Saturday, January 31, 2026

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် SCO အ...

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဝင်းမြင့်သည် ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက Shanghai Cooperation Organization (SCO) အတွင်းရေးမှူးချုပ် SCO Secretary General...

ငွေဆောင်တွင် ဧည့်သည်အဝင်များပေမယ့် အရောင်းအဝယ်ပါးဟု ဈေးသည်များပြော

အစိုးရရုံးပိတ်ရက်ရှည်ကာလနှင့် စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်များတွင် ငွေဆောင်သို့ ဧည့်သည်အဝင်များသော်လည်း အရောင်းအဝယ်ပါးကြောင်း ဒေသခံဈေးသည်များ၏ ပြောပြချက်အရ သိရသည်။ ကိုဗစ်ကာလနောက်ပိုင်း ကမ်းခြေသို့ လာရောက်သူနည်းပါးခဲ့ရာမှ ၂၀၂၂ ခုနှစ်နောက်ပိုင်းမှစတင်ကာ...

ငလျင်ကြောင့် ပျက်စီးခဲ့သည့် ဒုဋ္ဌဝတီတံတားကြီး အသစ်ပြန်လည်တက်ဆောက်ရာ၌...

ဒုဋ္ဌဝတီတံတားအဟောင်းသည် မန္တလေးငလျင် ကြီး လှုပ်ခတ်မှုဒဏ်ကြောင့် အသွား/အပြန် တံတားနှစ်စင်းလုံး ပြိုကျပျက်စီးခဲ့သဖြင့် ဒုဋ္ဌဝတီတံတားကြီးအား အသစ်ပြန်လည်တည်ဆောက်ရာတွင် ငလျင်ဒဏ်ခံနိုင်စေရန် ERADI QUAKE Bearing...
HomeInterviewsကိုယ်ဝန်ဖျက်ချတာမျိုးဟာ အပြစ်မဲ့တဲ့ ကလေးတွေအတွက်...

ကိုယ်ဝန်ဖျက်ချတာမျိုးဟာ အပြစ်မဲ့တဲ့ ကလေးတွေအတွက် မတရားတဲ့အပြင် ဖျက်ချခံရတဲ့ မိခင်အတွက် အသက်အန္တရာယ် အင်မတန်ရှိတဲ့ အတွက် မလုပ်သင့်ပါဘူး

susudway

ဒေါက်တာ ဒေါ်စုစုဒွေး (ရန်ကုန်ကလေးဆေးရုံ၊ ဆေးရုံအုပ်ကြီး) နဲ့တွေ့ဆုံခြင်း

ကိုယ်ဝန်ဆောင် မိခင်လောင်းများအနေနဲ့ ကိုယ်ဝန်ဆောင်ထားချိန်မှာ ကလေးငယ် ကောင်းမွန်စွာမွေးဖွားလာစေဖို့ မိမိကိုယ်ကို ကျန်းမာရေး အသိရှိစွာ ပြုမူလုပ်ဆောင်ဖွယ်ရာများ၊ ကိုယ်ဝန်ဖျက်ချခြင်းနဲ့ မိခင်ရော ကလေးငယ်ကိုပါ အသက်အန္တရာယ် ကြီးမားစွာရှိစေတာကြောင့် ကြိုတင်ကာကွယ်ရမယ့် အကြောင်းအပါအဝင် ကလေးသူငယ်မွေးကင်းစအရွယ်က အစပြုကာ ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်ခန္ဓာကြံ့ခိုင်ဖွံ့ထွားစေဖို့ ထိန်းသိမ်းစောင့်ရှောက် ပြုစုပျိုးထောင် ပေးပုံအောကာင်းများကို ရန်ကုန်ကလေးဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးနဲ့ တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

မေး။ ။ မွေးကင်းစ ကလေးတွေကို ဘယ်လိုပြုစုစောင့်ရှောက်ထိန်းသိမ်းဖို့လိုအပ်ပါသလဲရှင်။ ပြီးတော့ ကလေးတွေကို ကျန်မားရေးနဲ့ ပတ် သက်ပြီးဘယ်လို အထူးဂရုစိုက်သင့်လဲဆိုတာကိုလဲပြောပြပေးပါဆရာမ။

