၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း ကိုရီးယားသမ္မတနိုင်ငံသို့ ထွက်ခွာခဲ့သော လုပ်သားများအနေဖြင့် မိသားစုလွှဲပို့ငွေ အထောက်အထားတင်ပြရန် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA) မှ သိရသည်။
ကိုရီးယားသမ္မတနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် EPS လုပ်သားများသည် မိမိတို့၏ မိသားစုထံ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လတွင်လွှဲပို့ခဲ့သည့် ငွေလွှဲအထောက်အထားများကို တင်ပြရန် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက သတိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အထောက်အထားများတင်ပြပါက VIBER NO. 959401993746 သို့ ဩဂုတ် ၁၉ ရက်နေ့ နောက်ဆုံးထား၍ ငွေလွှဲပို့သည့် အထောက်အထား၊ ပေးပို့သူ၏ နိုင်ငံကူးလက်မှတ်အမှတ်၊ မြန်မာနိုင်ငံမှ စတင်ထွက်ခွာရက်တို့ကိုပါ ထည့်သွင်းဖော်ပြရမည်ဖြစ်ကြောင်း သိရသည်။
ကိုရီးယားနိုင်ငံတွင် မြန်မာလုပ်သား ၇၀,၀၀၀ ကျော်ရောက်ရှိလုပ်ကိုင်နေကြကြောင်း သိရသည်။
