတင်းဌာနက တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့သည်။
             
“ကွာလာလမ်ပူ-ဘန်ကောက် တိုက်ရိုက်ရထားလမ်းချိတ်ဆက်မှုက လာအို၊ တရုတ်နဲ့ ဗဟိုအာရှအပါအဝင် အခြားနိုင်ငံများနဲ့ဆက်သွယ်မှုကိုလည်း တိုးတက်စေပါလိမ့်မယ်” ဟု လုပ်က ပြောကြားခဲ့သည်။ စီမံကိန်းဆိုင်ရာ အသေးစိတ်အချက်အလက်များကိုမူ သတင်းတွင် မဖော်ပြခဲ့ပေ။
        
ယင်းကိစ္စနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုမှုကို ထိုင်းနိုင်ငံ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက လတ်တလောတွင် တုန့်ပြန်ဖြေကြားခြင်း မရှိပေ။
             
မလေးရှားသည် ထိုင်းနိုင်ငံနှင့်ထိစပ်နေသည့် ၎င်း၏ နယ်စပ်သို့ ချိတ်ဆက်မည့် တရုတ်ဦးဆောင်သော ရထားလမ်းစီမံကိန်းကို တိုးချဲ့ရန် စဉ်းစားသွားမည်ဟု ပြီးခဲ့သည့်နှစ်တွင် ပြောဆိုထားသည်။ ၄၁၃ မိုင်ရှည်လျားသည့် ရထားလမ်းသည် ၂၀၂၆ နှစ်ကုန်ပိုင်းတွင် အပြီးသတ်မည်ဖြစ်ကာ မလေးရှားနိုင်ငံ၏ အရှေ့ပိုင်းနှင့် အနောက်ပိုင်းကမ်းရိုးတန်းဒေသများကို ဆက်သွယ်ပေးမည်ဖြစ်သည်။
           
တရုတ်သည် မလေးရှားနှင့် ထိုင်းနိုင်ငံတို့၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်သည် တရုတ်နိုင်ငံအပေါ် အခွန်စည်းကြပ်မှု ၁၄၅ ရာခိုင်နှုန်း ချမှတ်ထားသကဲ့သို့ မလေးရှားနှင့် ထိုင်းနိုင်ငံတို့သည်လည်း စည်းကြပ်မှု ၂၄ ရာခိုင်နှုန်းနှင့် ၃၆ ရာခိုင်နှုန်း အသီးသီးချမှတ်ထားမှုကို ရင်ဆိုင်နေရသည်။
        
လုပ် သည် ပြီးခဲ့သည့်သီတင်းပတ်က ဘန်ကောက်သို့သွားရောက်ခဲ့ကာ ထိုင်းနိုင်ငံ သယ်ယူပို့ဆောင်ရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့ပြီး နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန်အတွက် ကွာလာလမ်ပူနှင့် ဘန်ကောက်အကြား ခရီးသွားများအတွက် တိုက်ရိုက်ရထားလမ်းဝန်ဆောင်မှုများ ပြန်လည်အသက်ဝင်လာစေရန် ရည်ရွယ်ထားသည်ဟု အစောပိုင်းတွင် ကြေညာခဲ့သည်။
         
အဆိုပါဝန်ဆောင်မှုအတွက် လက်ရှိရထားလမ်းပိုင်းကို အသုံးပြုသွားမည်ဖြစ်ကာ ပြင်ဆင်မှုများအတွက် မလေးရှားနှင့် ထိုင်း မီးရထားအော်ပရေတာများကို သုံးလအချိန်ပေးထားသည်ဟု ၎င်းက ပြောကြားခဲ့သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နေပြည်တော် (၈)မြို့နယ်အတွင်းရှိ ငလျင်‌သင့်ပြည်သူများ နေထိုင်ရာ တည်းခိုရေးစခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်