ဖြေ။ ။ မွေးစမှ အသက် ၆လအထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေး ဖို့လိုပါတယ်။ ရေမတိုက်ဘဲ မိခင်နို့ မှာရေဓာတ်လုံလောက်စွာ ပါဝင် ပါတယ်။ မွေးမွေးချင်းတွင် အသည်း ရောင်အသားဝါဘီပိုး ကာကွယ် ဆေးနှင့် တီဘီရောဂါ ကာကွယ်ဆေး ထိုးရန်၊ ကျန်ကာကွယ် ဆေးများကို ကလေးအသက် ၂လ၊ ၄ လ၊ ၆ လ၊ ၉ လနှင့် တစ်နှစ်ခွဲအရောက်မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနကာကွယ်ဆေးထိုး စီမံချက်မှ ညွှန်ကြားချက်အတိုင်း နီးစပ်ရာ ဆေးရုံ၊ ဒေသန္တရ ဆေးခန်းတို့မှာ ထိုးပေးဖို့ လိုပါတယ်။ ကလေးမွေးကင်းစအချိန်မှာ သတင်းလာမေးတဲ့ ကာလအတွင်း လူများကို ကလေးအနားပေးမသွား ပါနဲ့။ ကလေးကိုချစ်ရင် မနမ်းပါနဲ့။ ရောဂါခံနိုင်ရည်အား ဘာမှ မရှိသေး တဲ့ ကလေးငယ်အဖို့ အခန်းတွင်း မှာ လူကြီးတွေရှူရှိုက်တဲ့လေက တစ်ဆင့် ရောဂါပိုးတွေကလေးငယ်ထံကိုကူး စက်နိုင်ပါတယ်။ ကလေးရဲ့ချက်ကိုသန့်ရှင်းစင် ကြယ်စွာထားပါ။ အရက်ပျံအပါအဝင် မည်သည့်ဆေးမှ မထည့်ပါနဲ့။ ထိုမှတစ်ဆင့် ပိုးမွှားကူးစက်စေနိုင်ပါ တယ်။ ကလေးချက်ြေ<ွကပြီးမှ ရေချိုး ရပါမယ်။ ကိုယ်အလေးချိန်ကို ပုံမှန် ချိန်ရပါမယ်။ ကျန်းမာရေး ဦးစီးဌာနမှ ဖြန့်ဝေတဲ့ နီ၊ စိမ်း၊ ဝါ၊ ပေါင် ချိန် ဇယားထဲက အကွက်စိမ်းထဲမှာ ပုံမှန်ဝင်နေပါက ကလေးပုံမှန် ကြီး ထွားကြောင်းပြသခြင်းဖြစ်ပါတယ်။ ကလေးသူငယ်ဖွံ့ဖြိုးမှုအတွက် ဂရုစိုက် ပေးရပါမယ်။ ဖွံ့ဖြိုးမှုဆိုတာ ကြီးထွား ခြင်းနဲ့မတူ။ လုပ်တတ် လာခြင်း၊ နားလည်လာခြင်းဟု အလွယ်ပြောနိုင်ပါတယ်။ အသက် သုံးလအရွယ်လေးကို ခါးမတ် မတ်ကိုင်ပေးပါက ခေါင်းလေးက သူ့ဟာသူ လိုက်ထောင်လာပါတယ်။ အသက်ခြောက်လတွင် ငုတ် တုတ် ထိုင်နိုင်ရပါမယ်။ နှစ်လသား ကလေး ဟာ ပစ္စည်းတွေကိုင်ထား ကြတာကို လိုက်ကြည့်တတ်ပါသည်။ လေးလသားလောက်ကျတော့ မမြဲတမြဲလှမ်း ကိုင်တတ်လာပါတယ်။

