Sunday, December 14, 2025

မင်းလက်ပံဖြစ်စဥ်သည် KNU ၏ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကျူးလွန်ပြီး...

မင်းလက်ပံ၌ဖြစ်ပွားခဲ့သော ပြည်ပနိုင်ငံသားများကို KNU မှ ပ-စ်ခတ်ခဲ့မှုနှင့်ပတ်သက်ကာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ယနေ့ ဒီဇင်ဘာ ၁၄ ရက်နံနက် ၁၀...

မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသည့် အွန်လိုင်းလောင်းကစားမှုများ၊ လိမ်လည်မှုများကို...

ပြည်သူများအနေဖြင့် သက်ဆိုင်ရာကို သတင်းပေးကာ ပူးပေါင်းပါဝင်ပေးရန် တိုက်တွန်း မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသည့် အွန်လိုင်းလောင်းကစားမှုများ၊ လိမ်လည်မှုများကို ပြတ်ပြတ်သားသားနှိမ်နင်းသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၄ ရက်က ကျင်းပသည့်...

ဒီဇင်ဘာလတွင် နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၅၉)...

ယခု ဒီဇင်ဘာလတွင် နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၅၉) စင်း ဝင်ရောက်ဆိုက်ကပ်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။ ကုန်သွယ်မှုလုပ်ငန်းများကို ပင်လယ်ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းမှ ပိုမိုဆောင်ရွက်နေပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့ အပြည်ပြည်ဆိုင်ရာ...

နှစ်ပေါင်း(၁၅၂)နှစ်သက်တမ်းရှိ ဘုန်းတော်ကြီးကျောင်းဆောင်မီးလောင်မှုတွင် ခေါင်းဆေးကျွန်းဆရာ တော်ကြီး၏ရုပ်ထုတော်ပျက်စီးခြင်းမရှိခဲ့

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ခေါင်းဆေးကျွန်းမှ နှစ်ပေါင်း(၁၅၂)နှစ်သက်တမ်းရှိ ရှေးဟောင်းဘုန်းတော်ကြီးကျောင်းဆောင်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်နံ နက် ၈ နာ ရီခန့်က...
HomeNewsLocal Newsကားတိုက်ခံရပြီးကွယ်လွန်ခဲ့သည့် MRTV 4...

ကားတိုက်ခံရပြီးကွယ်လွန်ခဲ့သည့် MRTV 4 ၏ ခင်ပျိုမဒီအစီအစဥ်ပဲ့ကိုင်ရှင် မနန်းမေမွန်မောင် အား မနက်ဖြန်တွင် ရေဝေးသုဿန်၌မီးသဂြိုလ်မည်

ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းမပေါ် ၁၀၆ မှတ်တိုင်နှင့် ချော်တွင်းကုန်းမှတ်တိုင်ကြားတွင် MRTV 4 ၏ ခင်ပျိုမဒီအစီအစဥ်ပဲ့ကိုင်ရှင် မနန်းမေမွန်မောင်(၃၈)နှစ်သည် အောက်တိုဘာ ၂ ရက်ညပိုင်းက ကားတိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာများရရှိပြီး ယင်းနေ့ည ၁၀ နာရီ ၄၀ မိနစ်၌ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

ကားတိုက်ခံရပြီးချိန်၌ မနန်းမေမွန်မောင်မှာ ထိခိုက်ဒဏ်ရာများ(စိုးရိမ်ရ)ရရှိထားသဖြင့် မိုးစေတနာပရဟိ တအသင်း(ရန်ကုန်)နှင့် လူငယ်ရိပ်မွန်(Y.I.C)အသင်းတို့မှကူညီမှုများပြုလုပ်ပေးခဲ့ကြပြီးနောက် မြောက်ဥက္ကလာဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ပို့ဆောင်ပေးခဲ့ကြသော်လည်း မနန်းမေမွန်မောင်မှာ ပြင်းထန်စွာထိခိုက်ဒဏ်ရာများရရှိထားမှုကြောင့် ည ၁၀ နာရီ ၄၀ မိနစ်တွင်ကွယ်လွန်သွားခဲ့သဖြင့် ရုပ်အလောင်းအား မနက်ဖြန် အောက်တိုဘာ ၄ ရက်ညနေ ၄ နာရီခွဲတွင် ရေဝေးသုဿန်၌မီးသဂြိုလ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မနန်းမေမွန်မောင်၏ ရက်လည်ဆွမ်းသွပ်တရားတော်နာယူခြင်းနှင့် ၎င်းအတွက်ကောင်းမှုကုသိုလ်ပြုလုပ်ပေးခြင်းကိုလည်း အောက်တိုဘာ ၈ ရက်နံနက်ပိုင်းတွင် မရမ်းကုန်းမြို့နယ်၊ ၉ ရပ်ကွက်၊ ရွာမလမ်း၊ အမှတ်(၂၈၂)၊ ၆ လွှာတွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မင်းလက်ပံဖြစ်စဥ်သည် KNU ၏ အွန်လိုင်းလိမ်လည်လောင်းကစားမှုများကျူးလွန်ပြီး ၎င်းတို့နှင့်ပတ်သက်မှုမရှိကြောင်းကိုပြသလိုသောလုပ်ကွက်ဖြစ်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

