Monday, August 3, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံဝန်ကြီး ချုပ်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ၏ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း၌ တ ရားဝင်ခရီးစဉ်(Official Visit)သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ခရီးစဉ်အတွင်း၌...

လေးမျက်နှာမြို့နယ်ရေဘေးအတွက် လှူဒါန်းလိုသူများဆက်သွယ်နိုင်မည့်လူပုဂ္ဂိုလ်နှင့် ဖုန်းနံပတ်များကို တိုင်းအစိုးရအဖွဲ့အသိပေး

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင်ဖြစ်ပွားလျက်ရှိသော ရေဘေးဖြစ်စဥ်နှင့်ပတ်သက်၍ ရေဘေးသင့်သူများကိုကူညီရန်အကြောင်းပြကာ လမ်းမများပေါ်၌ မသမာသောနည်းလမ်းများဖြင့် ငွေကြေးလိုက်လံအလှူ ခံနေမှုများအားတွေ့ရှိနေရသည်ဟု ဧရာဝတီတိုင်းအစိုး ရအဖွဲ့က အသိပေးထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ရေဘေးသင့်သူများအတွက် အလှူငွေနှင့်...

ငဝန်ရေကာတာကျိုးပေါက်မှုကြောင့် လေးမျက်နှာ-ငါးသိုင်းချောင်းလမ်းပေါ်ရှိ တံတားအမှတ် (၂/၆)...

လေးမျက်နှာ၊ သြဂုတ်-၃ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ငဝန်ရေကာတာကျိုးပေါက်မှု၏ အကျိုးဆက်ကြောင့် လေးမျက်နှာ-ငါးသိုင်းချောင်း ကားလမ်းမပေါ်ရှိ တံတားအမှတ် (၂/၆) သည် ရေတိုက်စားမှုဖြစ်ပေါ်ကာ ရေစီးနောက် မျောပါပျက်စီးသွားကြောင်း...

အဝေးသင်ကျောင်းအပ်လက်ခံမှု နောက်ဆုံးအကြိမ်အဖြစ်ဩဂုတ် ၁၄ ရက်အထိ...

၂၀၂၆ ပညာသင်နှစ် အဝေးသင်သင်တန်းများ၏ ကျောင်းဝင်မှတ်ပုံတင်လက်ခံခြင်းကို နောက်ဆုံးအကြိမ်အဖြစ် ဩဂုတ် ၁၄ ရက်အထိ ထပ်မံတိုးမြှင့်လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ပညာရေးဝန်ကြီးဌာနက ဇူလိုင်လကုန်အထိ ကျောင်းဝင်မှတ်ပုံတင်လက်ခံဆောင်ရွက်ပေးခဲ့ပြီးနောက် ကျောင်းသား၊...
HomeNewsLocal Newsကုန်စည်စီးဆင်းမှုများပြန်လည်များပြားလာနေပြီး နေပြည်တော်သို့ ဝင်ရောက်သူ...

ကုန်စည်စီးဆင်းမှုများပြန်လည်များပြားလာနေပြီး နေပြည်တော်သို့ ဝင်ရောက်သူ များပြားလာသည့်အတွက် အဝင်ဂိတ်တွင် ကိုဗစ်-၁၉ စစ်ဆေးမှု များပြန်လည်ပြုလုပ်

ကုန်စည်စီးဆင်းမှုများပြန်လည်များပြားလာနေပြီး နေပြည်တော်သို့ ဝင်ရောက်သူများပြားလာသည့်အတွက် အဝင်ဂိတ်တွင် ကိုဗစ်-၁၉ စစ်ဆေးမှုများပြန်လည်ပြုလုပ်