ဒီလိုဖြစ်သင့်တာလေးတွေ ဖြစ်မလာတာကို တတ်ကျွမ်းနားလည် သူနဲ့တိုင်ပင်ဆွေးနွေး အကြံÓဏ် ယူရင်း ကလေးဖွံ့ဖြိုးမှုကို စောင့် ကြည့်ပေးရပါမယ်။ ဆေးအနေနဲ့ ကလေးကို ဘာမှမတိုက်သင့်ပါဘူး။ နေမကောင်းချိန်၊ ဆရာဝန် ညွှန်ကြား ချက်မှလွဲပြီး မည်သည့်ဆေးမှ တိုက် ရန်မသင့်လျော်ပါဘူး။ အသက် ၆ လအထိ မိခင်နို့ တစ်မျိုးတည်းတိုက်ပြီး ၆ လမှ စတင်ကာ ဖြည့်စွက်စာကျွေးသင့်ပါ တယ်။ ကစီဓာတ်အတွက် ထမင်း၊ အသား ဓာတ်အတွက် ငါး၊ အသား၊ ပဲမျိုးစုံ၊ အဆီဓာတ်အတွက် ဆီနှင့် အသီး အရွက်တို့ကို ချေပြီးဖြစ်ဖြစ်၊ ပြုတ်ပြီးဖြစ်ဖြစ် ကျွေးသင့်ပါတယ်။ အစပိုင်းတွင် ခပ်ကျဲကျဲလျှော့ပြီး နောက်ပိုင်းတဖြည်းဖြည်းတိုးကာ အသက်အရွယ်နဲ့လိုက်အောင် ကလေးကို ထမင်းနဲ့ ဟင်းအရသာ သိအောင် ကျွေးမွေးသွားရပါမယ်။ နို့ထွက်ပစ္စည်းများကိုတော့ ကလေးအသက်တစ်နှစ်မှစတင်ပြီး ကျွေးသင့်ပါတယ်။ သတိထားဖို့ လိုအပ်တာက ဘာမဆိုပါးစပ်ထဲ ထည့်တတ်တာ မမေ့ပါနဲ့။ ကလေး ကို စကားပြောပေးပါ။ မေတ္တာရှိစွာ ပြုံးပြပေးပါ။ နွေးနွေးထွေးထွေး ဆက်ဆံပါ။ ကလေးရဲ့ကာယ၊ ဥာဏ ဖွံ့ဖြိုးစေတဲ့အထောက်အကူ ပစ္စည်း ကစားစရာများနဲ့အတူ ကစား ကာ ကလေးကို လေ့ကျင့်သင်ကြားပေးပါ။

မေး။ ။ အခုကာလမှာကလေးတွေကို မွေးကြတယ်။ ပြီးတော့စွန့်ပစ်တာ တွေတော်တော်များလာကြတယ်။အဲဒီအပေါ်ဆရာမရဲ့အမြင် နဲ့ စွန့် ပစ်ခံကလေးတွေအပေါ်စာနာ သနားစိတ်ဖြစ်မှုလေးတွေပါ ပြောပြ စေချင်ပါတယ်ရှင့်။

ဖြေ။ ။ ကလေးကို မလိုချင်ရင် ကြိုတင် ကာကွယ်သင့်ပါတယ်။ကာကွယ်နည်း အမျိုးမျိုးကို နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေမှာ တိုင်ပင်ရ ယူနိုင်ပါတယ်။ မွေးပြီးမှ ကလေး ငယ်ကို စွန့်ပစ်တာတော့ မတရားပါ။ ဆေးရုံကိုရောက်လာတဲ့ ကလေး တွေက တအားသနားစရာ ကောင်းပါ တယ်။ ဒါကြောင့်ကလေး မယူချင် သေးရင် ကလေးမရအောင် ကာ ကွယ်နည်း အမျိုးမျိုးရှိတဲ့အထဲက တစ်နည်းနည်းကို အသုံးပြုပါလို့ ပြောချင်ပါတယ်။

မေး။ ။ ကလေးတွေက တိုင်းပြည်ရဲ့ ငွေကြယ်ပွင့်တွေ ဖြစ်လို့ မိခင် ဖခင်တွေအနေနဲ့ ကိုယ့်သားသမီး ရဲ့အနာဂတ်ကို ဘယ်လိုပြုစုပျိုး ထောင်သင့်လဲဆိုတာ ဆရာမအကြံပြု စကားပြောပေးပါဦး။