မင်းလက်ပံ၌ဖြစ်ပွားခဲ့သော ပြည်ပနိုင်ငံသားများကို KNU မှ ပ-စ်ခတ်ခဲ့မှုနှင့်ပတ်သက်ကာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ယနေ့ ဒီဇင်ဘာ ၁၄ ရက်နံနက် ၁၀ နာရီက ရန်ကုန်မြို့၌ကျင်းပသည့် နိုင်ငံတော်အစိုးရ၏ အမျိုးသားအဆင့် အွန်လိုင်းလိမ်လည်မှု အမြစ်ပြတ်နှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ "မင်းလက်ပံကိစ္စက KNU အနေနဲ့ အွန်လိုင်းလိမ်လည်မှုတွေကို သူတို့ကျူးလွန်ပြီးနောက်ပိုင်းမှာ အွန်လိုင်းလိမ်လည်မှုနဲ့ သူတို့မပတ်သက်ပါဘူးဆိုတာကို ပြချင်တဲ့လုပ်ကွက်တစ်ခုပဲဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေကို အမြစ်ပြတ်အောင်ချေမှုန်းနေတဲ့အပေါ်မှာ အာရုံပြောင်းဖို့အတွက်ဖြစ်ပါတယ်။ သူတို့တွေဟာ တစ်ချို့နေရာတွေမှာ ဟန်ပြသိမ်းပိုက်ပြီး သူတို့ထဲထဲဝင်ဝင်ပါဝင်ပတ်သက်နေတဲ့အကြောင်းကို လူမသိအောင်လုပ်ဖို့ ဆောင်ရွက်တာဖြစ်ပါတယ်" ဟု...

မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသည့် အွန်လိုင်းလောင်းကစားမှုများ၊ လိမ်လည်မှုများကို ပြတ်ပြတ်သားသားနှိမ်နင်းသွားမည်

ပြည်သူများအနေဖြင့် သက်ဆိုင်ရာကို သတင်းပေးကာ ပူးပေါင်းပါဝင်ပေးရန် တိုက်တွန်း မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသည့် အွန်လိုင်းလောင်းကစားမှုများ၊ လိမ်လည်မှုများကို ပြတ်ပြတ်သားသားနှိမ်နင်းသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၄ ရက်က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။ "အွန်လိုင်းလောင်းကစားဆိုတာ နည်းပညာပိုင်းဆိုင်ရာတွေရော လုပ်ဆောင်တဲ့သူတွေရော ရှုပ်ထွေးမှုနှစ်ခုပေါ့၊ နံပါတ်တစ်က နည်းပညာပိုင်းဆိုင်ရာပေါ့၊ နံပါတ်နှစ်ကတော့ လုပ်ဆောင်တဲ့သူတွေပေါ့၊ နံပါတ်တစ်က နည်းပညာပိုင်းဆိုင်ရာဆိုတာက ဒီအွန်လိုင်းလောင်းကစားမှုကို ဒီနေရာမှာနှိမ်နင်းလိုက်ပေမယ့် နည်းပညာပိုင်းဆိုင်ရာ တချို့သောအချက်အလက်တွေကို ဒီအထဲမှာ ဖျ-က်ဆီးလိုက်တာဖြစ်တယ်၊ ဒီအပေါ်မှာရှိတဲ့ဟာကို ဖျ-က်ဆီးလိုက်နိုင်တာမဟုတ်ဘူး၊ ဥပမာပြောရရင် အချက်အလက်တွေပေါ့၊ cloud နည်းပညာနဲ့ အင်တာနက်ထဲမှာတင်ထားတဲ့အချက်အလက်တွေကို ခင်ဗျားတို့လည်း...

ဒီဇင်ဘာလတွင် နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၅၉) စင်း ဝင်ရောက်ဆိုက်ကပ်မည်

ယခု ဒီဇင်ဘာလတွင် နိုင်ငံတကာ ကုန်သေတ္တာတင်ယာဉ် (၅၉) စင်း ဝင်ရောက်ဆိုက်ကပ်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။ ကုန်သွယ်မှုလုပ်ငန်းများကို ပင်လယ်ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းမှ ပိုမိုဆောင်ရွက်နေပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့ အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာတင်သင်္ဘောများ လစဉ်ပုံမှန်ဝင်ရောက်ဆိုက်ကပ်လျက်ရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း နိုင်ငံတကာကုန်သေတ္တာတင်ယာဉ် (၆၇၂) စင်း ဝင်ရောက်ဆိုက်ကပ်ခဲ့ကြောင်း၊ ထို့ပြင် ၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း ပြည်တွင်းသို့ နိုင်ငံတကာကုန်သေတ္တာတင်ယာဉ် (၆၃၃) စင်း ဝင်ရောက်ဆိုက်ကပ်ခဲ့ကြောင်း သိရသည်။ ရန်ကုန်ဆိပ်ကမ်းဧရိယာတွင် အပြည်ပြည်ဆိုင်ရာ ရေယာဉ်ကြီးများဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတံတား (၂၇) စင်း၊ ရန်ကုန်သီလဝါအပြင် ဆိပ်ကမ်းဧရိယာတွင် ဆိပ်ကမ်းတံတား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071