Looking for something?

Explore the website

Looking for something?

Monday, May 19, 2025

ရမည်းသင်းမြို့နယ်နှင့် ရေတာရှည်မြို့နယ်တို့ရှိ ငလျင်ဒဏ်သင့်သူများအား ကြက်ခြေနီအသင်းက...

မန္တလေးငလျင်ကြီးဒဏ်သင့် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်နှင့် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တို့ရှိ ဒေသခံများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မေ ၁၇ ရက်က ကူညီထောက်ပံ့မှုများပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။ ရမည်းသင်းမြို့နယ် ဝါတိုးရပ်ကွက်၊...

လဟယ်မြို့တွင် အသေးစားရေအားလျှပ်စစ်စီမံကိန်းဖော်ဆောင်နေ

စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၌ လျှပ်စစ်အားပြည့်ဝစွာသုံးစွဲနိုင်ရေးအတွက် ဟွေထိုက် အသေးစားရေအားလျှပ်စစ်စီမံကိန်းအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ဟွေထိုက် အသေးစားရေအားလျှပ်စစ်စီမံကိန်းအား လဟယ်မြို့၏ အနောက်တောင်ဘက်...

ဟိုက်ဒရာဘတ်တွင် မီးလောင်၍ လူ ၁၇...

အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်မြို့တွင် တနင်္ဂနွေနေ့က အဆောက်အအုံတစ်လုံး ဝါယာရှော့ဖြစ်ကာ မီးလောင်သဖြင့် လူ ၁၇ ဦးထက်မနည်း ‌ေ-သဆုံးခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဒေသစံတော်ချိန် နံနက်...

မက္ကဆီကိုသင်္ဘောဘရွတ်ကလင်းတံတားဝင်တို-က်၊သင်္ဘောသားနှစ်ဦး ‌ေ-သဆုံး

ကမ္ဘာတစ်ဝန်း ချစ်ကြည်ရေးခရီးသွားနေသည့် မက္ကဆီကို ရေတပ် ရွက်သင်္ဘောတစ်စီးသည် စနေနေ့က နူးယော့ခ်မြို့ရှိ ဘရွတ်ကလင်တံတားကို ဝင်တို-က်မိခဲ့သောကြောင့် ရွက်တိုင်သုံးခု ကျိုးပဲ့ခဲ့ပြီး သင်္ဘောသားနှစ်ဦး ‌ေ-သဆုံးခဲ့ကြောင်း...
HomeInternationalကုန်တင်သင်္ဘောလေးစင်းယူကရိန်းမှဆက်လက်ထွက်ခွာ

ကုန်တင်သင်္ဘောလေးစင်းယူကရိန်းမှဆက်လက်ထွက်ခွာ

ကုန်တင်သင်္ဘောလေးစင်းယူကရိန်းမှဆက်လက်ထွက်ခွာ

ကိဗ်၊ဩဂုတ် ၇

ယူကရိန်းမှစားသောက်ကုန်များကို တင်ဆောင်ထားသည့် သင်္ဘောလေးစင်းသည် ယူကရိန်းပင်လယ်နက်ဆိပ်ကမ်းများမှ တနင်္ဂနွေနေ့ (သြဂုတ် ၇ ရက်)တွင် ထွက်ခွာသွားခဲ့ကြောင်း ယူကရိန်းနှင့်တူရကီတာဝန်ရှိသူများကပြောကြားခဲ့သည်။

အဆိုပါ သင်္ဘောလေးစင်းတွင် ပြောင်းနှင့် အခြားအစားအစာတန်ချိန် ၁၇၀,၀၀၀ နီးပါး တင်ဆောင်ထားကြောင်း ယူကရိန်းပင်လယ် ဆိပ်ကမ်းအာဏာပိုင်က ဖေ့စ်ဘွတ်တွင် ပြောကြားခဲ့သည်။

ရုရှား၊ ယူကရိန်း၊ တူရကီနှင့်ကုလသမဂ္ဂ အမှုထမ်းများပါဝင်သည့် အစ္စတန်ဘူလ်ရှိ ပူးတွဲညှိနှိုင်းရေးစင်တာ (JCC) ကစပါးတင်ပို့မှု ပြန်လည်စတင်ခြင်းကိုကြီးကြပ်လျက်ရှိသည်။

ကုလသမဂ္ဂနှင့်တူရကီတို့သည် ပြီးခဲ့သည့်လက သဘောတူညီချက်ကို ကြားဝင်စေ့စပ်ခဲ့သည်။ယူကရိန်းကဂျုံတင်ပို့မှုရပ်တန့်သွားခြင်းကြောင့် ကမ္ဘာတစ်ဝန်းတွင် ငတ်မွတ်ခေါင်းပါးမှုနှင့်ဈေးနှုန်းမြင့်မားမှုများဖြစ်ပွားနိုင်ကြောင်းလည်း ကုလသမဂ္ဂက သတိပေးထားသည်။

