Wednesday, August 5, 2026

ဆည်တော်ကြီးဆည် ရေပြည့်ရန် ၁ပေခွဲခန့်သာ လိုတော့သဖြင့်...

ကျေးရွာအချို့နှင့် ကပ်လျက်ရှိသော ချောင်းဘောင်များမှ ရေများ ကျော်လွန်စီးဝင်နေဖြင့် ပြည်သူများ အရေးပေါ်ပြောင်းရွှေ့ရန် နှိုးဆော် မန္တလေးတိုင်းဒေသကြီးရှိ ဆည်တော်ကြီးဆည်၏ ကန်ရေမှာ ရေပြည့်အမှတ်သို့ (၁)ပေခွဲခန့်သာ လိုတော့သည့်အတွက်...

လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးပြန်လည်ရရှိစေရန် B2B Satellite...

လေးမျက်နှာ၊ သြဂုတ်-၄ ငဝန်မြစ်ရေဝင်ရောက်မှုကြောင့် ဆက်သွယ်ရေးပြတ်တောက်နေသည့် လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည်ရရှိစေရန် B2B Satellite Terminal ၂ စုံနှင့် Call on...

သမ္မတ ဦးမင်းအောင်လှိုင် ဩဂုတ်လ ၆...

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်ရဲ့ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်ကနေ ၇...

မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ် ကွက်များအတွင်း...

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များနှင့် လမ်း များပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရေလည်ကျွန်းရပ်ကွက်၊...
HomeNewsLocal Newsကိုဗစ်ပိုးတွေ့ရှိမှု မြန်မာ နိုင်ငံ၌များလာသဖြင့်...

ကိုဗစ်ပိုးတွေ့ရှိမှု မြန်မာ နိုင်ငံ၌များလာသဖြင့် မပေါ့ဆကြဖို့ ကျန်းမာရေးဝန်ကြီးဌာနမှ နှိုးဆော်

(Unicode)

ကိုဗစ်ပိုးတွေ့ရှိမှု မြန်မာ နိုင်ငံ၌များလာသဖြင့် မပေါ့ဆကြဖို့ ကျန်းမာရေးဝန်ကြီးဌာနမှ နှိုးဆော်

ကိုဗစ်(၁၉)ရောဂါပိုးတွေ့ရှိမှုမှာ ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း တစ်နေ့လျင်လူဦးရေ ၁၀၀ ကျော်ခန့်၌ ပြန်လည်စစ်ဆေးတွေ့ရှိခဲ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည်။

ဇန်နဝါရီ ၁၈ ရက်ကထုတ်ပြန်ထားချက်အရ ဓာတ်ခွဲနမူနာပေါင်း ၁၀၈၄၂ ခုအားစစ်ဆေးရာပိုးတွေ့ရှိသူ ၁၆၃ ဦးရှိခဲ့သဖြင့် မြန်မာနိုင်ငံ၌ ကိုဗစ် (၁၉)ရောဂါဖြစ်ပွားနေသူ ၅၃၃၄၀၈ ဦးရှိကာ သေ ဆုံးသူ ၁၉၃၀၅ ဦးရှိပြီဖြစ်သည်။

ထို့ကြောင့် ကျန်းမာရေးဝန်ကြီးဌာနမှ အိုမီခရွန်ရောဂါပိုးနှင့်ကိုဗစ်(၁၉)ရောဂါဖြစ်ပွားမှုများအား အချိန်ပြည့်စောင့်ကြပ်ကြည့်ရှု့ကာ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အ ဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ အသွားအလာကန့်သတ်၍သီးသန့် ခွဲခြားထားရှိရာနေရာ(Quarantine Center)များ၊ကုသရေးစင်တာ(Treatment Center)များနှင့်အောက်စီဂျင်အပါအဝင် ဆေးနှင့်ဆေးပစ္စည်းများကြိုတင်ပြင်ဆင်ခြင်း၊နှီးနွယ်ဝန်ကြီးဌာနများ၊ဒေသအာ ဏာပိုင်အဖွဲ့အစည်းများ၊အလှူရှင်များ၊စေတနာ့ ဝန်ထမ်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်ခြင်းများရှိသည်။

