ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာန(Myanmar CDC)၏ ဇူလိုင် ၇ ရက်ည ၈ နာရီထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၌ ကိုဗစ်(၁၉)ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေ့ရှိမှုလျော့ကျလာကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန် ၂၉ ရက်ည ၈ နာရီမှ ဇူလိုင် ၆ ရက်ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ(၈၃၉)ခုအား စစ်ဆေးခဲ့ရာ ကိုဗစ်(၁၉)ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်(၃)ဦးသာတွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှုရာ ခိုင်နှုန်းမှာ(၀ ဒသမ ၃၆)ရာခိုင်နှုန်းဖြစ်ပြီး ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသမှုပေးရသောလူနာနှင့် ကိုဗစ်(၁၉)ရောဂါဖြင့် ေ-သဆုံးလူနာမရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်(၁၉)ရော ဂါကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံးနိုင်ခြေမြင့်မားသည့် အသက်အရွယ်ကြီးသူများ(အသက် ၆၀ နှစ်နှင့်အထက်)၊ ဆီးချိုရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ ကင်ဆာရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ(ကိုယ်ဝန်ဆောင်ကာလ ၃ လနှင့်အထက်)ကို ဦးစားပေးအစီအစဉ်အဖြင့် ကိုဗစ်(၁၉)ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ၍ ကာကွယ်ဆေးထိုးနှံမှုခံယူကြရန် အသိပေးနှိုးဆော်ထားသည်။
ထို့အတူ လတ်တလောတွင် မိမိတို့နိုင်ငံအတွင်း၌ ကိုဗစ်(၁၉)ရောဂါကူးစက်ဖြစ်ပွား/သေဆုံးမှုနှင့်ပတ်သက်၍ စိုးရိမ်ဖွယ်ရာအခြေအနေမရှိသော်လည်း ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် တစ်ကိုယ်ရေကာကွယ်ရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်ရန်လိုအပ်သည်ဟုလည်း အသိပေးနှိုး ဆော်ထားသည်။