နေပြည်တော် ​ဖေ​ဖော်ဝါရီ ၆

လက်ရှိချိန်တွင် နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းသို့ ကုန်စည်စီးဆင်းမှုများ များပြားလာနေပြီး နေပြည်တော်အတွင်းသို့ အဝင်အထွက်မှုများလည်း ပိုမိုများပြားလာနေသည်ဖြစ်၍ ၂၀၂၂ ခုနှစ်၊ ​ဖေ​ဖော်ဝါရီ ၃ ရက်နေ့ ညနေပိုင်းမှစ၍ နေပြည်တော်အဝင် စီလမ်းဆုံးဂိတ်တွင် ကိုဗစ်-၁၉ Test စစ်ဆေးမှုများ ပြန်လည်ပြုလုပ်လျက်ရှိကြောင်း နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

နေပြည်တော်အတွင်း ကုန်စည်စီးဆင်းမှုများ ပြန်လည်များပြားလာနေပြီး ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုနေ့အခမ်းအနားတို့ကြောင့် နေပြည်တော်အတွင်း ဝင်ရောက်လာသူများ လည်း ပိုမိုများပြားလာနေသည်ဖြစ်၍ နေပြည်တော်အတွင်း ကိုဗစ်-၁၉ ရောဂါ မပြန့်ပွားစေရေး ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မည်သည့်ဒေသမှမဆို နေပြည်တော်အတွင်းဝင်ရောက်လာသူအားလုံးကို ကိုဗစ်-၁၉ swab test များရယူစစ်ဆေးသွားမည်ဖြစ်ရာ ဖေဖော်ဝါရီလ ၃ ရက်နေ့ ညနေပိုင်းမှစ၍ နေပြည်တော်အဝင် စီလမ်းဆုံ စစ်ဆေးရေးဂိတ်တွင် အများပြည်သူများကို ကိုဗစ်-၁၉ swab test ရယူစစ်ဆေးခြင်း၊ RDT စစ်ဆေးခြင်းများစတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ အဓိကတော့ ပြည်ထောင်စုနေ့အခမ်းအနားကလဲနီးလာနေပြီဆိုတော့ နေပြည်တော်ကို ဝင်လာသူတွေကလဲ အရင်ထက်ပိုများလာနေပါတယ်။ ပြီးတော့ ကုန်စည်စီးဆင်းမှုကလည်း အရင်ထက် ပိုပြီး များပြားလာတဲ့အတွက် နေပြည်တော်အတွင်း ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုတွေထပ်မဖြစ်အောင်၊ ထိန်းချုပ်နိုင်အောင်လို့ နေပြည်တော်ကို ဝင်လာသူအားလုံးကို test ယူစစ်ဆေးပေးနေတာပါ။ စစ်ပြီး negative ဖြစ်ရင် နေပြည်တော်ထဲပေးဝင်ပါတယ်။ မိဘပြည်သူတွေလာတဲ့အရပ်ကနေ PCR စစ်လာခဲ့တယ်။ ၄၈ နာရီအတွင်းမှာ negative ဆိုရင်ပေးဝင်ပါတယ်။ RDT negative ဆိုရင်လဲ ပေးဝင်ပါတယ်။ ကိုဗစ်ကာကွယ်ဆေးထိုးထားပြီးသားဖြစ်ပါစေ နေပြည်တော်ကိုဝင်လာတဲ့သူတွေအနေနဲ့ swab test တို့ RDT တို့ စစ်ဆေးမှုခံယူပြီး positive တွေ့ရင် သက်ဆိုင်ရာဆေးရုံတွေကို ပို့ပြီးကုသပေးမှာပါ။ negative ဆိုရင် တော့ ဝင်ခွင့်ပြုမှာပါ။ နေပြည်တော်ထဲ ကာကွယ်ဆေးထားပြီး နယ်ဘက်ကို ရက်ပိုင်းပဲ သွားပြီးပြန်လာရင်လဲ ဘယ်လိုပဲဖြစ်ဖြစ် အစစ်ခံကြရမှာဖြစ်ပါတယ်” ဟု နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာစည်သူက ပြောသည်။