“မြန်မာနိုင်ငံမှာ အိုမီခရွန်ပိုးတွေ့ရှိနှုန်းများလာတယ် ကမ္ဘာမှာလည်းအများအပြားတွေ့လာတယ် ကူးစက်မြန်ပေမယ့် အသေအပျောက်နည်းတယ်လို့ ပြည်သူတွေကထင်နေကြတယ် WHO ကဒီနေ့ကြေညာတယ် အသေအပျောက်နည်းပေမယ် ဂရု စိုက်သင့်တယ် အသေအပျောက်များတယ်ဆိုတဲ့ပုံစံအတိုင်း ဂရုစိုက်သင့်တယ်လို့ကြေညာခဲ့တယ် ဒါ့ကြောင့်ကျန်းမာရေးဝန်ကြီးဌာနရဲ့ညွှန်ကြား ချက်တွေအတိုင်း တိတိကျကျလိုက်နာသင့်တယ်” ဟုရှင်သန်ရေးကူညီမှုအသင်း ဥက္ကဋ္ဌဦးထွန်းထွန်းဦးကပြောသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ အိုမီခရွန်ရောဂါပိုးကူးစက်ခံရခြင်းမှကာကွယ်ရန် ကိုဗစ်(၁၉)ရောဂါစည်းကမ်းချက်များအား တိကျစွာလိုက်နာ၍ သံ သယရောဂါ လက္ခဏာရှိသူများအနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပေးပို့ခြင်း၊ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံခြင်းနှင့် ကာကွယ်ဆေးထိုးရန်ကျန်သူ များကို ကာကွယ်ဆေးထိုးနှံပေးနိုင်ရန်ကျန်းမာ ရေးဌာနသို့ ဆက်သွယ်ပို့ဆောင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးရမည်ဟုထုတ်ပြန်ထားသည်။

“အဓိကကတော့ မပေါ့ဖို့ပါပဲ။ကိုဗစ်ကာကွယ်ဆေးထိုးပြီးပြီ။နေချင်သလို နေမယ်ဆိုတာ မဖြစ်သင့်ဘူး။ကာကွယ်ရေးတွေက လုပ်နေရမှာ။အစဉ်သတိရှိပြီးတော့ ခုဆို အိုမီခရွန်ကလည်း တွေ့နေရပြီ။၁၀၀ကျော်ပြီ ဒီတော့ ပိုတောင်သတိထားရအုံးမယ်။ကိုဗစ်က လူမှုစီးပွားတွေ အကြီးအကျယ်ထိခိုက်ပါတယ်”ဟု ဆရာဝန်တစ်ဦးကပြောသည်။

အလားတူ ကျန်းမာရေးဝန်ကြီးဌာနမှဆောင်ရွက်နေသည့် လုပ်ငန်းများအား ကျရာကဏ္ဍမှပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်လည်း တိုက်တွန်းနှိုး ဆော်ထားသည်။

(Zawgyi)

ကိုဗစ္ပိုးေတြ႕ရွိမႈ ျမန္မာ ႏိုင္ငံ၌မ်ားလာသျဖင့္ မ​ေပါ့ဆၾကဖို႔ က်န္းမာေရးဝန္ႀကီးဌာနမွ ႏွိုး​ေဆာ္

ကိုဗစ္(၁၉)ေရာဂါပိုးေတြ႕ရွိမႈမွာ ၿပီးခဲ့သည့္ရက္အနည္းငယ္အတြင္း တစ္ေန႔လ်င္လူဦးေရ ၁၀၀ ေက်ာ္ခန္႔၌ ျပန္လည္စစ္ေဆးေတြ႕ရွိခဲ့ရေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနမွထုတ္ျပန္ထားသည္။

ဇန္နဝါရီ ၁၈ ရက္ကထုတ္ျပန္ထားခ်က္အရ ဓာတ္ခြဲနမူနာေပါင္း ၁၀၈၄၂ ခုအားစစ္ေဆးရာပိုးေတြ႕ရွိသူ ၁၆၃ ဦးရွိခဲ့သျဖင့္ ျမန္မာႏိုင္ငံ၌ ကိုဗစ္ (၁၉)ေရာဂါျဖစ္ပြားေနသူ ၅၃၃၄၀၈ ဦးရွိကာ ေသ ဆုံးသူ ၁၉၃၀၅ ဦးရွိၿပီျဖစ္သည္။

ထို႔ေၾကာင့္ က်န္းမာေရးဝန္ႀကီးဌာနမွ အိုမီခ႐ြန္ေရာဂါပိုးႏွင့္ကိုဗစ္(၁၉)ေရာဂါျဖစ္ပြားမႈမ်ားအား အခ်ိန္ျပည့္ေစာင့္ၾကပ္ၾကည့္ရႈ႕ကာ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ားအား အရွိန္အ ဟုန္ျမႇင့္တင္ေဆာင္႐ြက္လ်က္ရွိသည္။

