Monday, December 15, 2025

အိမ်အရောက်ပို့ (Door to Door)...

(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို...

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော်...

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄...

ပြည်ကြီးတံခွန်မြို့နယ်၌ မီးလေ-ာင်မှုဖြစ်ပွား

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၄၁ (C)လမ်းနှင့် ၆၇ လမ်းတွင် ယနေ့ ဒီဇင်ဘာ ၁၄ ရက်ည ၇ နာရီကျော်ခန့်ကမီးလေ-ာင်မှုဖြစ်ပွား၍ ပြည်ကြီးတံခွန်မြို့...
HomeCelebrities' Newsကိုးရီးယားအဖွဲ့ NCT 127သည်...

ကိုးရီးယားအဖွဲ့ NCT 127သည် စင်္ကာပူတွင် ဖျော်ဖြေမည်

ကိုးရီးယားအဖွဲ့ NCT 127သည် စင်္ကာပူတွင် ဖျော်ဖြေမည်

တောင်ကိုရီးယား ယောင်္ကျားလေး ကေပေါ့ဂီတအဖွဲ့ NCT 127 သည် ဇူလိုင်လ ၂ ရက်နေ့၌ စင်္ကာပူမိုးလုံလေလုံအားကစားရုံတွင် လာရောက်ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။

နီယီုစီးတီး : စင်္ကာပူ – လင့်ခ်( Neo City – The Link tour) ဟုအမည်ပေးထားသော အဆိုပါဖျော်ဖြေပွဲ၏ လက်မှတ်များကို Ticketmaster လက်မှတ်အရောင်း ဝက်ဘ်ဆိုက်မှ (ဇွန်လ ၁၄ ရက်) အင်္ဂါနေ့ ညနေ ၄ နာရီမှ စတင်ရောင်းချသွားမည်ဖြစ်ပြီး ဈေးနှုန်းမှာ စင်္ကာပူဒေါ်လာ ၁၆၈ (မြန်မာငွေ ၂သိန်း ၂ သောင်းကျော်) မှ စင်္ကာပူဒေါ်လာ ၂၈၈ (မြန်မာငွေ ၃သန်း ၈သောင်းကျော်) အထိရှိကြောင်း သိရသည်။

အဖွဲဝင် ကိုးဦးပါဝင်သော NCT 127 အဖွဲ့သည် ၎င်း၏ နီယီုစီးတီး : စင်္ကာပူ – လင့်ခ် လိုက်လံဖျော်ဖြေပွဲ ( Neo City – The Link tour )အား ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ၌ ဆိုးလ်တွင် စတင်ဖျော်ဖြေခဲ့ပြီး ယခုနှစ် မေလ၌ ဂျပန်တွင် ဆက်လက်ဖျော်ဖြေခဲ့သည်။

လက်ရှိ NCT 127 အဖွဲ့၌ မွန်းထယ်အီးလ်၊ ဂျွန်နီဆူ၊ လီထယ်ယောင်၊ ယူတာ နာကာမိုတို၊ ကင်မ်ဒုံယောင်း(ဒိုယောင်း)၊ ဂျောင်ယန်အို(ဂျယ်ဟွန်)၊ ကင်မ်ဂျွန်ဝူ၊ မက်ခ်လီ နှင့် လီဒုံဟက်(ဟီချန်) ပါဝင်ကြောင်း သိရသည်။

အဖွဲ့ဝင် ၂၃ ဦးရှိသည့် မူလ NCT အဖွဲအား NCT U နှင့် NCT 127 ဟူ၍နှစ်ဖွဲ့ခွဲထားကာ နှစ်ဖွဲ့စလုံးရှိ အဖွဲဝင်များသည် ထွက်ရှိထားသည့် အယ်လ်ဘမ်ပေါ် မူတည်၍အဖွဲ့ပြောင်းကာ ဖျော်ဖြေရကြောင်း သိရသည်။

