ရန်ကုန်တိုင်း၊ ကိုကိုးကျွန်း၌ လယ်ယာများ၊ ကုန်းမြင့်ယာများဖော်ထုတ်နိုင်ရန် စိုက်ပျိုးရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများကိုစေလွှတ်ပေးမည်ဟု မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ အောက်တိုဘာ ၁၈ ရက်မွန်းလွဲပိုင်းက ကိုကိုးကျွန်းမြို့ရှိ မြို့မိမြို့ဖများနှင့် တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။
မြို့မြေများတိုးချဲ့ရာတွင် စိုက်ပျိုးမြေများမထိခို-က်စေရေး ကြိုတင်စဉ်းစားတွက်ချက်ဆောင်ရွက်ရမည်ဖြစ်ကာ လယ်ယာများ၊ ကုန်းမြင့်ယာများဖော်ထုတ်နိုင်ရန် စိုက်ပျိုးရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများကို စေလွှတ်ပေးမည်ဖြစ်ကာ ဒေသဝမ်းစာပြည့်မီရေးအတွက် ရေ ရှည်ကိုကြည့်၍ စနစ်တကျတွက်ချက်ဆောင်ရွက်ရမည်ဟု မှာကြားသည်။
ကိုကိုးကျွန်းဒေသဖွံ့ဖြိုးတိုးတက်ရေး၊ မြို့ရွာတည်ဆောက်ရေးလုပ်ငန်းများအတွက် တာဝန်ရှိသူများက စနစ်တကျဆောင်ရွက်ရမည်ဖြစ်ပြီး ဒေသမှ အုန်းထွက်ပစ္စည်းများထုတ်လုပ်နိုင်ရန်ဆောင်ရွက်ပေးထားသဖြင့် ယခုထက်ပိုမိုကောင်းမွန်သည့် အုန်းမျိုးများစိုက်ပျိုးနိုင်ရန်လိုသည်ဟု ပြောသည်။
“အုန်းပင်တွေကနေ တန်ဖိုးမြှင့်ထုတ်ကုန်တွေထုတ်လုပ်နိုင်ဖို့အတွက် အသိပညာ၊ အတတ်ပညာတွေလိုအပ်ပါတယ်။ ဒါ့ကြောင့် အတန်းပညာတွေမြင့်မားစေဖို့ဆောင်ရွက်ပေးရပါမယ်။ အတန်းပညာတတ်မြောက်ပြီးသူတွေကို အိမ်တွင်းထုတ်လုပ်မှုလုပ်ငန်းတွေ သင် ကြားပေးမယ်ဆိုရင် ကိုကိုးကျွန်းမြို့မှာ ကုန်ထုတ်လုပ်မှုလုပ်ငန်းတိုးတက်လာမှာဖြစ်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။
ထို့ပြင် ယာယီသမ္မတမှ ကိုကိုးပင်များအား ဒေသ အတွက်အကျိုးဖြစ်ထွန်းစေရန် စိုက်ပျိုးစေခြင်းဖြစ်ရာ ကို ကိုးပင်စိုက်ပျိုးခြင်းများတိုးတက်စေရေးအတွက် မိမိတို့ကိုယ်တိုင်ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကာ ဒေသဝင်ငွေတိုးတက်ရရှိရေးအတွက် ဒေသတွင်နေထိုင်သူများကကြိုးပမ်းဆောင်ရွက်ကြရမည်ဟု ယာယီသမ္မတက ပြောကြားခဲ့သည်။
