Saturday, August 8, 2026

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသားများ၏ အခွင့်အရေးများနစ်နာဆုံးရှုံးမှုမရှိစေရေး ဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု...

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံသားများ၏ အခွင့်အရေးများနစ်နာဆုံးရှုံးမှုမရှိစေရေး ဥပဒေနှင့်အညီကာကွယ်စောင့်ရှောက်ပေးသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကပြောကြားသည်။ နိုင်ငံတော်သမ္မတ က ယနေ့ သြဂုတ် ၇ ရက်နံနက်ပိုင်းတွင် မြန်မာသံရုံး၊...

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီး...

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် နိုင်ငံ့အကျိုးစီး ပွားတိုးတက်လာစေရေး နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာဆောင်ရွက်ပြီး နိုင်ငံ့ဂုဏ်မြှင့်တင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ယနေ့ သြဂုတ် ၇...

မြန်မာ-ထိုင်းနှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား ဥပဒေပြုရေးဆိုင်ရာများတွင် အတွေ့အကြုံများအပြန်အလှန်ဖ လှယ်လိုဟု...

မြန်မာ-ထိုင်းနှစ်နိုင်ငံလွှတ်တော်နှစ်ရပ်ကြား၌ ကောင်း မွန်သည့်ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ဆောင်သွားမည်ဖြစ်ကာ ဥပဒေပြုရေးဆိုင်ရာများတွင် အတွေ့အ ကြုံများအပြန်အလှန်ဖလှယ်လိုဟု ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌ မစ္စတာ မုံခွန်း ဆူရာဆာဂျာ ကဆွေးနွေးပြောဆိုသည်။ ထိုင်းနိုင်ငံ၌...

စာသင်ကျောင်းများနှင့် ဆေးရုံများကို ရေပြန်လည်ကျဆင်းချိန်၌ အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေးကြိုတင်ပြင်ဆင်ရန်...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် မြို့နယ်အတွင်း၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်နေသဖြင့် အခြေခံပညာစာသင် ကျောင်းများနှင့် ဆေးရုံများကို ယာယီပိတ်ထားရကြောင်း သိရသည်။ ထို့ကြောင့် ရေများပြန်လည်ကျဆင်းသွားချိန်၌ ယာယီပိတ်ထားရသော...
HomeNewsLocal Newsကိုဗစ်ကာလမှာ ပြည်သူတွေကို ကူညီပေးနေတဲ့...

ကိုဗစ်ကာလမှာ ပြည်သူတွေကို ကူညီပေးနေတဲ့ မေ့ထားလိုမရတဲ့ ပရဟိတလှုပ်ရှားသူများ

ကိုဗစ်တတိယလှိုင်းအတွင်း မြန်မာပြည်သူတွေမှာ ပြောင်းလဲခဲ့တဲ့နိုင်ငံရေးအခြေအနေတွေနှင့် အခြားအခက်အခဲတွေကြောင့် ဆေးရုံ ဆေးခန်း သွားဖို့ အခက်အခဲဖြစ်တာတွေ၊ အလုပ်လက်မဲ့နှုန်းများတာကြောင့် ဆေးဝယ်သောက်ဖို့အဆင်မပြေတဲ့အပြင် ထမင်းတနပ် စားဖို့တောင် အခက်အခဲဖြစ်နေသူတွေ ရှိပါတယ်။

ဒါပေမယ့် ပြည်သူမှပြည်သူကိုကူညီပေးနေတဲ့ ပရဟိတအဖွဲ့အစည်းတွေ အပြင် တနိုင်တပိုင်ကူညီပေးနေတဲ့ ပရဟိတ လှုပ်ရှားသူ တွေကြောင့် အခြေခံ ပြည်သူတွေအနေနဲ့ အခက်အခဲအချို့အဆင်ပြေခဲ့ရပါတယ်။

ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတွေမှာ အသင်းအဖွဲ့တွေနဲ့ ပရဟိတလုပ်ဆောင်ခဲ့တဲ့အပြင် တနိုင်တပိုင်ပါ ပရဟိတအလုပ်တွေ လှုပ်ရှားခဲ့ သူ ဦးဇော်က ကိုဗစ်တတိယလှိုင်းမှာပါ ကူညီဖြစ်ခဲ့ပုံကို အခုလိုပြောပြထားပါတယ်။