NCT 127 သည် ၂၀၁၉ခုနှစ် ဇူလိုင်တွင်လည်း ၎င်းတို့၏ နယ်လှည့်ဖျော်ဖြေပွဲ(Neo City – The Origin tour)အား စင်္ကာပူ မိုးလုံလေလုံကွင်း၌ ပြုလုပ်ခဲ့​သေးသည်။

Source: CNA

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် ဆန်အိတ်ရေ ၃၀၀ ကျော် ရောင်းချပေးခဲ့

(၂၄) ပြည်ဆန်အိတ်များကို အိမ်အရောက်ပို့ (Door to Door) စနစ်ဖြင့် အိမ်ထောင်စု အရေအတွက်၂၆၇ ခုကို ဆန်အိတ်ရေ ၃၀၀ ကျော်ကို နှစ်ပတ်အတွင်း ရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ အိမ်ထောင်စု အရေအတွက် စုစုပေါင်း (၂၆၇) ခုကို ရက် (၉၀) ဆန် ၅၉ အိတ်၊ ရွှေဘိုပေါ်ဆန်း ၁၉၀ အိတ်၊ ဧည့်မထဆန်၂၄ အိတ်၊ ဧရာဝတီပေါ်ဆန်း ကြားပျံ (ဆန်သစ်) ၂၉ အိတ်၊...

ငါးနှစ်အတွင်း ဘီလီယံ ၅၃၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများ မီးရှို့ဖျ-က်ဆီးနိုင်ခဲ့

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်ထိ စုစုပေါင်းတန်ဖိုးငွေကျပ် (၅၃၂၉) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓါတုပစ္စည်းများကို မီးရှို့ဖျ-က်ဆီးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။ ၂၀၂၁ ခုနှစ်တွင် ၁၀၆၈ ဒသမ ၆၆ ဘီလီယံကျော်၊ ၂၀၂၂ ခုနှစ်တွင် ၁၁၈၈ ဒသမ ၈၂၈ ဘီလီယံကျော်၊ ၂၀၂၃ ခုနှစ်တွင် ၉၃၆ ဒသမ ၇၂၃ ဘီလီယံကျော်၊ ၂၀၂၄ ခုနှစ်တွင် ၁၁၆၃ ဒသမ ၆၄၈ ဘီလီယံကျော်၊ ၂၀၂၅ ခုနှစ်တွင် ၉၇၁...

အကြမ်းဖက်အဖွဲ့က မန္တလေး-မတ္တရာ-သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျ-က်ဆီး

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးရှိ မန္တလေး-မတ္တရာ- သပိတ်ကျင်းသွားကားလမ်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာနှင့် လိပ်ကြကျေးရွာတို့အားဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်သံကူကွန်ကရစ်တံတားအား အကြမ်းဖက်အဖွဲ့မှ ယနေ့ ဒီဇင် ဘာ ၁၄ ရက်နံနက်ပိုင်းကမိုင်းခွဲဖျ-က်ဆီးခဲ့ကြကြောင်း သိရသည်။ အကြမ်းဖက်အဖွဲ့ဝင်များသည် လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များကပြန်လည်ပ-စ်ခတ်ရာထွက်ပြေးချိန်၌ တံတားအရှည်(၈၀)ပေ၊ အကျယ်(၁၅)ပေရှိ ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတားအား မိုင်းထောင်ဖေ-ာက်ခွဲခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် တံတားအောက်ခြေတိုင်များပြိုကျပျ-က်စီးခဲ့သဖြင့် လူနှင့် ယာဉ်များဖြတ်သန်းသွားလာမရဖြစ်နေ၍ လုံခြုံရေးအဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ပျ-က်ဆီးခဲ့သည့်တံတားအား ပုံမှန်အတိုင်းပြန်လည်အသုံးပြုနိုင်ရန် တာဝန်ရှိသူများနှင့်အတူဆောင်ရွက်နိုင်ရေးပြုလုပ်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071