စနေနေ့၌ ဂျုံများတင်ဆောင်ရန် ယူကရိန်းသို့ နိုင်ငံခြားအလံတင်သင်္ဘောတစ်စင်း ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့ကြောင်း အခြေခံအဆောက်အဦဝန်ကြီး Oleksandr Kubrakov ကပြောကြားခဲ့သည်။

“သိပ်မကြာခင်မှာ တစ်လကိုသင်္ဘောအစီးရေ ၁၀၀ လောက်နဲ့ ဆိပ်ကမ်းတွေရဲ့စွမ်းဆောင်ရည်‌ေကာင်းအောင်ဆောင်ရွက်ပေးသွားဖို့ စီစဉ်ထားပါတယ်” ဟုလည်း၎င်းကပြောကြားခဲ့သည်။

ယူကရိန်းသည်မကြာမီတွင် ဂျုံတင်ပို့မှု၏ ပဏာမခြေလှမ်းအဖြစ် Pivdennyi ဆိပ်ကမ်းကို ထပ်တိုးအသုံးပြုရန် စီစဉ်နေကြောင်း ၎င်းကပြောကြားခဲ့သည်။ရလဒ်အနေဖြင့် ယူကရိန်းသည် တစ်လလျှင် အနည်းဆုံးကုန်စည်တန်ချိန် ၃ သန်း တင်ပို့နိုင်မည်ဟုမျှော်လင့်ထားရသည်။

ယူကရိန်းကို ရုရှားမကျူးကျော်ခင်က ရုရှားနှင့် ယူကရိန်းတို့ပေါင်းပါက ကမ္ဘာ့ဂျုံတင်ပို့မှု၏ သုံးပုံတစ်ပုံနီးပါးရှိသည်ဟုသိရသည်။ ရုရှားကယူကရိန်းအား ကျူးကျော်တိုက်ခိုက်မှုကို အထူးစစ်ဆင်ရေးဟုသာခေါ်ဆိုခဲ့သည်။ပင်လယ်နက်လမ်းကြောင်းမှတစ်ဆင့် သင်္ဘောအသစ်ငါးစင်း ထွက်ခွာခွင့်ပြုခဲ့ကြောင်း JCC က စနေနေ့နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။လေးစင်းတွင် မက်ထရစ်တန်ချိန် ၁၆၁,၀၈၄ ပမာဏရှိသည့် အစားအစာများပါဝင်ပြီး Chornomosk နှင့် Odesa ဆိပ်ကမ်းများမှထွက်ခွာသွားကာ အခြားတစ်စင်းသည် ယူကရိန်းသို့ဆိုက်လာခြင်းဖြစ်သည်ဟုဆိုသည်။

ယူကရိန်းမှထွက်ခွာသွားသော သင်္ဘောများထဲတွင် Glory အမည်ဖြင့်သင်္ဘောတွင် တန်ချိန် ၆၆,၀၀၀ ပမာဏရှိသည့် ပြောင်းများတင်ဆောင်ကာ အစ္စတန်ဘူလ်သို့ထွက်ခွားသွားကြောင်းနှင့် တူရကီ၏ Iskenderun မြို့သို့သွားမည့် Riva Wind အမည်ရှိသင်္ဘောတွင် ပြောင်းတန်ချိန် ၄၄,၀၀၀ တင်ဆောင်ထားသည်ဟု တူရကီကာကွယ်ရေးဝန်ကြီးဌာနကဆိုသည်။

အခြားနှစ်စင်းအနက်တစ်စင်းမှာ Star Helena အမည်ရှိသင်္ဘောဖြစ်ကာ စားသောက်ကုန်တန်ချိန် ၄၅,၀၀၀ ပါရှိကာ တရုတ်နိုင်ငံသို့ဆိုက်ကပ်မည်ဖြစ်ပြီး အခြားတစ်စင်းမှာ Mustafa Necati အမည်ရှိပြီး နေကြာဆီတန်ချိန် ၆,၀၀၀ တင်ဆောင်လာကာ အီတလီသို့ဆိုက်ကပ်မည်ဟုသိရသည်။

Source – Reuters/mi

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရမည်းသင်းမြို့နယ်နှင့် ရေတာရှည်မြို့နယ်တို့ရှိ ငလျင်ဒဏ်သင့်သူများအား ကြက်ခြေနီအသင်းက ထောက်ပံ့မှုများပြုလုပ်

