Wednesday, December 17, 2025

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အယ်လ်ဂျီးရီးယား သံအမတ်ကြီးကိုတွေ့ဆုံ

နှစ်နိုင်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆွေးနွေး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ဟနွိင်းမြို အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားသံအမတ်ကြီး မစ္စတာ အဇက်ဒင်း ဘက်ကာကို ယနေ့ ဒီဇင်ဘာ(၁၇)ရက်နေ့...
HomeNewsLocal Newsကိုဗစ်-၁၉နှင့်ပတ်သက်သော OTC ဆေးဝါးများ...

ကိုဗစ်-၁၉နှင့်ပတ်သက်သော OTC ဆေးဝါးများ ၊POM ဆေးဝါးများ အား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးမှ ယာယီကင်းလွတ်ခွင့်ပြု

ရန်ကုန် ဇူလိုင် ၂၉
ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍ အသုံးပြုရသော ဆရာဝန်ညွှန်ကြားချက်ဖြင့်သုံးရသည့် Prescription Only Medicine(POM) ဆေးဝါးများ၊ ကျန်းမာရေးအထောက်အကူပြုဆေးဝါးများနှင့်အသုံးများသည့် ဆရာဝန်ညွှန်ကြားချက် မလိုသောဆေးဝါးများ (OTC ) ကို သွင်းကုန်ထောက်ခံချက် လျှောက်ထားခြင်းမှ ယာယီကင်းလွတ်ခွင့်ပြုလိုက်ကြောင်း အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန မှကြေညာလိုက်သည်။
အဆိုပါ ကင်းလွတ်ခွင့်ပြုသော OTCဆေးဝါးများမှာ Paracetamol, ORS, Mucolytic, Cetirizine, Loratidine, Domperidone(POM ဆေးဝါးဖြစ်၍ ခြွင်းချက်ဖြင့်) ဖြစ်ပြီး ယာယီကင်းလွတ်ခွင့်ပြု ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
တင်သွင်းသူများအနေဖြင့်လည်း DIAC ရရှိထား၍ ဆေးဝါးနှင့်ပတ်သက်ပြီး တာဝန်ခံမှုရှိကာ မိမိတင်သွင်းသောဆေးဝါး၏ Shelf Life တွင်လည်း အနည်းဆုံး(၁)နှစ်သက်တမ်းရှိရမည်။ ဖတ်ရှု၍ရနိုင်သော အင်္ဂလိပ်-မြန်မာ အညွှန်းဖြစ်ရမည်ဟုလည်းပြောကြားထားသည်။
POM ဆေးဝါးနှင့်ပတ်သက်၍ ဆေးဝါးတင်သွင်းခြင်း၊ လုပ်ငန်းလုပ်ကိုင်ခွင့် လက်မှတ်ရရှိထားပြီး မှတ်ပုံတင်(DRC) သက်တမ်းတိုး ဆဲဖြစ်ပါက သတ်မှတ်စာအုပ် အပ်ပြီးကြောင်း အထောက်အထားဖြင့်တင်သွင်းခွင့်ပြုခြင်း၊ တင်သွင်းသူ အနေဖြင့် မိမိတင်သွင်း သည့်ဆေးဝါး နှင့်ပတ်သက်၍ အရည်အသွေး၊ အာနိသင်၊ ဘေးကင်းရှင်းမှု၊ မှတ်ပုံတင်မရှိသော်လည်း လှူဒါန်းမည့် ဆေးဝါးဖြစ်ပါက ရရှိမှုအထောက်အထား၊ ဆေးဝါးစိစစ်မှုဖြင့်ပတ်သက်၍ တင်သွင်းသည့် အရည်အသွေးနှင့် ဘေးကင်းမှုတို့ ကို တာဝန်ယူမှု တာဝန်ခံမှု ရှိပါက တင်သွင်းခွင့်ပြုကြောင်းသိရသည်။
ထိုနောက် ကျန်းမာရေးအထောက်အကူပြု အစားအသောက်များနှင့် ဆရာဝန်ညွှန်ကြားချက်မလိုသည့် ဆေးဝါးများကို တင်သွင်းမည့် လူပုဂ္ဂိုလ်၊ လုပ်ငန်းများအနေဖြင့် အဆိုပါအစားအသောက်များ၏ ဘေးကင်းမှုနှင့် အရည်အသွေးကိုလည်း အပြည့်အဝ တာဝန်ယူ ရမည် ဖြစ်ပြီး စားသောက်ကုန်၏ အသေးစိတ်သတ်အှတ်ချက်များ၊ အသိအမှတ်ပြု ဓာတ်ခွဲခန်းအဖြေများ သက်ဆိုင်ရာ အဖွဲအစည်း မှထုတ်ပေး သော ဘေးကင်းမှုဆိုင်ရာ လက်မှတ်များ တင်သွင်းခဲ့သောပမာဏများနှင့် မြန်မာနိုင်ငံအတွင်းဖြန့်ဖြူးခဲ့သောနေရာ မှတ်တမ်း အထောက်အထား များကို တောင်းခံပါက ပြည့်စုံမှန်ကန်စွာ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
သိုသော် သတ်မှတ်ချက်များတွင် အသက်(၂)နှစ်အောက် ကလေးများအတွက် ထုတ်လုပ်ထားသော Vitamin C, D, K နှင့် Zinc များ မပါဝင်ကြောင်းသိရသည်။
ပုဂ္ဂလိကဆေးဝါးလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတကာအတွင်း အရည်အသွေးအာနိသင်ရှိပြီး ဘေးရှင်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး များကို မိမိတိုအစီအစဉ်ဖြင့် တင်သွင်းဖြန့်ဖြူးခြင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်းများဆောင်ရွက်လိုပါက သတ်မှတ်အထောက် အထား များဖြင့် အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသို့လျှောက်ထားနိုင်ကြောင်း အသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071