ကိုရီးယားသမ္မတနိုင်ငံက အမေရိကန်ဒေါ်လာ ၁၀ သန်း ရန်ပုံငွေထည့်ဝင်ပံပိုးထား
ကိုရီးယားသမ္မတနိုင်ငံနဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တိုသည် “REACH” ဟု အမည်ပေးထားသည့် အရေးပေါ်အကူအညီပေးရေး လုပ်ငန်းအစီအစဥ်တစ်ရပ်ကို စတင်လိုက်ပြီဖြစ်ကြောင်း ယနေ့ စက်တင်ဘာ(၅)ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံရှိ ဘေးဒုက္ခရောက်နေကြသည့် ပြည်သူများအတွက် လူသားချင်းစာနာမှုအကူညီများ ပေးအပ်မည် အစီအစဉ်ဖြစ်ပြီး ကိုရီးယားသမ္မတနိုင်ငံက အမေရိကန်ဒေါ်လာ ၁၀ သန်း ရန်ပုံငွေထည့်ဝင်ပံ့ပိုးထားကြောင်းလည်း သိရသည်။
အဆိုပါ “REACH” အစီအစဉ် ကနေ ပဋိပက္ခနှင့် ငလျင်ဒ-ဏ်သင့်ဒေသများက လူဦးရေ သုံးသိန်း ဝန်းကျင်အတွက် နှစ်လစာစားနပ်ရိက္ခာများ သို့မဟုတ် စားနပ်ရိက္ခာဝယ်ယူနိုင်ရန်အတွက် မိုဘိုင်းလ်ပိုက်ဆံ သို့မဟုတ် ငွေသားအထောက်အပံ့များပေးအပ်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုအပြင် ကိုယ်ဝန်ဆောင် နို့တိုက်မိခင်များ နှင့် ကလေးငယ်များ စုစုပေါင်း လူဦးရေ(၂၄၀၀၀) ကိုလည်း အာဟာရချို့တဲ့မှု ကာကွယ်ရေးနှင့်ကုသရေးအကူညီများ ပေးအပ်မည်ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ အကူညီများကို WFP အနေဖြင့် ဒေသခံမိတ်ဖက်အဖွဲ့အစည်းများ၊(NGOs) များနှင့် လက်တွဲပြီး အကူညီလိုအပ်နေသူများကို တို-က်ရို-က်ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။
မြန်မာနိုင်ငံမှာ လူ ၃ ဦးလျှင် ၁ ဦးနှုန်းဖြင့် စုပေါင်း လူဦးရေ ၁၆ ဒဿမ ၇ သန်းဟာ ဝမ်းရေးမဖူလုံမှုကို ရင်ဆိုင်နေရပြီး၊ ၂၀၂၄ ခုနှစ်မှာရှိခဲ့သည့် လူဦးရေ ၁၃ ဒဿမ ၃ သန်းကနေ သိသိသာသာ တိုးမြင့်လာခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
