Thursday, May 15, 2025

အဝေးသင် ကျောင်းအပ်ရက်များ ထပ်တိုးပေးထား

၂၀၂၅ခုနှစ်ပညာသင်နှစ် ပထမနှစ် အဝေးသင်ကျောင်းအပ်ရက်ကို ထပ်တိုးပေးထားပြီး မေလကုန်ထိ အပ်နှံနိုင်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနမှအသိပေး ထားသည်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ(၄)ရက်မှ ၂၀၂၅ ခုနှစ်မေလ...

ကျောင်းအပ်နှံရာတွင် အခကြေးငွေပေးရန်မလိုကြောင်း ပညာရေးဝန်ကြီးဌာန ထုတ်ပြန်အသိပေး

၂၀၂၅ -၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရာတွင် မည်သည့်အခကြေးငွေမျှ ပေးစရာမလိုကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်အသိပေးထားသည်။ ကျောင်းအုပ်၊ ဆရာ၊ ဆရာမများအားလုံးနှင့် အရာထမ်း၊ အမှုထမ်းများ အားလုံးအနေဖြင့်...

စစ်ကိုင်းမြို့ငလျင်သင့်ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ...

စစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့် ပျ-က်စီးဆုံးရှုံးခဲ့ရသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများအား One Stop Service စနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန...

ကျိုက်မရော ရေ‌ဘေးသင့်ကျေးရွာ(၄)ရွာရှိ အိမ်ထောင်စု (၄၀၀)ကျော်အား...

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်းက ရေဘေးသင့်ခဲ့ကြသည့် ကျေးရွာ(၄)ရွာရှိ အိမ်ထောင်စု (၄၄၃)စုအတွက် တစ်အိမ်ထောင်စုလျှင် ကျပ်(၄)သိန်းနှုန်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ...
HomeInternationalကိုဗစ်အပြီး တရုတ်သည် ဂျာမနီနှင့်အတူ...

ကိုဗစ်အပြီး တရုတ်သည် ဂျာမနီနှင့်အတူ နှစ်ဦးနှစ်ဖက် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့လုပ်ဆောင်သွားမည်ဟုဝမ်ယိ ပြော

တရုတ်နိုင်ငံသည် ဂျာမနီ၊ ဥရောပတို့နှင့် နယ်ပယ်အသီးသီးတွင် ဖလှယ်မှုများ ပြန်လည်စတင်ရန်၊ အပြန်အလှန် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ရန်နှင့် နှစ်ဦးနှစ်ဖက် နားလည်မှု မြင့်တင်ရန်အတွက် အဆင်သင့်ဖြစ်နေကြောင်း တရုတ် ဝါရင့်သံတမန် ဝမ်ယိက ဖေဖော်ဝါရီလ ၁၇ ရက် သောကြာနေ့တွင် ပြောကြားခဲ့သည်။

သောကြာနေ့က စတင်ခဲ့သော ၅၉ ကြိမ်မြောက် မြူးနစ် လုံခြုံရေး ညီလာ၏ ပြင်ပတွင် ဂျာမနီ ဝန်ကြီးချုပ် အိုလက်ဖ် ရှို့ဇ်နှင့် တွေ့ဆုံခဲ့စဉ် တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မီတီ နိုင်ငံခြားရေး ေကာ်မရှင် ရုံး ညွှန်ကြားရေးဝန် ဝမ်ယိက ယခုကဲ့သို့ ပြောလာခြင်းဖြစ်သည်။

တရုတ်နှင့် ဂျာမနီတို့သည် အစိုးရအချင်းချင်း ညှိနှိုင်းဆွေးနွေးပွဲအသစ်များ ပြုလုပ်ရန် ပြင်ဆင်ပြီး တရုတ်-ဂျာမနီ ပူးပေါင်းဆောင်ရွက်မှုကို ကမ္ဘာ့ထိပ်တန်းအဆင့်တွင် ထိန်းသိမ်းထားနိုင်ရန်အတွက် နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ်များကို ရေးဆွဲနိုင်ကြောင်း ဝမ်ယိက ပြောခဲ့သည်။

ထို့ပြင် နှစ်နိုင်ငံစလုံးသည် နိုင်ငံစုံ ပါဝင်ရေးဝါဒနှင့် လွတ်လပ်စွာ ကုန်သွယ်ရေးကို ထောက်ခံသင့်ကြောင်း၊ နိုင်ငံများအား ခွဲထုတ်ခြင်းနှင့် ကုန်ကြမ်းကွင်းဆက်များ ဖြတ်တောက်သည့် အလေ့အကျင့်များကို ပယ်ချသင့်ကြောင်း၊ ကမ္ဘာ့ကုန်ထုတ်လုပ်မှုနှင့် ကုန်ကြမ်းကွင်းဆက်များ၏ တည်ငြိမ်မှုကို ကာကွယ်သင့်ကြောင်း ဝမ်ယိက ထည့်သွင်းပြောကြားခဲ့သည်။

