မန္တလေး ငလျင်ကြီး ဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ကိုရီးယားအနုပညာရှင်များ ပါဝင်သည့် K-Pop အဖွဲ့မှ ကိုရီးယားဈေးရောင်းပွဲတော် ပြုလုပ်ခဲ့ပြီး ရရှိသည့် ငွေများကို ငလျင်ဘေးဒဏ်သင့်ဒေသများ ပြန်လည် ထူထောင်ရေးအတွက် လှူဒါန်းခဲ့ကြောင်း သိရသည်။
မန္တလေး ငလျင်ကြီး ဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး CST Myanmar ၏ စီစဉ်မှုဖြင့် ကိုရီးယားအနုပညာရှင်များ ပါဝင်သည့် K-Pop အဖွဲ့မှ အလှူငွေပေးအပ်ပွဲကို မေ (၁၂) ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင် ကျင်းပခဲ့သည်။
ထို့နောက် မန္တလေးငလျင်ကြီး ဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေအတွက် မေလ (၁၀)ရက်မှ (၁၁) ရက်အထိ (၂) ရက်တာ ကျင်းပခဲ့သည့် ဈေးရောင်းပွဲတော်မှ ရောင်းချရငွေ စုစုပေါင်းကျပ် (၈,၅၃၇,၀၀၀) ကို CST (My anmar) Co.Ltd မှ CEO Ms. Kim Moon Hee နှင့် KK Media Co.Ltd မှ Director Mr.Jung Woo Chul တို့က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း ထံသို့ ပေးအပ်လှူဒါန်းခဲ့သည်။
ငလျင်ဘေးဒဏ်သင့်ဒေသများရှိ ပျ-က်စီဆုံးရှုံးမှုများကို အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ပြည်ပမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို လမ်းဖွင့်ပေးထားရာ ပြည်ပနိုင်ငံများမှလည်း ကူညီကယ်ဆယ်ရေးပစ္စည်းများ ရောက်ရှိလာပြီး ငလျင်ဒဏ်သင့်ဒေသများရှိ ပြည်သူများထံသို့ ပေးပို့ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။