နေပြည်တော် (၈)မြို့နယ်အတွင်း ငလျင်‌ဘေးသင့်ပြည်သူများ နေထိုင်ရာတည်းခိုရေး စခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ရာ၌ တည်းခိုရေးစခန်းများ၊ စုရပ်များ၊ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများရှိ ပြည်သူ (၄၆၉) ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည့်အပြင် ပြည်သူ(၂၇၄၀)ဦးတို့အား ကျန်းမာရေးအသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ရေသန့်ဆေးပြား(၁၂၆၀)ပြား၊ ရေတွင်ရေကန်(၂၂၅) ခုအား ကလိုရင်းဆေးခတ်ခြင်းနှင့် အိမ်ထောင်စုများအား ရေမလို လက်သန့်ဆေးရည်(၁၀၆)ဗူးတို့ကိုလည်း ပေးဝေခဲ့ကြောင်း သိရသည်။ ထို့နည်းတူ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် စခန်းသွင်းကျောင်းသား၊ ကျောင်းသူများအား ဆေးစိမ်ခြင်ထောင် (၁၆၄)ခုကို ပေးဝေခဲ့ကြောင်း သိရသည်။ အဆိုပါ လုပ်ငန်းစဉ်များကို...

ကာကွယ်ရေးသဘောတူညီချက် ဂျာမနီနှင့် ဖိလစ်ပိုင် လက်မှတ်ရေးထိုး

ဂျာမနီနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် ကာကွယ်ရေးဆက်ဆံရေး ခိုင်မာစေရန်နှင့် ပူးတွဲလုပ်ဆောင်ချက်များကို မြှင့်တင်ရန် သဘောတူခဲ့ကြသည်ဟု သိရပြီး မနီလာသည် အနောက်ဖိလစ်ပိုင်ပင်လယ်တွင် တရုတ်နှင့် ကာလကြာရှည် အငြင်းပွားနေမှုတွင် ၎င်း၏ ရပ်တည်ချက်ခိုင်မြဲစေရန်အတွက် မဟာမိတ်ဖွဲ့မှုများကို ပြုလုပ်နေခဲ့သည်။ ကာကွယ်ရေးဝန်ကြီး ဂီလ်ဘတ်တို တီအိုဒိုရိုနှင့် ဂျာမန်ကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ်ထရပ်စ်တို့သည် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်သော အစီအစဉ်များကို ဗုဒ္ဓဟူးနေ့က ဘာလင်တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်းနှင့် ဆိုက်ဘာလုံခြုံရေး၊ ကာကွယ်ရေးလက်နက်နှင့် ထောက်ပံ့ပို့ဆောင်ရေး အပါအဝင် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့သွားရန် သဘောတူခဲ့ကြသည်ဟု နိုင်ငံတော်ကာကွယ်ရေးဌာန(DND) က ကြာသပတေးနေ့တွင်...

Apple ၏ iPhone ထုတ်လုပ်မှုကို အိန္ဒိယသို့ မပြောင်းရန် ထရမ့်ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Apple ၏ CEO တင်မ်ကွတ်အား သူ့ကုမ္ပဏီ၏ ထုတ်ကုန်များကို အိန္ဒိယတွင် မထုတ်လုပ်စေလိုကြောင်း ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံမှ ထုတ်လုပ်မှုကို အိန္ဒိယသို့ ပြောင်းရွှေ့ရန် Apple ၏ ဆောင်ရွက်ချက်များကို ဝေဖန်ကာ အမေရိကန်တွင်သာ ဆက်လက်ထုတ်လုပ်ရန်ကိုလည်း တိုက်တွန်းခဲ့သည်။ "မနေ့က တင်မ်ကွတ်နဲ့ ငါပြဿနာအနည်းငယ်ရှိခဲ့တယ်" ဟု ထရမ့်က ပြောကြားခဲ့သည်။ "ငါသူ့ကို 'ငါ့သူငယ်ချင်း၊ ငါမင်းကို အရမ်းကောင်းကောင်းမွန်မွန် ဆက်ဆံပေးတယ်။ မင်းဒီကို ဒေါ်လာ ၅၀၀ ဘီလီယံနဲ့ လာနေတယ်၊ ဒါပေမယ့် အခုငါကြားတာက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071