ထိုသို့ ဖေဖော်ဝါရီလ ၃ ရက်နေ့ညနေပိုင်းမှ စစ်ဆေးပေးလျက်ရှိရာ လူဦးရေ ရာချီ စစ်ဆေးပေးထားပြီးဖြစ်ကြောင်း၊ လက်ရှိနေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိထားသူ လူနာသစ် ဖေဖော်ဝါရီလ ၃ ရက်နေ့က ၁၀ ဦးထိတွေ့ရှိထားပြီး ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားချိန် ၂၀၂၀ ပြည့်နှစ်၊ မတ်လပိုင်းခန့်မှစ၍ ယခု ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့ထိတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာပေါင်း ၁၇၆၁၁ ဦးထိရှိထားခြင်းဖြစ်ပြီး သေဆုံးသူလူနာ ၆၆၇ ဦးထိရှိထားခြင်းဖြစ် ကြောင်း သိရသည်။

Zaw Gyi

ကုန္စည္စီးဆင္းမႈမ်ားျပန္လည္မ်ားျပားလာေနၿပီး ေနျပည္ေတာ္သို႔ ဝင္ေရာက္သူမ်ားျပားလာသည့္အတြက္ အဝင္ဂိတ္တြင္ ကိုဗစ္-၁၉ စစ္ေဆးမႈမ်ားျပန္လည္ျပဳလုပ္

ေနျပည္ေတာ္ ​ေဖ​ေဖာ္ဝါရီ ၆

လက္ရွိခ်ိန္တြင္ ေနျပည္ေတာ္ျပည္ေထာင္စုနယ္ေျမအတြင္းသို႔ ကုန္စည္စီးဆင္းမႈမ်ား မ်ားျပားလာေနၿပီး ေနျပည္ေတာ္အတြင္းသို႔ အဝင္အထြက္မႈမ်ားလည္း ပိုမိုမ်ားျပားလာေနသည္ျဖစ္၍ ၂၀၂၂ ခုႏွစ္၊ ​ေဖ​ေဖာ္ဝါရီ ၃ ရက္ေန႔ ညေနပိုင္းမွစ၍ ေနျပည္ေတာ္အဝင္ စီလမ္းဆုံးဂိတ္တြင္ ကိုဗစ္-၁၉ Test စစ္ေဆးမႈမ်ား ျပန္လည္ျပဳလုပ္လ်က္ရွိေၾကာင္း ေနျပည္ေတာ္ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ သိရသည္။

ေနျပည္ေတာ္အတြင္း ကုန္စည္စီးဆင္းမႈမ်ား ျပန္လည္မ်ားျပားလာေနၿပီး ေဖေဖာ္ဝါရီလ ၁၂ ရက္တြင္ က်င္းပမည့္ ျပည္ေထာင္စုေန႔အခမ္းအနားတို႔ေၾကာင့္ ေနျပည္ေတာ္အတြင္း ဝင္ေရာက္လာသူမ်ား လည္း ပိုမိုမ်ားျပားလာေနသည္ျဖစ္၍ ေနျပည္ေတာ္အတြင္း ကိုဗစ္-၁၉ ေရာဂါ မျပန႔္ပြားေစေရး ကာကြယ္၊ ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ မည္သည့္ေဒသမွမဆို ေနျပည္ေတာ္အတြင္းဝင္ေရာက္လာသူအားလုံးကို ကိုဗစ္-၁၉ swab test မ်ားရယူစစ္ေဆးသြားမည္ျဖစ္ရာ ေဖေဖာ္ဝါရီလ ၃ ရက္ေန႔ ညေနပိုင္းမွစ၍ ေနျပည္ေတာ္အဝင္ စီလမ္းဆုံ စစ္ေဆးေရးဂိတ္တြင္ အမ်ားျပည္သူမ်ားကို ကိုဗစ္-၁၉ swab test ရယူစစ္ေဆးျခင္း၊ RDT စစ္ေဆးျခင္းမ်ားစတင္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