မန္တလေးငလျင်ကြီးဒဏ်သင့် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်နှင့် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တို့ရှိ ဒေသခံများအား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ မေ ၁၇ ရက်က ကူညီထောက်ပံ့မှုများပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။ ရမည်းသင်းမြို့နယ် ဝါတိုးရပ်ကွက်၊ ရွှေစည်းခုံရပ် ကွက်၊ မြို့လှကျေးရွာအုပ်စုနှင့် ပဲ့ဆည်ကျေးရွာ အုပ်စုတို့ရှိ ငလျင်ဒဏ်သင့်အိမ်ထောင်စု(၃၁၂)စုအား အိမ်ထောင်စု(၁)စုလျှင် ငွေကျပ်(၅၀၀၀၀)၊ တာပေါ်လင်(၂)ချပ်၊ စောင်(၁)ထည်၊ ခြင်ထောင် (၁)လုံး၊ ၂၅ ကီလိုဂရမ်ပါ ဆန်(၁)အိတ်စီတို့အား ထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ရေတာရှည်မြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်(၆) ရပ်ကွက်နှင့် ကွင်းကြီး၊ ညောင်ပင်သာ၊ ကုန်းကြီး၊ သိုင်းဝ၊ ကြံသနွယ်၊ ဆင်ဂွေ၊...

လဟယ်မြို့တွင် အသေးစားရေအားလျှပ်စစ်စီမံကိန်းဖော်ဆောင်နေ

စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၌ လျှပ်စစ်အားပြည့်ဝစွာသုံးစွဲနိုင်ရေးအတွက် ဟွေထိုက် အသေးစားရေအားလျှပ်စစ်စီမံကိန်းအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ဟွေထိုက် အသေးစားရေအားလျှပ်စစ်စီမံကိန်းအား လဟယ်မြို့၏ အနောက်တောင်ဘက် ၂ မိုင်ခန့်အကွာရှိ ဟွေထိုက် ချောင်းပေါ်တွင်တည်ဆောက်လျက်ရှိခြင်းဖြစ်ကာ စီမံကိန်း၌ အမြင့် (၈၂)ပေခန့်ရှိ ကွန်ကရစ်ရေလွှဲဆည်၊ အလျား (၁၇၈၃) ပေခန့်ရှိ ရေသွယ်မြောင်း၊ ရေထိန်းကန်၊ ဖိအားမြင့်ပိုက်လိုင်းနှင့် ဓာတ်အားပေးစက်ရုံစသည့် အဆောက်အအုံများပါဝင်သော တိုက်ရိုက်ရေသွယ်ပုံစံစနစ်ဖြင့် တည်ဆောက်လျက်ရှိကြောင်း သိရသည်။ ယင်း ရေအားလျှပ်စစ်စီမံကိန်းပြီးစီးပါက လျှပ်စစ် ဓာတ်အား ၄ မဂ္ဂါဝပ်ထွက်ရှိမည်ဖြစ်ကာ နှစ်စဥ် ပျှမ်းမျှဓာတ်အား...

ဟိုက်ဒရာဘတ်တွင် မီးလောင်၍ လူ ၁၇ ဦးထက်မနည်း ‌ေ-သဆုံး

အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ်မြို့တွင် တနင်္ဂနွေနေ့က အဆောက်အအုံတစ်လုံး ဝါယာရှော့ဖြစ်ကာ မီးလောင်သဖြင့် လူ ၁၇ ဦးထက်မနည်း ‌ေ-သဆုံးခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဒေသစံတော်ချိန် နံနက် ၆ နာရီတွင် မီးလောင်မှုဖြစ်စဉ်ကို ဖုန်းဆက်အကြောင်းကြားချက်ရခဲ့သည်ဟု ဟိုက်ဒရာဘတ်မြို့တည်ရှိရာ တောင်ပိုင်း Telangana ပြည်နယ် မီးဘေးအန္တရာယ် အရေးပေါ်တုန့်ပြန်ရေးနှင့် အရပ်ဖက်ကာကွယ်ရေးဌာနကသတင်း ထုတ်ပြန်ခဲ့သည်။ “မီးက မြေညီထပ်မှာလောင်ပြီးတော့ အပေါ်ထပ်တွေကို ကူးသွားခဲ့တယ်၊ မီးငြိမ်းသတ်တာနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို တပြိုင်နက် လုပ်နေပါတယ်”ဟု သတင်းတွင် ရေးသားဖေါ်ပြထားသည်။ ဖြစ်စဉ်အတွင်း အသက် ငါးနှစ်အောက် ကလေးခြောက်ဦးအပါအဝင် ‌ေ-သဆုံးခဲ့သူ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071