“ခုတတိယလှိုင်းက ပြည်သူတွေအတွက် အငိုက်မိသလို ဖြစ်သွားတဲ့အပြင် ပထမလှိုင်း၊ဒုတိယလှိုင်းတွေလို ကြိုတင်ပြင်ဆင်ထားနိုင်ဖို့ အခြေအနေတွေမပေးခဲ့ဘူး။ဒါ့အပြင် အောက်ဆီဂျင်လိုအပ်တဲ့ အခြေအနေ၊ ဆေးရုံ၊ဆေးခန်းသွားဖို့အခက်အခဲအမျိုးမျိုးကြောင့် အိမ်မှာပဲ ကုကြရတာတွေအပြင် ကုသနည်းမမှန်တာတွေကြောင့် အသေအပျောက်တွေများခဲ့ရတယ်” လို့ပြောပါတယ်။

ကိုဗစ်တတိယလှိုင်းအစမှာ အောက်ဆီဂျင် Concentrator အလုံး ၂၀ ကို မိတ်ဆွေတွေနဲ့အတူ စုပေါင်းမတည် ငှါးရမ်းပေးခဲ့ပြီး အောက်ဆီဂျင် နဲ့ Flow meter တွေကိုပါ လှူဒါန်းပေးခဲ့တဲ့ ဦးဇော်က ပရဟိတလှုပ်ရှားသူတယောက်ရဲ့ အခက်အခဲကို ပြောပြထားပါတယ်။

“ပထမလှိုင်း၊ ဒုတိယလှိုင်းတွေလိုမဟုတ်ပဲ ကူးစက်မှုပြင်းထန်တဲ့ တတိယလှိုင်းမှာ ကိုယ့်ကို ဆက်သွယ်လာသူတွေက အရေးပေါ်တွေ ချည်းပဲ။ အဲ့အရေးပေါ်ကိစ္စတွေကို ကိုင်တွယ်ရတာ စိတ်ပင်ပန်းရတယ်။ကိုယ်ကူညီလိုက်လို့ ကျန်းမာရေးကောင်းမွန်တယ် ဆိုရင် အရမ်း ပီတိဖြစ်ရတယ်။ ဒါပေမယ့် အတတ်နိုင်ဆုံးကူညီပေမယ့် ဖိတ်စင်သွားရတဲ့အခါ စိတ်ထဲမှာ အရမ်းခံစားရပြီး စိတ်ဓာတ်တွေ ကျသွား တာမျိုးတွေ ဒီကာလမှာ ကြုံရတယ်။ ဒီတတိယလှိုင်းမှာ နိုင်ငံအနေ နဲ့ပေးဆပ်ရမှု အရမ်းကြီးမားတဲ့အတွက် စိတ်လည်း မကောင်းဘူး” လို့ ပြောပါတယ်။

ကိုဗစ်တတိယလှိုင်းမှာ အောက်ဆီဂျင် လိုအပ်ချက်နဲ့ အသက်ဆုံးရှုံးခဲ့ရသူများတာကြောင့် ပရဟိတ အသင်းအဖွဲ့တွေဟာ အောက်ဆီဂျင်တွေ လှူဒါန်းဖို့ ကြိုးပမ်းခဲ့ကြသလို အောက်ဆီဂျင် plant တွေကိုပါ တည်ဆောက်ပြီး အောက်ဆီဂျင်တွေ ပိုထုတ်နေဖို့ကို ဆောင်ရွက်နေကြတာပါ။

ဒါ့အပြင် ကိုဗစ်ကုသရေးစင်တာတွေကိုပါ ဖွင့်လှစ်ခဲ့ကြပြီး ကိုဗစ်လူနာတွေကို အပြည့်အဝ ကယ်တင်နိုင်ဖို့ ပူးပေါင်းကြိုးစားလျက် ရှိကြပါတယ်။

ပရဟိတသမားတယောက် အနေနဲ့ ရန်သူ၊မိတ်ဆွေမခွဲခြားပဲ ကိုယ့်ရှေ့မှာ ဒုက္ခရောက်နေသူကို ကူညီပေးနိုင်တဲ့စိတ်ထားရှိဖို့နဲ့ လူကို လူလိုပဲမြင်ပေး ဖို့ကိုလည်း ပရဟိတလှုပ်ရှားသူဦးဇော်က အကြံပြုထားပါတယ်။

ခုဆိုရင် စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ပြည်သူတွေကို သက်သာတဲ့ဈေးနှုန်းတွေနဲ့ စားသောက်ကုန်တွေရောင်းပေးနေတဲ့ ပရဟိတ အဖွဲ့တွေ ဟာလည်း တိုင်းနဲ့ပြည်နယ်နယ်အနှံမှာ လှူဒါန်းပေးနေကြသလို တနိုင်တပိုင် သူငယ်ချင်းတွေနဲ့ ပေါင်းလုပ်နေတဲ့ ပရဟိတ လှုပ်ရှားသူတွေဟာလည်း အခက်အခဲဖြစ်နေသူတွေကို ကူညီနိုင်ဖို့ အသင့်ရှိနေကြပါတယ်ရှင်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071