Saturday, June 21, 2025

နည်းပညာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်ဒေါ်လာ၂ ဒဿမ၃ဘီလျံ ရင်းနှီးမြှုပ်နှံမှုကိုအင်ဒိုနီးရှားနှင့်...

အင်ဒိုနီးရှားနှင့် ရုရှားနိုင်ငံတို့သည် စက်မှုလုပ်ငန်းဆိုင်ရာ အသိပညာ၊ အသုံးချ သုတေသနနှင့် အဆင့်မြင့် ဖြေရှင်းမှုများကို ဖလှယ်နိုင်မည့် နှစ်နိုင်ငံ နည်းပညာလွှဲပြောင်းမှုအတွက် အမေရိကန်ဒေါ်လာ ၂...

ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်နေသော်လည်း ကြိုတင်မှာယူ ထားခြင်းကြောင့်...

ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်မှုကြောင့် အာရှပစိဖိတ်ဒေသအတွင်း စက်သုံးဆီဈေးနှုန်း မြင့်တက်ခြင်းနှင့်အတူ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ မြင့်တက်လာသော်လည်းကြို တင်မှာယူထားခြင်းကြောင့် စက်သုံးဆီဖူလုံမှုရှိကြောင်း သိရသည်။ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများမြင့်တက်သော်လည်း ပြီးခဲ့သည့်နှစ်ဆန်းပိုင်းက ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများထက်...

ငလျင်ဒဏ်သင့် မန္တလေးတိုင်းအတွက် ငွေကျပ်သိန်း(၂,၀၀၀)တန်ဖိုးရှိ စားသောက်ကုန်များနှင့်...

မန္တလေးယူနန် ဗုဒ္ဓဘာသာဘုရားကျောင်းအပါအဝင် အသင်းအဖွဲ့(၃)ခုမှ မန္တလေးတိုင်းရှိ ငလျင်ဒဏ်သင့်သူများအတွက် ငွေကျပ်သိန်း(၂,၀၀၀)တန်ဖိုးရှိ စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများကို မန္တလေးတိုင်းအစိုးရအဖွဲ့ထံ ဇွန် ၂၀ ရက်နေ့လည်ပိုင်းက လာရောက်လှူဒါန်းခဲ့ကြကြောင်း...

ကျိုက်ထိုမြို့နယ်အတွင်း ကိုဗစ်ကာကွယ်ဆေး အသုတ်လိုက် ထိုးနှံပေးမည်

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံ၌ ကိုဗစ် ကာကွယ်ဆေးများကို ဇွန်လ ၂၃ ရက်မှစတင်၍ အသုတ်လိုက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ပထမအသုတ်အနေဖြင့် ကာကွယ်ဆေးများရောက်ရှိနေပြီဖြစ်ကာ ဆေးရောက်ရှိလာသည့်အပေါ် မူတည်၍...
HomeNewsLocal Newsကိုဗစ် - ၁၉...

ကိုဗစ် – ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှုများ ပြုလုပ်နိုင်ရန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ်ဂိတ်များတွင် စောင့်ကြည့်နေ

အိမ်နီးချင်း နိုင်ငံများတွင် ပြန်လည်ဖြစ်ပွားနေသည့် ကိုဗစ် – ၁၉ ရောဂါကူးစက်မှု မရှိစေရေးကာကွယ်ထိန်းချုပ်မှုများပြုလုပ်နိုင်ရန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ်ဂိတ်များတွင် စောင့်ကြည့်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ပြောသည်။

မိုးရာသီတွင် ဖြစ်ပွားတတ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများဖြစ်သည့် ရာသီတုပ်ကွေးရောဂါနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့နိုင်ငံအချို့နှင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများအပါအဝင် ဒေသတွင်းနိုင်ငံအချို့တွင် ရာသီတုပ်ကွေးရောဂါနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုများ လတ်တလောမြင့်တက်လာသည်ကို တွေ့ရှိရပြီး ဒေသတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု အနည်းငယ်မြင့်တက်လာသော်လည်း ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ အိုမီခရွန် ဗီဇပြောင်းမျိုးကွဲများသည် XBB နှင့် JN.1 တို့မှ မျိုးရိုးဗီဇပြောင်းလာသော ရောဂါပိုးများဖြစ်ပြီး ရောဂါပြင်းထန်မှုနှင့် ပိုမိုသေဆုံးမှုမရှိကြောင်း သိရသည်။

