ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွား ရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ် ငန်းကော်မတီမှ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှစတင် ၍ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုရှိခဲ့သော စီးပွားရေးလုပ်ငန်းများအား ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေသက်တမ်း(၁)နှစ်(အတိုးနှုန်း ၁ ရာခိုင်နှုန်း)ဖြင့် ချေးငွေများထုတ်ချေးပေးခဲ့သည်။
ထိုသို့ ထုတ်ချေးပေးခဲ့ရာမှ ကုမ္ပဏီ/လုပ်ငန်း (၄၈၆)ခုသည် ချေးငွေသက်တမ်း(၃)နှစ်ကျော်၍ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ အတိုး၊ အရင်း လုံးဝပေးဆပ်မှုမရှိသဖြင့် ၂၀၂၄ ခုနှစ်၊ ဇွန် ၃၀ ရက်အထိ ချေးငွေအရင်းနှင့် အတိုးများအား အမြန်ဆုံးပြန်လည်ပေးဆပ်ရန် ၂၀၂၄ ခုနှစ်၊ ဇွန် ၆ ရက်က အသိပေးကြေညာခဲ့သည်။
အဆိုပါ ကြေညာမှုပြုလုပ်ခဲ့သော်လည်း ကုမ္ပ ဏီ/လုပ်ငန်း (၄၈၆)ခုမှ ချေးငွေအရင်းနှင့် အတိုးတို့ကိုပြန်လည်ပေးဆပ်ခြင်းမရှိ၍ ၎င်း ကုမ္ပဏီ/လုပ်ငန်းတို့၏ အမည်၊ လုပ်ငန်းရှင်အမည်၊ နေရပ်လိပ်စာအပြည့်အစုံကို နိုင်ငံပိုင်သတင်းစာတွင်ထည့်သွင်းကြေညာသွားမည်ဟု ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက် ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ကြေညာခဲ့သည်။
ထို့ပြင် အချိန်မီလာရောက်ပေးဆပ်ခြင်းမရှိပါက လုပ်ငန်းတစ်ခုချင်းအား နိုင်ငံပိုင်သတင်းစာများမှ ထုတ်ပြန်အသိပေးမည့်အပြင် စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူခြင်းကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဟု ကြေညာခဲ့သည်။