ထို႔အတူ အသြားအလာကန႔္သတ္၍သီးသန႔္ ခြဲျခားထားရွိရာေနရာ(Quarantine Center)မ်ား၊ကုသေရးစင္တာ(Treatment Center)မ်ားႏွင့္ေအာက္စီဂ်င္အပါအဝင္ ေဆးႏွင့္ေဆးပစၥည္းမ်ားႀကိဳတင္ျပင္ဆင္ျခင္း၊ႏွီးႏြယ္ဝန္ႀကီးဌာနမ်ား၊ေဒသအာ ဏာပိုင္အဖြဲ႕အစည္းမ်ား၊အလႉရွင္မ်ား၊ေစတနာ့ ဝန္ထမ္းမ်ားႏွင့္လည္း ပူးေပါင္းေဆာင္႐ြက္ျခင္းမ်ားရွိသည္။

“ျမန္မာႏိုင္ငံမွာ အိုမီခ႐ြန္ပိုးေတြ႕ရွိႏႈန္းမ်ားလာတယ္ ကမာၻမွာလည္းအမ်ားအျပားေတြ႕လာတယ္ ကူးစက္ျမန္ေပမယ့္ အေသအေပ်ာက္နည္းတယ္လို႔ ျပည္သူေတြကထင္ေနၾကတယ္ WHO ကဒီေန႔ေၾကညာတယ္ အေသအေပ်ာက္နည္းေပမယ္ ဂ႐ု စိုက္သင့္တယ္ အေသအေပ်ာက္မ်ားတယ္ဆိုတဲ့ပုံစံအတိုင္း ဂ႐ုစိုက္သင့္တယ္လို႔ေၾကညာခဲ့တယ္ ဒါ့ေၾကာင့္က်န္းမာေရးဝန္ႀကီးဌာနရဲ႕ၫႊန္ၾကား ခ်က္ေတြအတိုင္း တိတိက်က်လိုက္နာသင့္တယ္” ဟုရွင္သန္ေရးကူညီမႈအသင္း ဥကၠ႒ဦးထြန္းထြန္းဦးကေျပာသည္။

က်န္းမာေရးဝန္ႀကီးဌာနမွ အိုမီခ႐ြန္ေရာဂါပိုးကူးစက္ခံရျခင္းမွကာကြယ္ရန္ ကိုဗစ္(၁၉)ေရာဂါစည္းကမ္းခ်က္မ်ားအား တိက်စြာလိုက္နာ၍ သံ သယေရာဂါ လကၡဏာရွိသူမ်ားအေနျဖင့္ နီးစပ္ရာက်န္းမာေရးဌာနသို႔ ခ်က္ခ်င္းသတင္းေပးပို႔ျခင္း၊ကိုဗစ္(၁၉)ေရာဂါကာကြယ္ေဆးအႀကိမ္ျပည့္ထိုးႏွံျခင္းႏွင့္ ကာကြယ္ေဆးထိုးရန္က်န္သူ မ်ားကို ကာကြယ္ေဆးထိုးႏွံေပးႏိုင္ရန္က်န္းမာ ေရးဌာနသို႔ ဆက္သြယ္ပို႔ေဆာင္ေပးျခင္းတို႔ကို ေဆာင္႐ြက္ေပးရမည္ဟုထုတ္ျပန္ထားသည္။

“အဓိကကေတာ့ မေပါ့ဖို႔ပါပဲ။ကိုဗစ္ကာကြယ္ေဆးထိုးၿပီးၿပီ။ေနခ်င္သလို ေနမယ္ဆိုတာ မျဖစ္သင့္ဘူး။ကာကြယ္ေရးေတြက လုပ္ေနရမွာ။အစဥ္သတိရွိၿပီးေတာ့ ခုဆို အိုမီခ႐ြန္ကလည္း ေတြ႕ေနရၿပီ။၁၀၀ေက်ာ္ၿပီ ဒီေတာ့ ပိုေတာင္သတိထားရအုံးမယ္။ကိုဗစ္က လူမႈစီးပြားေတြ အႀကီးအက်ယ္ထိခိုက္ပါတယ္”ဟု ဆရာဝန္တစ္ဦးကေျပာသည္။

အလားတူ က်န္းမာေရးဝန္ႀကီးဌာနမွေဆာင္႐ြက္ေနသည့္ လုပ္ငန္းမ်ားအား က်ရာက႑မွပူးေပါင္းပါဝင္ေဆာင္႐ြက္ေပးၾကရန္လည္း တိုက္တြန္းႏႈိး ေဆာ္ထားသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071