သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် တက်ရောက်ဆွေးနွေးခဲ့
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၊ Shangri-La Hotel ၌ ကျင်းပပြုလုပ်သည့် ၂၀၂၅ ကိုရီးယား-အာဆီယံ မူဝါဒဖလှယ်ရေး အသိုက်အဝန်း နိုင်ငံတကာအစိုးရမူဝါဒဆိုင်ရာ ဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂) ၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် တက်ရောက်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးအနေဖြင့် ဖွင့်ပွဲ၌ အမှာစကားပြောကြားခဲ့ပြီး ဆွေးနွေးပွဲ ဒုတိယနေ့တွင် ပါဝင်ဆွေးနွေးခဲ့ခြင်းလည်း ဖြစ်ကြောင်း သိရသည်။
ကိုရီးယားနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား မိတ်ဖက်ဆက်ဆံရေးဟာ အလွန်အရေးပါပြီး ၁၀ စုနှစ်များစွာတိုင်အောင် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း အခုကဲ့သို့ ပူးပေါင်းဆောင်ရွက်ခြင်းမှ မဟာဗျုဟာမြောက် မဟာမိတ်ဖွဲ့ခြင်း ရေတိုစီမံကိန်းများမှတဆင့် ရေရှည်မျှော်မှန်းချက်များချမှတ်နိုင်သည့် ဆက်ဆံရေးကို ပြောင်းလဲဖော်ဆောင်ရမှာဖြစ်ကြောင်း အနာဂတ်ပူးပေါင်းဆောင်ရွက်မှု၏ အရေးကြီးသည် နယ်ပယ်လေးခုဖြစ်သည့် စားနပ်ရိက္ခာဖူလုံရေး နည်းပညာနှင့် ဆန်းသစ်တီထွင်မှု သဘာဝဘေးအန္တာရာယ် စီမံခန့်ခွဲမှုနှင့် လူကုန်ကူးမှု တရားမဝင်မူးယစ်ဆေးဝါး ဆိုက်ဘာရာဇဝတ်မှုနှင့် တရားမဝင် ကုန်သွယ်မှုကဲ့သို့ နိုင်ငံတကာရာဇဝတ်မှုများ တို-က်ဖျ-က်ရေးတို့ကို အထူးအာရုံစိုက်၍ ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒါအပြင် အာဆီယံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြား ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဆောင်ရွက်ရာမှ အဓိက အခန်းကဏ္ဍများဖြစ်သည့် စီးပွားရေး နိုင်ငံရေး လုံခြုံရေးနှင့် ယဉ်ကျေးမှုကဏ္ဍများမှာ ပူးပေါင်းဆောင်ရွက်မှု၌ ပိုမိုမြင့်တင်ဆောင်ရွက်သွားနိုင်မည်နည်းလမ်းများကိုလည်း ထည့်သွင်းဆွေးနွေးအကြံပြု ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲကို နိုဝင်ဘာ (၁၂) ရက်နေ့ နှင့် (၁၃) ရက်နေ့တို့၌ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