“ အဓိကေတာ့ ျပည္ေထာင္စုေန႔အခမ္းအနားကလဲနီးလာေနၿပီဆိုေတာ့ ေနျပည္ေတာ္ကို ဝင္လာသူေတြကလဲ အရင္ထက္ပိုမ်ားလာေနပါတယ္။ ၿပီးေတာ့ ကုန္စည္စီးဆင္းမႈကလည္း အရင္ထက္ ပိုၿပီး မ်ားျပားလာတဲ့အတြက္ ေနျပည္ေတာ္အတြင္း ကိုဗစ္-၁၉ ကူးစက္ျပန႔္ပြားမႈေတြထပ္မျဖစ္ေအာင္၊ ထိန္းခ်ဳပ္ႏိုင္ေအာင္လို႔ ေနျပည္ေတာ္ကို ဝင္လာသူအားလုံးကို test ယူစစ္ေဆးေပးေနတာပါ။ စစ္ၿပီး negative ျဖစ္ရင္ ေနျပည္ေတာ္ထဲေပးဝင္ပါတယ္။ မိဘျပည္သူေတြလာတဲ့အရပ္ကေန PCR စစ္လာခဲ့တယ္။ ၄၈ နာရီအတြင္းမွာ negative ဆိုရင္ေပးဝင္ပါတယ္။ RDT negative ဆိုရင္လဲ ေပးဝင္ပါတယ္။ ကိုဗစ္ကာကြယ္ေဆးထိုးထားၿပီးသားျဖစ္ပါေစ ေနျပည္ေတာ္ကိုဝင္လာတဲ့သူေတြအေနနဲ႔ swab test တို႔ RDT တို႔ စစ္ေဆးမႈခံယူၿပီး positive ေတြ႕ရင္ သက္ဆိုင္ရာေဆး႐ုံေတြကို ပို႔ၿပီးကုသေပးမွာပါ။ negative ဆိုရင္ ေတာ့ ဝင္ခြင့္ျပဳမွာပါ။ ေနျပည္ေတာ္ထဲ ကာကြယ္ေဆးထားၿပီး နယ္ဘက္ကို ရက္ပိုင္းပဲ သြားၿပီးျပန္လာရင္လဲ ဘယ္လိုပဲျဖစ္ျဖစ္ အစစ္ခံၾကရမွာျဖစ္ပါတယ္” ဟု ေနျပည္ေတာ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာစည္သူက ေျပာသည္။

ထိုသို႔ ေဖေဖာ္ဝါရီလ ၃ ရက္ေန႔ညေနပိုင္းမွ စစ္ေဆးေပးလ်က္ရွိရာ လူဦးေရ ရာခ်ီ စစ္ေဆးေပးထားၿပီးျဖစ္ေၾကာင္း၊ လက္ရွိေနျပည္ေတာ္ျပည္ေထာင္စုနယ္ေျမအတြင္း ကိုဗစ္-၁၉ ေရာဂါပိုးေတြ႕ရွိထားသူ လူနာသစ္ ေဖေဖာ္ဝါရီလ ၃ ရက္ေန႔က ၁၀ ဦးထိေတြ႕ရွိထားၿပီး ကိုဗစ္-၁၉ ေရာဂါ စတင္ျဖစ္ပြားခ်ိန္ ၂၀၂၀ ျပည့္ႏွစ္၊ မတ္လပိုင္းခန႔္မွစ၍ ယခု ၂၀၂၂ ခုႏွစ္၊ ေဖေဖာ္ဝါရီလ ၃ ရက္ေန႔ထိတြင္ ကိုဗစ္-၁၉ ပိုးေတြ႕လူနာေပါင္း ၁၇၆၁၁ ဦးထိရွိထားျခင္းျဖစ္ၿပီး ေသဆုံးသူလူနာ ၆၆၇ ဦးထိရွိထားျခင္းျဖစ္ ေၾကာင္း သိရသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071