လက်ရှိထိုးနှံနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံခြင်းဖြင့် ရောဂါပြင်းထန်နိုင်ခြေနှင့် ‌ေ-သဆုံးနိုင်ခြေကို ထိရောက်စွာလျှော့ချနိုင်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပြည်သူ့ကျန်း မာရေးဆိုင်ရာ နိုင်ငံတကာအရေးပေါ် အခြေအနေအဖြစ်မှ ရုပ်သိမ်းခဲ့သော်လည်း ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံဖြတ်ကျော် ဝင်ထွက်ပေါက်များဖြစ်သော အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ်ဂိတ်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ သံသယလက္ခဏာရှိသူများကို ဓာတ်ခွဲစစ်ဆေးခြင်း၊ မျိုးရိုးဗီဇပြောင်းလဲမှု စစ်ဆေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း အစရှိသော ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် မိုးရာသီကာလ စိုစွတ်သည့် ရာသီဥတုအခြေအနေကြောင့် အသက်ရှူလမ်းကြောင်းမှ ကူးစက်တတ်သော ရာသီတုပ်ကွေးရောဂါနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုများကို ပိုမိုအားဖြည့်စောင့်ကြပ်ကြည့်ရှုရမည်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှု၍ အပတ်စဉ်သတင်းထုတ်ပြန်ခြင်းအား ဆောင်ရွက်လျက်ရှိရာ ယခုရက်သတ္တပတ်တွင် အနည်းငယ်မြင့်တက်လာသော်လည်း ပြင်းထန်လူနာနှင့် အထူးကြပ်မတ်ကုသမှုပေးရသော လူနာများ မရှိခြင်း၊ ‌ေ-သဆုံးသူမရှိခြင်းတို့ကြောင့် စိုးရိမ်ဖွယ်ရာ မရှိကြောင်း၊ ဦးစားပေးအုပ်စုများကို ကိုဗစ်-၁၉ ရော ဂါ ထပ်ဆောင်းကာကွယ်ဆေးများကို ထိုးနှံပေးခြင်းအား ဆက်လက်အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန ဆေးသုတေသနဦးစီးဌာနမှ SARS CoV-2 မျိုးရိုး ဗီဇပြောင်းလဲမှုအား စဉ်ဆက်မပြတ်စောင့်ကြပ် ကြည့်ရှုလျက်ရှိရာ ယခုအထိတွေ့ရှိရသော ဗီဇပြောင်းပိုးများသည် ကမ္ဘာ့နိုင်ငံများတွင်လည်း ကူးစက်လျက်ရှိပြီး ပြင်းထန်မှုမရှိသည့် မျိုးကွဲများဖြစ်သည့်အတွက် လက်ရှိထိုးနှံပေးနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများဖြင့် ထိရောက်စွာ ကာကွယ်နိုင်ကြောင်းနှင့် ကျန်းမာရေးဝန်ကြီး ဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို ပိုမိုအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နည်းပညာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်ဒေါ်လာ၂ ဒဿမ၃ဘီလျံ ရင်းနှီးမြှုပ်နှံမှုကိုအင်ဒိုနီးရှားနှင့် ရုရှား စတင်