ရှို့ဇ်ကလည်း တရုတ်နိုင်ငံသည် ကိုဗစ်ကပ်ရောဂါအား ကျော်လွှားနိုင်ခဲ့သည့်အ တွက် ဝမ်းသာကြောင်း ပြောကြားကာ ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းမှုများ ကို  ပြန်လည်စတင်ရန်နှင့် အစိုးရအချင်းချင်း ညှိနှိုင်းဆွေးနွေးမှုများကို တတ်နိုင်သမျှ အမြန်ဆုံး စတင်သွားရန် သဘောတူခဲ့သည်။

Source: CGTN

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အဝေးသင် ကျောင်းအပ်ရက်များ ထပ်တိုးပေးထား

၂၀၂၅ခုနှစ်ပညာသင်နှစ် ပထမနှစ် အဝေးသင်ကျောင်းအပ်ရက်ကို ထပ်တိုးပေးထားပြီး မေလကုန်ထိ အပ်နှံနိုင်ကြောင်း ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနမှအသိပေး ထားသည်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ(၄)ရက်မှ ၂၀၂၅ ခုနှစ်မေလ (၃၁) ရက်အထိ တိုးမြင့်ထားခြင်းဖြစ်သည်။ ထို့ပြင် ဒုတိယနှစ်နှင့်အတန်းများ၏ ကျောင်းဝင်မှတ်ပုံတင်ခြင်းကို ၂၀၂၅ခုနှစ်မေလ (၃၁)ရက်နောက်ဆုံးထား ဆောင်ရွက်ရမည်ဖြစ်ပြီး စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များမပါကြောင်းလည်း အသိပေးထားသည်။ ယင်းအပြင် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များ၏ ဘွဲ့ကြိုတန်းများနှင့် ဘွဲ့လွန်တန်းများကိုလည်း မေလ (၂၂) ရက်မှစတင်၍ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ကျောင်းအပ်နှံရာတွင် အခကြေးငွေပေးရန်မလိုကြောင်း ပညာရေးဝန်ကြီးဌာန ထုတ်ပြန်အသိပေး

၂၀၂၅ -၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရာတွင် မည်သည့်အခကြေးငွေမျှ ပေးစရာမလိုကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်အသိပေးထားသည်။ ကျောင်းအုပ်၊ ဆရာ၊ ဆရာမများအားလုံးနှင့် အရာထမ်း၊ အမှုထမ်းများ အားလုံးအနေဖြင့် အခကြေးငွေ ကောက်ခံခြင်း/လက်ခံခြင်းမပြုရန်၊ ငွေကြေး/လက်ဆောင်ပစ္စည်း တစ်စုံတရာ လက်ခံခြင်းမပြုရန်၊ အတန်းတံဆိပ်၊ ကျောင်းတံဆိပ်နှင့် အခြားမည်သည့် ပစ္စည်းကိုမျှ ရောင်းချခြင်းမပြုရန် ပညာရေးဝန်ကြီးဌာနက အသိပေးထားသည်။ အလားတူ မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများအနေဖြင့် မြို့နယ်အလိုက် သတ်မှတ်နယ်မြေများတွင်သာ ကျောင်းအပ်နှံရန်၊ ငွေကြေး သို့မဟုတ် လက်ဆောင်ပစ္စည်းများကို ကျောင်းအုပ်၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများအား ပေးအပ်ခြင်း...

စစ်ကိုင်းမြို့ငလျင်သင့်ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ One Stop Service စနစ်ဖြင့် ဆောင်ရွက်ပေးနေ

စစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့် ပျ-က်စီးဆုံးရှုံးခဲ့ရသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများအား One Stop Service စနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန စစ်ကိုင်းမြို့နယ်ဦးစီးမှူးရုံးက အခြေခံပညာအထက်တန်းကျောင်းခွဲ(ရန်နိုင်)အတွင်းရှိ ငလျင်ဘေးကယ်ဆယ်ရေးစခန်းတွင် One Stop Service စနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ပေးနေမှုများကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးနှင့် တာဝန်ရှိသူများက မေလ (၁၄)ရက်၊ ညနေပိုင်းတွင် သွားရောက်ကြည့်ရှုစစ် ဆေးခဲ့ကြောင်းသိရသည်။ ငလျင်ဘေးသင့် ပြည်သူများအား ငလျင်ဒဏ်ကြောင့် ပျ-က်စီးဆုံးရှုံးခဲ့ရသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071