ဖြေ။ ။ ကလေးတွေက တိုင်းပြည်ရဲ့ ငွေကြယ်ပွင့်ကလေးတွေပါ။ ဒီကလေးတွေကို ကိုယ်ဝန်ဆောင်စဉ် ကတည်းက သေချာနားလည်တတ် ကျွမ်းတဲ့သူနဲ့ ပြသပြီး မွေးဖွားဖို့ လို ပါတယ်။ မွေးပြီးရင်လည်း မိခင်နို့ သေချာတိုက်ကျွေး၊ ပုံမှန်ကာကွယ် ဆေးထိုးပြီး ၆ လ ကျော်ရင် ဖြည့် စွက်အာဟာရကို ကျွေးပေးစေချင် ပါတယ်။ ဒီကလေးတွေရဲ့ ရုပ်ပိုင်း ဆိုင်ရာ စိတ်ဓာတ်နှင့် ဥာဏ်ရည်ပိုင်းဆိုင်ရာ ပုံမှန်တိုးတက်မှုရှိ၊ မရှိလည်း နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများမှာ ပြသပြီး စောင့်ကြပ်ကြည့်ရှုပေးရပါ မယ်။ ရာသီအလိုက်ဖြစ်ပွားတဲ့ ရောဂါတွေကိုလည်း ကာကွယ်လို့ရ တာမို့ ဒီကလေးတွေမှာ မဖြစ်အောင် ကာကွယ်ပေးပါ။ ဒါမှကလေးဟာ ကျန်းမာဖွံ့ဖြိုးÓဏ်ရည်တိုးပြီး အနာဂတ်ရဲ့ ကြယ်ပွင့်လေးတွေ ဖြစ်လာမှာပါ။

မေး။ ။ အခုခေတ် လူငယ်တွေက လူငယ်သဘာဝအရ ချစ်ကြိုက်ကြပြီး မမှားသင့်တာတွေမှားကြတယ် အဲဒီလိုအမှားမျိုးတွေဖြစ်လာတဲ့အခါမှာ (ကိုယ်ဝန်ဖျက်ချတာမျိုးတွေ) လုပ်လာကြတယ် ။ အဲဒါမျိုးတွေ အလုပ်သင့်ဘူးဆိုတာမျိုး ဆရာမရဲ့ အကြံပေးစကားလေး ပြောပြပေးပါဦးဆရာမ။

ဖြေ။ ။ ဒီခေတ်ဒီအခါမှာ ဒါမျိုးတွေ ဖြစ်ကြ၊ များကြ ဆေးရုံရောက်ကြ ရတာတွေ ရှိပါတယ်။ ဒီလိုကိုယ်ဝန် ဖျက်ချတာမျိုးဟာ အပြစ်မဲ့တဲ့ကလေးတွေအတွက် မတရားတဲ့ အ ပြင် ဖျက်ချခံရတဲ့ မိခင်အတွက် အသက်အန္တရာယ် အင်မတန်ရှိတဲ့ အတွက် မလုပ်သင့်ပါဘူး။ ဒီခေတ် မှာ သန္ဓေတားနည်းမျိုးစုံ ရှိနေပါပြီ။ စားဆေး၊ ထိုးဆေး၊ လက်မောင်းထဲ ထည့်တဲ့ပစ္စည်း၊ သားအိမ်ထဲ ထည့်တဲ့ ပစ္စည်း၊ ကွန်ဒုံးစတဲ့ သန္ဓေ တား ပစ္စည်းနဲ့ နည်းလမ်းအမျိုးမျိုး ရှိနေတဲ့အတွက် မဖြစ်ခင်ကြိုတင် ကာကွယ်ဖို့ လိုပါတယ်။ မမှားတာက တော့ အကောင်းဆုံးပေါ့။ မတော် တဆမှားခဲ့ရင်လည်း အရေးပေါ် တားဆေးတွေရှိနေပြီပဲ။ ဒါကြောင့် ကာကွယ်ခြင်းကပိုပြီး မလိုလားတဲ့ ကိုယ်ဝန်ရှိခြင်း (Unwanted pregnancy) ကို လျော့နည်းစေပြီး မလုပ်သင့်တဲ့ ကိုယ်ဝန်ဖျက်ချတာ မျိုးတွေပါနည်းပါးသွားမှာပါ။

ဇင်မာနွယ်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071