အင်ဒိုနီးရှားနှင့် ရုရှားနိုင်ငံတို့သည် စက်မှုလုပ်ငန်းဆိုင်ရာ အသိပညာ၊ အသုံးချ သုတေသနနှင့် အဆင့်မြင့် ဖြေရှင်းမှုများကို ဖလှယ်နိုင်မည့် နှစ်နိုင်ငံ နည်းပညာလွှဲပြောင်းမှုအတွက် အမေရိကန်ဒေါ်လာ ၂ ဒဿမ ၃ ဘီလျံတန်ဖိုးရှိ သောရင်းနှီးမြှုပ်နှံမှု ပလက်ဖောင်းကို စတင်ရန် သဘောတူခဲ့သည်။ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တို၏ ရုရှားနိုင်ငံခရီးစဉ်အတွင်း ရုရှား-အင်ဒိုနီးရှား ရင်းနှီးမြှုပ်နှံမှု ပလက်ဖောင်းတည်ထောင်းခြင်း သဘောတူညီချက်ကို အင်ဒိုနီးရှားအစိုးရပိုင် ရင်းနှီးမြှုပ်နှံမှုအေဂျင်စီ Danantara နှင့် ရုရှားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့တို့အကြား လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ ပူးတွဲဆန်းသစ်တီထွင်မှုနှင့် စွမ်းဆောင်ရည် တည်ဆောက်မှုတို့ကို မောင်းနှင်ခြင်းဖြင့် စက်မှုလုပ်ငန်းဆိုင်ရာ...

ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်နေသော်လည်း ကြိုတင်မှာယူ ထားခြင်းကြောင့် စက်သုံးဆီ ဖူလုံမှုရှိဟုဆို

ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်မှုကြောင့် အာရှပစိဖိတ်ဒေသအတွင်း စက်သုံးဆီဈေးနှုန်း မြင့်တက်ခြင်းနှင့်အတူ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ မြင့်တက်လာသော်လည်းကြို တင်မှာယူထားခြင်းကြောင့် စက်သုံးဆီဖူလုံမှုရှိကြောင်း သိရသည်။ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများမြင့်တက်သော်လည်း ပြီးခဲ့သည့်နှစ်ဆန်းပိုင်းက ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများထက် သက်သာလျော့နည်းပြီး ပြည်ပမှစက်သုံးဆီတင်သင်္ဘောများ အဆက်မပြတ်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ လက်ရှိ ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် ပြီးခဲ့သည့် နှစ်ဆန်းပိုင်း ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် ဖြစ်ပေါ်ခဲ့သည့် ဈေးနှုန်းများထက် တစ်လီတာလျှင် ကျပ် (၁၀ဝ) မှ ကျပ် (၁၅၀)ခန့်အထိ သက်သာလျော့နည်းလျက်ရှိကြောင်း သိရသည်။ ထို့ပြင် ကြိုတင်မှာယူထားသည့်အစီအစဉ်အတိုင်း ပြည်ပမှစက်သုံးဆီတင်သင်္ဘောများလည်း အဆက်မပြတ်ဝင်ရောက်လျက်ရှိပြီး အရန်ဆီများလည်း နှစ်ပတ်စာခန့်ရှိနေ၍ ပြည်တွင်း၌ စက်သုံးဆီ...

ငလျင်ဒဏ်သင့် မန္တလေးတိုင်းအတွက် ငွေကျပ်သိန်း(၂,၀၀၀)တန်ဖိုးရှိ စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများလှူဒါန်း

မန္တလေးယူနန် ဗုဒ္ဓဘာသာဘုရားကျောင်းအပါအဝင် အသင်းအဖွဲ့(၃)ခုမှ မန္တလေးတိုင်းရှိ ငလျင်ဒဏ်သင့်သူများအတွက် ငွေကျပ်သိန်း(၂,၀၀၀)တန်ဖိုးရှိ စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများကို မန္တလေးတိုင်းအစိုးရအဖွဲ့ထံ ဇွန် ၂၀ ရက်နေ့လည်ပိုင်းက လာရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ မုန်းဝန်းဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ချုပ်၊ မန္တလေးယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း၊ လုံလင်လူမှုကူညီရေးအသင်းတို့မှ ငွေကျပ်သိန်း(၂,၀၀၀)တန်ဖိုးရှိစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း(၁၄)မျိုးကို ပေးအပ်လှူဒါန်းရာ တိုင်းဝန်ကြီးချုပ်က လက်ခံရယူ၍ ကျေးဇူးတင်စကားပြောကြားပြီး ဂုဏ်ပြုမှတ် တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071